ရုပ်ရှင်မျိုးဆက်သစ်တွေက တအားတော်လာတယ်လို့ ချီးကျူးစကားဆိုလိုက်တဲ့ဦးဇော်မင်း(မင်္ဂလာ)

0
185


မင်္ဂလာရုပ်ရှင်ရုံတွေဟာ ၁၉၉၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပါ တယ်။ အဲဒီတုန်းက ရန်ကုန်မြို့ သိမ် ကြီးဈေးမှာ ဖွင့်လှစ်ထားပြီး ယနေ့ ထက်ထိ ပြသနေဆဲဖြစ်တဲ့ မင်္ဂလာ ရုပ်ရှင်ရုံ တစ်ရုံတည်းကနေ မင်္ဂလာ ရုပ်ရှင် ကုမ္ပဏီကိုစခဲ့သူက အခု နောက်ပိုင်းမှာ နာမည်ကျော်ပုဂ်္ဂိုလ် တစ်ဦးဖြစ် လာတဲ့ ဦးဇော်မင်း (မင်္ဂလာ)ပဲဖြစ်ပါတယ်။ အဲဒီကနေ စတင်ခဲ့ရာက အခုချိန်ထိနှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ပြီး နောက်လက် ရှိအချိန်မှာတော့ အဆင့်မြင့် ရုပ်ရှင် ရုံပေါင်း ၂၇ ရုံအထိ ပိုင်ဆိုင်နေပြီ ဖြစ်တဲ့ မင်္ဂလာကုမ္ပဏီ ဖြစ်လာခဲ့ပါ တယ်။ အခုလက်ရှိအချိန်ထိလည်း မင်္ဂလာရုပ်ရှင်ရုံအုပ်စုမှာ တင်ခွင့်ရ တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ရုံတင် ၀င်ငွေ ကောင်းနေကြဆဲ ဖြစ်ပါတယ်။ မင်္ဂလာကုမ္ပဏီဟာ ရန်ကုန်မြို့လယ် ခေါင်မှာ အချက်အချာ အကျဆုံးဖြစ် တဲ့ သမ္မတရုပ်ရှင်ရုံ၊ နေပြည်တော် ရုပ်ရှင်ရုံနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံတွေကို ပါ ပိုင်ဆိုင်ထားနိုင်တာမို့ ရုပ်ရှင်ထုတ် လုပ်သူအများစုက မျက်စေ့ကျရတဲ့ ရုပ်ရှင်အုပ်စုဆိုရင်လည်း မမှားပါ ဘူး။

ခေတ်တွေ ပြောင်းလဲသွားပြီးတဲ့ နောက် အချိန် ဇာတ်ကားရုံတင်ပြသမှု စနစ်တွေကလည်း ပြောင်းသွားခဲ့ တယ်။ အခုဆိုရင်ရုံရှင်နဲ့ ဇာတ်ကား ပိုင်ရှင်တို့ ညှိနှိုင်းပြီး ရုံရှင်ကြိုက်မှ ရုံတင် ခွင့်ရလာတဲ့ ပုံစံစနစ်မျိုးကို ရောက် လာခဲ့တယ်။ ပြိုင်ဘက်ရုပ်ရှင် အုပ်စုတွေလည်း ပေါ်ပေါက်လာခဲ့ တာမို့ မိမိရုံမှာတင်တဲ့ ရုပ်ရှင်ဇာတ် ကားဟာ ပရိသတ်ကြိုက်နှစ်သက်ဖို့ အဓိကကျ လိုအပ်လာပါတယ်။ ပရိ သတ်ဝင်မှ ရုံတင်ဝင်ငွေဟာလည်းများ ပြားမှာ ဖြစ်တာကြောင့် ဇာတ်ကား ကောင်းဖို့နဲ့ ပရိသတ်အကြိုက်ဖြစ် ဖို့က ထပ်တူအချိုးကျလာပါတယ်။
မိမိရဲ့ ရုပ်ရှင်ရုံမှာ တင်တဲ့ ကား မကောင်းဘူးဆိုတာနဲ့ တခြားရုပ်ရှင်ရုံ တွေမှာ ပရိသတ်က စိတ်ကြိုက်ရွေး ချယ်ခွင့်ရှိလာတဲ့ ယနေ့ခေတ် ရုပ်ရှင် အပြောင်းအလဲမှာ ရုပ်ရှင်ရုံပိုင်ရှင် တွေဟာ သေချာကို တွက်ချက်ပြီး ဇာတ်ကားတွေကို ရွေးချယ်ပြသ နေကြရတာဖြစ်ပါတယ်။
အဲဒီတော့ မင်္ဂလာရုပ်ရှင်ကုမ္ပ ဏီရဲ့ ပဲ့ကိုင်ရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဇော် မင်းမင်္ဂလာက ဘယ်လို ရုပ်ရှင်ဇာတ် ကားတွေဟာ သူတို့ရုံရှင်တွေအတွက် အကြိုက်ဖြစ်မလဲ ဆိုတာကတော့. . .

