ကြိုးစားမှုတိုင်းကို အရာထင်ချင်တယ် ဆိုတဲ့ သရုပ်ဆောင်ညိမ်းသော်

0
373


မော်ဒယ်တစ်ဦးအဖြစ် ပရိသတ် ချစ်ခင်မှုတွေ ရရှိထားတဲ့ ညိမ်းသော်ကတော့ လက်ရှိမှာ သရုပ်ဆောင်တစ် ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ် သံဇာတ်လမ်း တွဲများမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မကြာခင် Channel 9 မှာ ထုတ်လွှင့် ပြသတော့မယ် ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဟိန်းဝေယံ၊ အေးဝတ် ရည်သောင်း၊ သွန်းဆက်စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ် ဆောင်ခဲ့ပါ တယ်။ ဒီရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး

”ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်ပါဝင်ထားတဲ့အပိုင်းကတော့ အစ်မ အပေါ်ဆိုးတယ်။ ပြီးတာ့ ကိုယ်နဲ့အဆင်မပြေတော့တဲ့ ကောင်မလေးကို ထားခဲ့ပြီး ကိုယ်ကြိုက်တဲ့ ကောင်မလေးကို ရအောင်ယူတဲ့ပုံစံလေးပါ။ ကိုဟိန်းဝေယံရဲ့ ကောင်မလေးကို လိုက်ကြိုက်တာပေါ့။ လုံးဝလူငယ် ဆန်ဆန် အပြင်အတိုင်းပါဘဲ။ ရင်ခွင်ရှင်းတမ်းဆိုတော့ နည်းနည်းတော့ ရှုပ်ထားတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကျွန်တော့်အတွက် ဒုတိယ မြောက် ဇာတ်လမ်းတွဲပါ။ စီနီယာ ၀ါရင့်သရုပ်ဆောင်တွေလည်းပါတဲ့ အတွက် အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ အစတော့ ရှိန်တာပေါ့။ နောက်ပိုင်းကြတော့လည်း အဆင်ပြေသွားပါတယ်။ ဒီ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မျှော်လင့်တယ်ဆိုတာထက် ကိုယ်ကြိုး စား ထားတာအရာထင်ရင် ကျေနေပါပြီ” လို့ ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်ပိုင်းကို ကြိုးစားလုပ်ကိုင်လာပြီဖြစ်တဲ့သူကို သရုပ် ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လို လေ့လာသင်ယူဖြစ်လဲလို့ ဆက် လက် မေးမြန်းခဲ့ရာ …

”မအေးသောင်းက ဒီဇာတ်လမ်းတွဲထဲမှာ ကျွန်တော့်အစ်မဆိုတော့ သူနဲ့က အမြဲသရုပ်ဆောင်နေရတယ်။ အစ တော့ ကျွန်တော်နဲ့ခင်လည်းမခင်ဘူး။ စတွေ့ပြီး သရုပ်ဆောင်ရမယ် ဆိုတော့ ရှိန် တာပေါ့။ နောက်ပိုင်းကျတော့လည်း အဆင်ပြေသွားပါတယ်။ သူတို့က ပြီးတော့ အိုင်တင်တွေလည်း သင်ပေးကြတယ်။ ဒါရိုက်တာ ကိုသား ညီဆိုလည်း သေချာသင်ပေးတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်တော့ ကျွန်တော်က၀ါနုသေးတယ်။ ဒါပေမဲ့ ကျွန်တော်အစွမ်းကုန်ကြိုးစားပြီး သရုပ် ဆောင်ထားပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here