ဇနီးဖြစ်သူ ဆုဒါလီကို အနုပညာအလုပ်တွေလုပ်ခွင့်ပြုထားပါတယ် ဆိုတဲ့နေထက်လင်း

0
508


သရုပ်ဆောင်နေထက်လင်းက ဆရာမမေသင်္ကြန်ဟိန်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်တဲ့ မုန်တိုင်းကို ရင် ဆိုင်ကြ သူများ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အပြင်မှာ တကယ်ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးတာဖြစ်တဲ့ အတွက် သူ့အနေနဲ့ သရုပ်ဆောင်ရတာ တာဝန်ကြီးတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲမှာ နေထက်လင်းရဲ့ ဇနီးဖြစ်သူ ဆုဒါလီလည်း ပါဝင်သရုပ်ဆောင်မှာပါ။ ဇနီးဖြစ်သူ ဆုဒါလီက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာလောကနဲ့ဝေးကွာသွားခဲ့တာကြောင့် ခင်ပွန်းဖြစ်သူက ရိုက်ကူးခွင့်မပေး တော့တာကြောင့်များလားဆိုတဲ့ အထင်အမြင်တွေလည်း ရှိနေပါတယ်။ ပရိသတ်တွေ ထင်မြင်နေကြသလိုမဟုတ်ဘဲ ဇနီးဖြစ်သူကို အနုပညာ အလုပ်တွေ လုပ်ခွင့်ပြုထားပါတယ်လို့ဆိုတဲ့ နေထက်လင်း က. . .

”ကျွန်တော်ကတော့ ရိုက်ကူးခွင့်ပြုထားပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ကလေးမွေးတာနဲ့ဆိုတော့ နားလိုက်ပြန်ရိုက် လိုက်နဲ့ဆိုတော့ ရိုက်ကူးရေးကျဲသွားတာပါ” လို့ဆိုပါတယ်။ ဇာတ်ကား တွေ ရိုက်ကူးမှု ကျဲပါးသွားခဲ့တဲ့ နေထက်လင်းက ပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့ရတာက ပုဂ်္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံ တွေ့ရတာကြောင့်လို့ ဆိုပါတယ်။

”အဘက်ဘက်က တိုက်ခိုက်ခံ ရတာလည်း ပါပါတယ်။ အနုပညာသမားကတော့ ၂၀ ရာခိုင်နှုန်းပဲပါပါတယ်။ မိသားစု family life က တိုက် ခိုက်တာလည်း ခံရတယ်။ ကိုယ့်တပည့်သား သမီးတွေက တရားစွဲတာတွေကြောင့်လည်း ပါတယ်။ ကိုယ်မွေးထားတဲ့ တပည့်တချို့မှာ ဆိုးတဲ့လူတွေရှိတယ်။ ညီအစ်ကို အချင်းချင်း လည်း ရှိတယ်။ ပုဂ်္ဂိုလ်ရေးအရ တိုက်ခိုက်ခံရ တာပါ”လို့ နေထက်လင်းက ပြောပါတယ်။ အခုလို တိုက်ခိုက်ခံရပေမယ့် ဘာသာရေးနဲ့ပဲ ရပ်တည်နေထိုင်သွားပါတယ်လို့ ဆိုပါတယ်။ နေထက်လင်းရဲ့ သားကြီးဖြစ်သူ ထက်လင်း အောင်က အနုပညာကို ၀ါသနာပါသူဖြစ်ပြီး အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုအဖြစ်ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ သားကတော့ သူ့ဘ၀ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အနာဂတ်တစ်ခုဖြစ်လာပါလိမ့် မယ်လို့ဆိုပြီး အကောင်းဆုံးပံ့ပိုးပေးသွားမှာပါ” လို့ ဆိုပါတယ်။ သားကိုတော့ အနုပညာနဲ့ပတ်သက်ပြီး သင်ပေးစရာတွေ အများကြီးရှိသလို အခက်အခဲတွေကြုံ တွေ့လာရင်လည်း ကာကွယ်ပေးသွားမယ်လို့ဆိုတဲ့ နေထက်လင်းက …

”သင်ပြပေးရမှာတော့ အများ ကြီးပါ။ အနုပညာလောကမှာ တိုက်ခိုက်ခံရတာတွေ ကလည်း အများကြီးပဲ။ ဘေးနားက လုပ်ဖော်ကိုင် ဖက်ကအစ အကုန်လုံး သတိထားရတယ်။ ကိုယ့် နေရာလုမယ့် လူကအစ၊ ဇာတ်လမ်းနေရာလုမယ့် လူက အစ၊ ဒါရိုက်တာတွေနဲ့ အထင်လွဲအောင်လုပ် မယ့် သူကအစ အများကြီးပါ။ ထုတ်လုပ်သူနဲ့ အဆင်မပြေအောင် ကြားထဲက တိုက်ခိုက်ခံရတာ တွေ၊ မင်းသမီးတွေကြားထဲမှာ နာမည်ပျက်အောင် လုပ်တဲ့သူတွေ ဒါတွေကိုပြောရရင်တော့ အများ ကြီးပါ။ သားကို အနီးကပ်စောင့်ရှောက်ပေး သွားမှာပါ”လို့ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here