အတန်းပညာတွေ မသင်ရပေမယ့်လည်း အသိပညာတွေ ရှိကြတယ်ဆိုတဲ့ကျော်ထက်အောင်

0
218


Myanmar Idol မှာ အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိလာကာ အခု အချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးလာပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ကျော်ထက်အောင် ပါဝင်သရုပ်ဆောင်ထားတဲ့ စရိုက်ဆိုတဲ့ ဇာတ်ကားကလည်း မကြာမီအချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ စရိုက်ဇာတ်ကားနဲ့ ပတ်သက်တဲ့အ ကြောင်းကိုလည်း ကျော်ထက်အောင်က. . .

”စရိုက်က လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးလောက်တုန်းက ရိုက်ထားတဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာ ကျွန်တော်ရဲ့ ကာရိုက်တာက နည်းနည်းဆိုးတယ်။ ဆိုးတဲ့အခန်းတွေ သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ပရိသတ်တွေ ကျွန်တော့်ကို မုန်းသွားမှာ မကြိုက်တော့မှာ မလှမှာ စိုးတာတို့ ပရိသတ်အားမပေးမှာ စိုးတာတို့ကိုတော့ စိတ်မပူတော့ပါဘူး။ အခုပရိသတ်တွေက လည်း အဲလိုမျိုးတွေ မရှိတော့ပါဘူး။ ကျွန်တော်က ကာရိုက်တာတစ်ခုကို ခံတွင်းတွေ့တယ်ဆိုရင် ဘယ်လိုကာ ရိုက်တာမျိုးမဆို ကျွန်တော် သရုပ်ဆောင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာကို ချစ်တဲ့စိတ်ကြောင့်။ ကာရိုက်တာတစ်ခုက ကျွန်တော်နဲ့ အံ့ဝင်ခွင်ကျဖြစ်မယ် ကျွန်တော်လည်း လုပ်နိုင်မယ် ကျွန်တော်သဘောကျမယ်ဆိုရင် ဘယ်လိုကာ ရိုက်တာမျိုးကိုမဆို ကျွန်တော်သရုပ်ဆောင်ပါတယ်”လို့ ပြောပြပါတယ်။ စရိုက်ဇာတ်ကားက ဟာသကား မဟုတ်ဘဲ အသိပညာတွေ အများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဆိုတာကိုလည်း ”စရိုက်ကားက အပေါ်ယံရှပ်ကြည့်မယ်ဆိုရင် ရိုးရိုးသာမန်ဟာသ ကားလို့ ထင်ရပေမယ့် တကယ်တမ်းတော့ ဘ၀တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဘ၀ ဇာတ်ရုပ်ကားပါ။ အဓိကက ပညာတက်သည်ဖြစ်စေ ပညာမတက်သည်ဖြစ်စေ ပိုက်ဆံချမ်းသာသည်ဖြစ်စေ ပိုက်ဆံဆင်းရဲသည် ဖြစ်စေ သူ့အသိုင်းအ၀ိုင်း ကိုယ်စီရှိကြတယ်။ ဘာကိုပဲဖြစ်ဖြစ် သူတို့ဖြေရှင်း နိုင်တဲ့ နည်းနဲ့ သူတို့ဖြေရှင်းကြတယ်။ အတန်းပညာတွေ မသင်ရပေမယ့်လည်း အသိပညာတွေ ရှိကြ တယ်။ ဟာသကားမဟုတ်ဘဲ အသိပညာတွေ အများကြီးပေးထားတဲ့ ဇာတ်ကား ကောင်းတစ်ကားပါ။ ပရိသတ်တွေ လာကြည့်ကြည့်ပါ။ ပရိသတ်တွေ ကြိုက်နှစ်သက်ကျမယ့် ဇာတ်ကားကောင်းတစ်ကား ပါ”လို့လည်း ကျော်ထက်အောင်က ပြောပြပါတယ်။
စရိုက်ဇာတ်ကား ရိုက်ကူးရင်းနဲ့ အခက်အခဲတွေ ရှိခဲ့တယ်ဆိုတာကိုလည်း. . .

”ဇာတ်ကားထဲက ကာရိုက်တာနဲ့ အပြင်က ကာရိုက်တာနဲ့ ပုံစံချင်းတူအောင်တော့ လုပ်ယူရတယ်။ မခက်ခဲဘူးလို့တော့ ပြောလို့မရဘူး။ ပြင်ယူရတဲ့ အပိုင်းတွေလည်း ရှိ တယ်။ ပုံမှန်လုပ်နေကျဖြစ်တဲ့ လူကြီးတွေ့ရင် ခေါင်းငုံ့တာတို့ နှုတ်ဆက်တာတို့ ရိုရိုသေသေပြောတာတို့ အဲဒါတွေ အကုန်လုံးကို ဆန့်ကျင်ပြီးတော့ လုပ်ရတယ်။ တံထွေးဆိုရင်လည်း စည်းမရှိ ကမ်းမရှိ ထွေးလိုက်တာပဲ ပုဆိုးတွေ ဘာတွေဝတ်ရင်လည်း ကာရိုက်တာ ပီပြင်အောင် ပေါ်ရင်ပေါ်ပါစေ ၀တ်လိုက်ရတယ် မျက်လုံးတွေ ဘာတွေ မှိတ်ရင်လည်း မျက်ဖြူတွေ လန်အောင် အိပ်လိုက်ရတဲ့ အချိန်တွေလည်း ရှိတယ် အခက်အခဲတွေကတော့ နည်းနည်း ပါးပါးတော့ရှိပါတယ်” လို့လည်း ပြောပြပါတယ်။ မခိုင်လေး (ခိုင်သင်းကြည်) ရိုက်ကူးရင်းနဲ့ အမှတ်တရတွေရှိခဲ့တယ် ဆိုတာကိုလည်း ကျော်ထက်အောင်က. . .

”မခိုင်လေးနဲ့ ရိုက်ကွင်းမှာ ရိုက်နေရင်း တချို့အခန်းတွေဆိုရင် မခိုင်လေးက ရေနွေးခွက်နဲ့ လှမ်း ပစ်လိုက်တဲ့ အခန်းတွေပါတယ်။ မခိုင်လေးက ကြွေရေသုတ်ခွက်အစစ်ကို လှမ်းပစ်လိုက်တာ။ ပစ်လိုက်တဲ့အချိန်မှာ ရှန်တိန်လေးထိ သွားတယ် နာတော့ မနာဘူး။ကြောက်တော့ ကြောက်တယ်။ မခိုင်လေး သနပ်ခါးတုံးနဲ့ ကောက်ပေါက်တဲ့အခန်းတွေဆိုရင်လည်း သရုပ်သာ ဆောင်နေရတာ ဒူးခေါင်းကြီးများ တကယ်ထိသွားရင် ဒုက္ခဆိုပြီးတော့ သရုပ်ဆောင်နေရင်းနဲ့ကို ကြောက်နေရ တယ်။ မခိုင်လေးနဲ့ အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါတယ်”လို့လည်း ပြောပြပါတယ်။

ခိုင်ဝါ၀င်း

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here