“မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ”ဇာတ်လမ်းတွဲမှာကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ့် ဆရာမမေသင်္ကြန်ဟိန်

0
212


ဆရာမ မေသင်္ကြန်ဟိန်ရေးသားတဲ့ မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ဇာတ်လမ်းတွဲကို နေမင်း၊ နေထက်လင်း၊ ဆုဒါလီစတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးနေပြီး အခုရိုက်ကူးမယ့် ဇာတ်သိမ်းပိုင်းမှာတော့ ဆရာမကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ပါဝင်သရုပ် ဆောင်ဖြစ်ပုံကို တော့ ဆရာမ မေသင်္ကြန်ဟိန်က …

”သတင်း သမားတစ်ယောက်ရဲ့ ရုန်း ကန်မှု၊ လှုပ်ရှားမှုတွေ၊ အဲဒါတွေကို ပီပီပြင်ပြင်လေး ပြည်သူလူထုကို သိစေချင် တယ်။ ကျွန်မတို့ ဒီမိုကရေစီအရေးမှာ သတင်းသမားတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးခဲ့တယ်။ အဲဒါကို သတင်းသမားဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ လူတွေကို သိစေချင်ပါတယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင် ပါဝင်သရုပ် ဆောင်တာပါ”လို့ ပြောပါတယ်။ ဒီဇာတ်လမ်းက ၁၉၈၈ ကနေ ၂၀၁၅ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ အပြောင်းအလဲ၊ နိုင်ငံရေးအပြောင်းအလဲ၊ ပြည်သူ လူထုရဲ့အပြောင်းအလဲ၊ သတင်းသမားတွေရဲ့ အပြောင်းအလဲကို ရိုက်ကူးထား တဲ့ဇာတ်လမ်းပါ။ မြန်မာနိုင်ငံရဲ့ သမိုင်းလည်းဖြစ်တာကြောင့် လိုအပ်ချက်တွေ ရှိပေမယ့် အကောင်းဆုံးရိုက်ကူးသွားမှာဖြစ်ကြောင်းကိုလည်း ဆရာမမေ သင်္ကြန်ဟိန်က …

”ဒါဟာ မြန်မာပြည်ရဲ့ သမိုင်းလည်း ဖြစ်ပါတယ်။ ကြည့်ရှု ပေးပါ၊ ဝေဖန်ပေးပါ။ လိုအပ်ချက်တွေရှိရင် ထောက်ပြပေးပါ။ ဒီဇာတ်ကားမှာ ဆန္ဒပြတဲ့အခန်းတွေ၊ ဒါတွေကို ကျွန်မပြနိုင်အောင် ကြိုးစားထားတယ်။ နောက်ပြီး နာဂစ်မှာ သတင်းသွားယူရတဲ့ သတင်း သမားတစ်ယောက်ရဲ့ဘ၀ပေါ့။ ဒါကိုလည်း အပီ အပြင်ဆုံးဖြစ်အောင် ကြိုးစားထား တယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းလိုက်ယူရတဲ့ သတင်းသမား တစ်ယောက်ရဲ့ အခြေအနေ ဒါကို လည်း အပီပြင်ဆုံးဖြစ်အောင် ကြိုး စားထားပါတယ်။ နောက်တစ်ချက်က ဒီဇာတ်ကားက ပိုက်ဆံအရမ်းကုန်ပါ တယ်။ ပထမပိုင်းမှာလည်း အများကြီး ကုန်ပါတယ်။ ဒုတိယပိုင်းမှာလည်း အများကြီး ကုန်ပါတယ်။ အမှန်အတိုင်းပြောရရင် တတိယပိုင်းတောင်ရိုက် ကူးဖို့ ကိုယ့်လက်ထဲမှာ ပိုက်ဆံတောင် မရှိ သလောက်ဖြစ် သွား တယ်။ လက်ထဲမှာ ဘယ်လောက်မှ မကျန်လဲ ဒီဇာတ် ကားကို ငါပြီး အောင် ရိုက်မှ ဖြစ်မယ်ပေါ့။ အဲဒီ စိတ်နဲ့ မနည်းအား တင်းပြီး ရိုက်ကူးတာ ပါ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here