ထိုင်းလိုစကားပြောရမယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ထိုင်းစာသင်ခဲ့ရတဲ့ ပက်ထရစ်ရှာ

0
460


ပက်ထရစ်ရှာအနေနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေမှာ သိပ်မတွေ့ရဘူး။ ပရိသတ်အမြင်မှာ ပျောက်နေတယ်ပေါ့နော်။ အခုရုပ်ရှင်ရိုက်ကူးမှုအနေနဲ့ ‘မဖဲဝါ’ ရုပ်ရှင်ဇာတ်ကားမှာ သူမကို တွေ့ရမယ်။ ထိုင်းက ဒါရိုက်တာအဖွဲ့နဲ့ ရိုက်ကူးမယ်။ မြန်မာဘက်က ရဲအောင်၊ မေသဉ္ဇာဦး၊ ခါရာ၊ လီလီကျော်ခိုင်၊ နော်ဖောအယ်ထားတို့နဲ့အတူ ပက်ထရစ်ရှာလည်း ပါဝင်မယ်။ သူမက ဒီဇာတ် ကားမှာ လေယာဉ်မယ်တစ်ဦးအနေနဲ့ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဘာသာစကားအနေနဲ့ မြန်မာဘာသာစကားရော၊ ထိုင်းဘာသာစကားပါ ပြောရမယ့်အတွက် ပက်ထရစ်ရှာ ဘယ်လိုလေ့လာဖြစ်လဲဆိုတာကို …

”ဒီကားထဲမှာ အခက်ဆုံး အပိုင်းက ညီမတာဝန်ယူရတာဆိုရင် ညီမက ထိုင်းလိုလည်း ပြောနေကျလူမဟုတ်ဘူး။ ဒါပေမဲ့ ဒီအထဲမှာ ထိုင်းစာတွေ၊ ထိုင်းဒိုင်ယာလော့ခ်တွေ အရှည်ကြီးကို ညီမသင်ရတယ်ပေါ့နော်။ အဲဒီတော့ ကျက်ရုံတင် မဟုတ်ဘူး။ သူက ဒီအဓိပ္ပာယ် ထိုင်းစကားတွေကိုပါ နားလည် အောင် ထိုင်းစာသင်ပေးတဲ့ မြန်မာဘက်ကပေါ့နော်။ ဆရာမနဲ့ ထိုင်းစာတွေပါ သင်နေရပါတယ်။ အဲဒါတော့ တော်တော်တာဝန်ကြီးတယ်။ ခေါင်းစား နေတယ်”လို့ ပက်ထရစ်ရှာက ပြောပါတယ်။ ‘မဖဲဝါ’ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တာကတော့…

”နာမည်လေးက ကြောက်ဖို့ကောင်းတယ်။ ဒီဇာတ်ညွှန်းဖတ်နေတဲ့အချိန် မှာဆိုရင် ညဘက်မဖတ်ရဲဘူး။ ကြောက်လို့။ နာမည်လည်း စီးတယ် ဆိုတော့ လေ။ အဲဒီလိုမျိုးလည်း ရှိတယ်ဆိုတော့ နည်းနည်း ကြောက်တယ်ပေါ့နော်။ အခုဒီဇာတ်ကားက ထိုင်းနဲ့ပူးပေါင်းပြီး ရိုက်တာဖြစ်တယ်။ ထိုင်းက သရုပ်ဆောင်တွေရော၊ နောက်ပြီးတော့ ထိုင်းက ဒါရိုက်တာ အဲဒီလိုမျိုးရိုက်ကူး တာပေါ့နော်။ ဒါပထမဦးဆုံးရိုက်ကူး တာပေါ့။ တခြား ဗျငညေ နိုင်ငံတချို့မှာလည်း ရုံတင် ပြသမယ့်ကားလေးဆိုတော့ ညီမ အတွက်ကောင်းတဲ့ ကားလေးတစ်ကားဖြစ် လို့ ညီမလက်ခံရိုက်ကူးဖြစ်တာပါ”လို့ ပက်ထရစ်ရှာက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here