မြန်မာ့ဇာတ်သဘင်နဲ့သဘင်လုပ်သားရှားပါးမှု မည် သို့ အ ဖြေ ရှာ ကြ မည် နည်း

0
171


ယနေ့စူပါတန်းဝင် ဇာတ် သဘင်ကြီးတချို့နှင့် ဇာတ်လတ်တန်း ဇာတ်အဖွဲ့ တချို့ Fb ကနေပြီး လို အပ်လျက်ရှိသော သဘင်လုပ်သားများ ကို ဖိတ်ခေါ်၍ အလုပ်ခေါ်နေကြရ သည်ကို မြင်တွေ့ကြားသိနေရပေသည်။
ဇာတ်သဘင်တစ်ဖွဲ့ ဖြစ်ဖို့ အဓိ က ခေါင်းဆောင်မင်းသား တစ် ယောက်ကို ပံ့ပိုးအသက်သွင်း ကူညီ ပေးကြမည့် သဘင်လုပ်သားများ ဖြစ် ကြသည့်
စတိတ် (ကန့်လန့်ကာများနှင့် ဇာတ်ဝင်အခမ်းအနား ဆက်တင်များ ကို တာဝန်ယူရသည့်လုပ်သား ပညာ ရှင်များ)၊
မီး (ဇာတ်အဖွဲ့ရဲ့ တစ်ညတာ ဖျော်ဖြေရေးများတွင် စင်ပေါ်မှ ပညာရှင်များကို လှပအောင်အရောင် အသွေးများဖြင့် ပံ့ပိုးကူညီပေးကြရ သည့် ပညာရှင်များ)၊
ယိမ်းမင်းသမီး၊ ယိမ်းမင်းသား (ဇာတ်တစ်ဖွဲ့၏ အက အလှပဒေသာ များ အော်ပရာ ပြဇာတ်များတွင် လို အပ်သည့် ဇာတ်ရုပ်များကို ပံ့ပိုးကူညီ ပေးကြရသည့် ပညာရှင်များ)
လူရွှင်တော် (ဇာတ်တစ်ဇာတ်ရဲ့ ဇာတ်ပို့နှင့် ရီစရာဟာသများကို တစ် ညတာအတွက် ပရိသတ်ရယ်မော အောင် အဓိကတာဝန်ယူရသည့် ဟာသပညာရှင်များ)
ဇာတ်ပို့ဆိုင်း (ဇာတ်သဘင် တစ်ဖွဲ့အတွက် မြန်မာမှုအနုပညာ များဖြင့် ပံ့ပိုးပုံဖော်ပေးရသော ပညာ ရှင်များ)
ထိုကဲ့သို့ မြန်မာ့ဇာတ်သဘင် အဖွဲ့များရဲ့ လုပ်သားများရှားပါးလာ မှုအတွက် လုပ်သားများထုတ်လုပ်ပေးဖို့ စက်ရုံတစ်ရုံတော့ လိုအပ်လာပေပြီ။
(သုံးစွဲ သူရှိပြီး ထုတ်လုပ်ပေးမည့် စက်ရုံမရှိတော့ ပစ္စည်းပြတ်သည့် ပြဿနာ)
မည်သို့ကြံဆောင်ကြမည်နည်း . . .
နိုင်ငံတော်ရဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုတက္က သိုလ် အနုပညာဦးစီးဌာနက သဘင်ပညာရပ်နဲ့ ကျောင်းဆင်းတဲ့ ကလေးတွေကို သဘင်လုပ်သား ရှားပါးမှုအတွက်အထောက်အပံ့ အကူအညီများပေးနိုင်ဖို့ တောင်းဆိုကြမလား
ဒါမှမဟုတ် မြန်မာနိုင်ငံသဘင် အစည်းအရုံးဗဟိုက ဦးဆောင်ပြီး လိုအပ်နေတဲ့ သဘင်အတွက် လုပ်သားအလွှာအသီးသီးများကို သင်တန်း ကျောင်းအသွင်ဖြင့် ဘယ်အဖွဲ့အစည်းမှ အားမကိုးဘဲ ကိုယ်အားကိုယ်ကိုး အကောင်ထည်ဖော်ကြမလား . . .
မည်သို့လုပ်ဆောင်ကြလျှင် ကောင်းမည်နည်း . . .
တစ်ခုခုတော့ အဖြေထုတ်သင့်ပေပြီ သို့မှသာ မြန်မာ့ဇာတ်သဘင် ရေရှည် တည်တံ့ခိုင်မြဲဖို့ စိတ်ချရပေတော့မည်။
(သဘင်ကို မြတ်နိုးသူ တန်ဖိုး ထားသူတစ်ယောက်အနေနဲ့ စိတ်ထဲပေါ် လာတာလေး ရေးမိခြင်းသာ)

ကောင်းကျော်(လူရွှင်တော်)


LEAVE A REPLY

Please enter your comment!
Please enter your name here