ဘရက်ပစ်နဲ့ ဇနီးဟောင်း ဂျနီဖာ အနစ္စတန် ပြန်ပြောင်းထုတ်တော့မှာလားဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေ

0
205


၂၀၀၅ ခုနှစ်ကတည်းက တရား ၀င်ကွာရှင်းခဲ့ကြတဲ့ မင်းသား ဘရက် ပစ်နဲ့ မင်းသမီးချော ဂျနီဖာအနစ္စ တန်တို့ နှစ်ဦးရဲ့ ဒီဘက်လပိုင်းတွေ မှာ မကြာခဏဆိုသလို တွေ့ဆုံမှု တွေအပေါ် သံသယဆင့်ပြီး ပြန် ပေါင်းထုတ်ကြတော့မှာလားလို့ ပရိ သတ်တွေက စိတ်ဝင်တစားစောင့် ကြည့်နေကြပါတယ်။ သူတို့နှစ်ဦးကွဲ ကွာပြီးတဲ့နောက် ဘရက်ပစ်က အိန်ဂျလီနာဂျိုလီနဲ့ ဖူးစာပါခဲ့ပြီး သားသမီးအရင်းရော၊ မွေးစားက လေးတွေ အပါအ၀င် ကလေး ၆ ယောက်ရဲ့ ဖခင်ဖြစ်ခဲ့ပါတယ်။ ဒါပေ မဲ့ ဒီနေ့အချိန်မှာတော့ ဂျိုလီနဲ့လည်း ရေစက်ကုန်သွားပြန်ပြီမို့ သားသမီး တွေ ကိစ္စနဲ့ကလွဲပြီး ဂျိုလီနဲ့ ဆက်ဆံ ရေးက အေးခဲသွားခဲ့ပြီဖြစ်ပါတယ်။

အခုလို ဘရက်ပစ်နဲ့ ဂျနီဖာတို့ နှစ်ဦးရဲ့ သတင်းအစ မြစ်ဖျားခံခဲ့တာ က ၂၀၁၈၊ ဖေဖော်ဝါရီတုန်းက ကျင်းပခဲ့တဲ့ ဂျနီဖာရဲ့ မွေးနေ့ကို ဘရက်ပစ်တစ်ယောက် တက်ရောက် ခဲ့ပြီး ပျော်ရွှင်နေတဲ့ ပုံတွေ ပျံ့နှံ့သွား ရာကတစ်ဆင့် ဒီသတင်း ထွက်လာ ခဲ့တာပါ။ အဲဒီတုန်းက ဘရက်ပစ်ဟာ လူသိမခံချင်တဲ့အတွက် မွေးနေ့လက် ဆောင်ကို ဂျနီဖာဆီကြိုပြီးပေးထား တယ်လို့လည်း သိရပါတယ်။ ဂျနီဖာ ကလည်း ဒီကြားထဲမှာ မင်းသားဂျပ် စတင်ရိုသီရို့နဲ့ ၂ နှစ်လောက် ပေါင်း သင်းခဲ့သေးတာဖြစ်ပါတယ်။
ဒီနေ့အချိန်မှာတော့ ဘရက်ပစ် က ၅၅ နှစ်နဲ့ ဂျနီဖာ ၅၀ နှစ်အရွယ် တွေ ရှိနေကြပြီဖြစ်ပါတယ်။

Ref : BBC


LEAVE A REPLY

Please enter your comment!
Please enter your name here