သရုပ်ဆောင် သင်တန်းတင်မကဘဲ အဆိုသင်တန်းတွေပါ ထပ်တက်နေတယ် ဆိုတဲ့ ခြူးလေး

0
351


ဗီဒီယိုဇာတ်ကားတွေ အရိုက်နည်းပြီး အများကြီးမထွက်ဖြစ်တာကြောင့် ပရိသတ်တွေက ရုပ်သံဇာတ် လမ်းတွဲ တွေကိုအကြည့်များကာ ပိုပြီးအားပေးလာကြပါတယ်။ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုလာပါတယ်။ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင် ရင်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာသူကတော့ ခြူးလေးပါ။ သရုပ်ဆောင်ပီပြင်မှု၊ ပရိသတ် တွေအပေါ် တန်ဖိုးထားမှု၊ ချစ်စဖွယ်အမူအရာ ဟန်ပန်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာသူလည်းဖြစ်ပါတယ်။ ပရိသတ်တွေကို အနုပညာနဲ့ပတ်သက်ပြီး တင်ဆက်ချင်တာတွေ ရှိသေးတာကြောင့် အနုပညာသင်တန်းတွေ တက်ဖြစ်နေတယ်ဆိုတာကိုလည်း ခြူးလေးက အခုလို ပြောပြပါတယ် . . .

”ခြူး အနုပညာနဲ့ပတ်သက်တဲ့ အိုက်တင်Training တက်နေတယ်။ ခြူးတို့ကို MRTV-4 ကသင်ပေးတာ။ ဒီလထဲမှာတော့ ခြူးသင်တန်းတွေပဲ တက်ဖြစ်မယ်။ ခြောက်လပိုင်းထဲမှာတော့ ခြူး ပထမဆုံးအနေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ကားကြီး ကမ်းလှမ်းခံထားရတာရှိတယ်။ အဲဒီကားကြီးကို ခြူးခြောက် လပိုင်းထဲမှာ ရိုက်ကူးမယ်။ ခြူးအဆိုသင်တန်းတွေလည်း တက်နေတယ်။ အဆိုသင်တန်းတက်တယ် ဆိုတာက သီချင်းခွေထွက်ဖို့တော့ မဟုတ်ပါဘူး။ နယ်တွေသွားရင် သီချင်းတွေဆိုရတဲ့ပွဲ တွေရှိတယ်။ နည်းနည်းပါးပါး တက်ထားမှ ပရိသတ်တွေလည်း ကိုယ်သီချင်း ဆိုတာကို နားထောင်ရတဲ့အချိန် သူတို့လည်း ပိုအဆင်ပြေမယ်ထင်လို့ သင်တန်းတွေ တက်ဖြစ်နေ တာပါ ”လို့ ပြောပြပါတယ်။
ခြူးလေးက သင်္ကြန်တွင်းမှာလည်း မယ်သီလရှင် ၀တ်ခဲ့ပါတယ်။ အကြိုနေ့မှစပြီး နှစ်ဆန်း ၁ ရက် နေ့အထိ ၅ ရက်တိုင်တိုင် သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။ ကတုံးနဲ့ ခြူးလေးရဲ့ ဖက်ရှင်က လည်း တအားတွေ မိုက်နေပါတယ်။ မယ်သီလရှင် ၀တ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း ခြူးလေး က အခုလိုပြောပြခဲ့ပါသေးတယ် . . .

”တစ်ခါမှလည်း သီလရှင်မ၀တ်ဖူးတော့ ဒီတစ်ခါသီလရှင်ဝတ်ချင်တဲ့စိတ်လည်း ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာတာနဲ့ ၀တ်ဖြစ်သွားတာပါ။ ကတုံးတုံး လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မျောက်အုန်းသီးရထားသလိုပဲ။ အမြဲတမ်းပွတ်နေတာ၊ ပွတ်လို့ ကောင်းလို့။ ဦးထုပ်ဆောင်းပြီး အပြင်သွား ဦးထုပ်ချွတ်ပြီးတာနဲ့ ခေါင်းလေးကို ပွတ်လိုက်တာနဲ့ အေးနေတာပဲ။ အမြဲတမ်းကတုံးတုံးထားပြီး ဆံပင်တုတွေပဲ ထည်လည်းဝတ်ရင်ကောင်းမလားလို့ တောင် စဉ်းစားမိတယ်။ ဆံပင်ကိုတော့ မနှောမြောဘူး။ တကယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ် လိုက်ရတာဖြစ်တဲ့အတွက် စိတ်ချမ်းသာတယ်။ တော်တော်များများကလည်း ကတုံးနဲ့ လိုက်တယ်လို့ လည်း ပြောကြတယ်။ အခု ခြူးလေးရဲ့ ကတုံးနဲ့ပုံစံကိုလည်း တော်တော်များများကချစ်ကြတဲ့ အတွက်လည်း ပျော်ပါတယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။

သတင်း၊

ဓာတ်ပုံ – ခိုင်ဝါ၀င်း


LEAVE A REPLY

Please enter your comment!
Please enter your name here