”ကျွန်တော်တို့က ဈေးကွက်မား ကတ်တစ်ခုကို ကြည့်လိုက်တယ်။ ပြည်သူလူထုရဲ့ နှစ်သက်မှု အားပေး မှုကို ကျွန်တော်တို့က ကြည့်ရတယ်။ ပြည်သူလူထုဆိုတဲ့အထဲမှာ ရုပ်ရှင်ကို ကြည့်တဲ့ ပြည်သူဟာ လူလတ်တန်း စားနဲ့ အခြေခံလူတန်းစားက ကြည့်ရှု့ မှုပမာဏပိုများတယ်။ အဲ့ပြည်သူတွေ ရဲ့ အကြိုက်ကို ရုံတင်ပြတာ ဖြစ် တယ်။ ကျွန်တော်တို့ မင်္ဂလာအနေ နဲ့ကတော့ ဟာသဇာတ်ကား၊ ဒရမ်မာ ကား၊ အက်ရှင်၊ Horror ဇာတ်ကား အကုန်လုံးကို စုံအောင်ပြတယ်။ မင်း သားမင်းသမီးလည်း အစုံအလင် ကြည့်ရမယ်။ အရသာ မျိုးစုံ ချို၊ချဉ်၊ ငန်၊ ဖန်စပ်ခါးပေါ့လေ။ ရသစုံ အောင် ရုံတင်ပေးတယ်”လို့ ပြောပြ ပေးပါတယ်။
ဦးဇော်မင်း (မင်္ဂလာ) ဆက် ပြောတာက အခုဒီကနေ့မှာ မြန်မာ ရုပ်ရှင်ဇာတ်ကားတွေက တစ်နေ့ ထက် တစ်နေ့ တိုးတတ်လာနေတယ်။ အပြိုင်အဆိုင်များလာနေပြီ။ အဲ့ တော့ မကြိုးစားဘူး။ မလုပ်ကိုင်ချင် ဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆို ရင် ကြည့်မယ့်သူ နည်းလာပြီး ကိုယ် ဟာ ကျဆုံးနိုင်တယ်လို့ မှတ်ချက်ပြု ဆိုလိုက်တယ်။

”ထိုနည်းလည်း ကောင်းပဲဗျ။ ဇာတ်ကားကောင်းတွေကို တင်ခွင့် ရဖို့အတွက်လည်း ရုပ်ရှင်ရုံတွေက အပြိုင်အဆိုင်နဲ့ အပြင်းအထန်ကို ကြိုးစားလာနေကြတယ်။ ထုတ်လုပ် သူတွေကလည်း ကြိုးစားနေရမယ်။ ကမ္ဘာကြီးက ရပ်နေတာ မဟုတ်ဘူး ဗျ။ အဲ့တော့စုပေါင်းပြီးတော့ လုပ်ကြ ရမယ်” လို့ ပြောပြတယ်။
နောက်တစ်ခု သူထပ်ပြောတာ က လူငယ်မျိုးဆက်သစ်အနုပညာ အတတ်ပညာရှင်တွေ အကြောင်းပါ။ အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ လူ ငယ်မျိုးဆက် ရုပ်ရှင်ပညာရှင်တွေဟာ အရမ်းတော်လာကြတယ်လို့ ချီးမွမ်း ပြောဆိုတယ်။

”လူငယ်မျိုးဆက်သစ် အတတ် ပညာရှင်တွေဆိုတာ နိုင်ငံတိုင်းမှာ လိုအပ်တယ်။ အဲ့လိုပဲ မိမိပတ်ဝန်း ကျင်။ မိမိ မိသားစု။ ပြီးတော့ မိမိတို့ ကုမ္ပဏီတွေ တိုင်းမှာ နယ်ပယ်တိုင်း မှာ လိုအပ်တယ်။ မျိုးဆက်သစ်ဆိုတာ လေ ဆယ်စုနှစ် တစ်ခုခြားသွားတိုင်း မှာ Generation Gap လို့ခေါ်တဲ့အ တွေး အခေါ်တွေ အယူအဆတွေ ဗဟုသုတတွေ ကျွမ်းကျင်မှုနဲ့ ပညာ ပိုင်းဆိုင်ရာတွေဟာ အတော်လေး ကွာဟတယ်။ ရုပ်ရှင်အနေနဲ့ပဲ ပြောမယ် ဗျာ။ မျိုးဆက်သစ်တွေကို နံပါတ်တစ်က ကြိုဆိုရမယ်။ နှစ်က တော့ သူတို့ရဲ့ စကားကို ကျွန်တော်တို့ တန်ဖိုးထားရမယ်။ နားထောင်ရမ ယ်။ သုံးကတော့ သူတို့ကို ကျွန်တော် တို့က လက်တွဲခေါ်ရမယ်။ သူတို့က လည်း ကျွန်တော်တို့ကို မာန်မာနတွေ ဘ၀င်တွေမမြင့်ဘဲနဲ့ သင်ယူလေ့ လာကြရမယ်”လို့ ပြောပြခဲ့တယ်။

အနှစ်ချုပ်ပြောရရင်တော့ ဦး ဇော်မင်း (မင်္ဂလာ) က လာမယ့် မြန် မာ့ရုပ်ရှင်အနာဂတ်ဟာ တစ်နေ့ ထက် တစ်နေ့ တစ်နှစ်ထက် တစ်နှစ် အပြိုင်အဆိုင်တွေနဲ့ တိုးတတ်လာမှာ ဖြစ်တာဖြစ်တာနဲ့အညီ ပရိသတ်ရဲ့ အားပေးမှုကလည်း ရုပ်ရှင်ဇာတ် ကားတွေ တိုးတတ်ဖို့အတွက် ထပ်တူ အချိုးကျလာမှာ ဖြစ်တယ်လို့ ပြောပြ ပေးသွားခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here