ကာရိုက်တာအတွက် တက်တူးတွေ ဖျက်ရဦးမယ်ဆိုတဲ့မြင့်မြတ်

0
586


ပရိသတ်ရဲ့အချစ်တော် သရုပ်ဆောင်မြင့်မြတ်က လတ်တလောမှာ တော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ဇာတ်လိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ လည်း ကျောင်းဆရာအနေနဲ့ သရုပ်ဆောင်ဖို့အတွက် ပြင် ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကားက ရိုးမပေါ်မှာကျတဲ့ မျက်ရည်ဝတ္တု ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာဖြစ်တဲ့ အတွက် ဖြစ်ရပ်မှန်ဇာတ်လမ်းမျိုး ရိုက်ကူးရတဲ့ အတွက် ပိုပြီးတာဝန်ရှိကြောင်းကိုလည်း မြင့်မြတ် က အခုလိုပဲပြောပြခဲ့ပါတယ်။

”အခုကျွန်တော်ရိုက်မယ့် ‘ဇာတ်လိုက်’ဆိုတဲ့ ဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလို့ လည်း သိရတယ်။ အဲဒီအတွက် အရမ်းတော့ တာဝန်ကြီးတယ်။ အဲဒီလိုမျိုး ဖြစ်ရပ်မှန်ဇာတ် လမ်းတွေဆို အပြင်က သူတို့နဲ့လည်းတွေ့ပြီး စကားတွေပြောကြည့်ချင်တယ်ပေါ့နော်။ အခု ဒီဇာတ်လိုက်ဇာတ်ကားမှာလည်း ကျွန်တော်က ကျောင်းဆရာအနေနဲ့ သရုပ်ဆောင်ရတာပေါ့။ ကျောင်းဆရာဆိုတဲ့အတွက် တက်တူးတွေနဲ့ဆိုတော့ နည်း နည်းတော့ အခက်အခဲရှိတယ်။ အဲဒီဟာတွေတော့ လုပ်ရ ဦးမှာပါ။ ကိုပေါက်ဆိုတော့လည်း ကျွန်တော်ရဲ့တက်တူး တွေ ဖျက်ရဦးမှာပေါ့ (ရယ်လျက်)။ တက်တူးတွေ မိတ် ကပ်နဲ့ ဖျက်ရဦးမှာပေါ့။ ဒီကားမှာလည်း အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးသွားမှာပါ”လို့ မြင့်မြတ်က ပြောပါ တယ်။ ဇာတ်ကားရိုက်ကူးမှုတွေ များလာတဲ့အချိန်မှာ မိသားစုနဲ့ကော အချိန်ပေးဖြစ်တဲ့အပိုင်းကို မေးကြည့် တဲ့အခါမှာတော မြင့်မြတ်က. . .

”ဇာတ်ကားရိုက်ကူးမှု တွေ များတဲ့အချိန်မှာတော့ မိသားစုကို အချိန်ပေးရ တာတော့ နည်းနည်းတော့ နည်းပါတယ်။ ဒါပေမဲ့ အားတဲ့အချိန်တိုင်းတော့ မိသားစုနဲ့လည်း ခရီးထွက်ပါ တယ်။ ကျန်တဲ့အချိန်မှာတော့ ဂိမ်းဆော့ပြီးပဲနေတာ ပေါ့နော်။ (ရယ်လျက်)။ ဘာပဲပြောပြောပါ ကိုယ်က ကိုယ့် မိသားစုလေးကို အမြဲတမ်းစိတ်ချမ်းသာအောင်ထား တယ်” လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here