သမီးလေးတွေ ရလာတဲ့အခါ ရှင် သန် မှု တွေ ပြောင်း လဲ လာ တယ် ဆိုတဲ့ ချစ်သုဝေ

0
372


ပန်းလှိုင်စီလုံဆေးရုံကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ဆောင်ရွက်သွားမယ့် သရုပ်ဆောင် ဒေါက်တာချစ်သုဝေ က ကိုယ်တိုင်လည်း သမီးလေးနှစ်ယောက်နဲ့ ကျန်းမာ ပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို တည်ဆောက်ထားပါတယ်။ သမီး လေးနှစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ရှောက်မှုအပိုင်းတွေကိုတော့ ချစ်သုဝေက …

”မထရီဇာသည်လည်း ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ အတွက် ကျန်းမာရေးသိပ်အရေးကြီးကြောင်း၊ မကျန်းမာ တဲ့အခါမှာ ဘယ်လိုစိတ်ဖိစီးမှုဖြစ်ကြောင်း၊ မိသားစုက ဘယ်လိုဝန် ထုတ်ဝန်ပိုးဖြစ်ကြောင်းကို သိတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လက်တွေ့ ကျင့်သုံးတဲ့အခါမှာ အရမ်းကို နည်းပါးတဲ့သူထဲမှာ ထရီဇာပါတယ်။ ၀န်ခံတယ်။ ထရီဇာ့ လို ကျန်းမာရေးအသိရှိတဲ့သူတောင် နည်းပါးတာ ပိုနည်း ပါးမှာပေါ့။ ဒါပေမဲ့ သမီးလေးတွေရလာတဲ့အခါ ရှင်သန်မှု တွေ ပြောင်းလဲလာတယ်။ ငါကျန်းမာနေမှဖြစ်မယ်။ ငါ ကျန်းမာပျော်ရွှင်နေမှ သမီးလေးတွေကို စောင့်ရှောက်နိုင် မယ်။ ဒီလိုစိတ်တွေက အရွယ်တစ်ခုမှာ ရှိလာကြတယ်။ ဒီမတိုင်ခင်မှာ ဖြစ်လာတာ အကောင်းဆုံးပဲ။ သမီးလေး တွေဆိုလည်း သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက သိပ်အရေးကြီးတယ်။

ဒီဦးနှောက်ဖွံ့ဖြိုးမှုက သူတို့ အစာအာဟာရကလာတဲ့အတွက် သူတို့ရဲ့ အစားအသောက် နဲ့ပတ်သက်လို့ စာတွေအများကြီးဖတ်ဖြစ်တယ်။ ထရီဇာ ဖတ်ထားတဲ့စာတွေအတိုင်းပဲ သမီးလေးတွေကို ကျွေးမွေး စောင့်ရှောက်ဖြစ်တယ်။ အဲဒီအခါ သိသိသာသာ အကျိုး ရလဒ်တွေ အများကြီးရတယ်ဆိုတာ ပြည်သူတွေအားလုံး လည်း သိကြတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ်ကိုယ် တိုင်လည်း ပြင်တယ် အမေတွေအားလုံးကိုလည်း ပြင်စေ ချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း ပြင်တယ်။ ပြည်သူတွေ အားလုံးကိုလည်း ပြင်စေချင်တယ်။ ပါဝင်စေချင်တယ်။ အရွေ့တစ်ခုဟာ အားတစ်ခုမစိုက်ထုတ်ပဲနဲ့ ဘယ်အရာမှ ဖြစ်မလာပါဘူး။ ကျန်းမာရေး အသိလေးတွေ ဘယ်နေရာ မှာတွေ့တွေ့ပြီး ဆုံးအောင်ဖတ်ပါ။ နားလည်အောင် ဖတ် ပါ။ Knowledge ဆိုတဲ့အရာလေး အသိလေးတစ်ခု ၀င်သွားမယ်ဆိုရင် ကိုယ့်ရဲ့အလေ့အထပြောင်းလဲလာ အောင်ဖြစ်လာတဲ့ Step ရောက်လာအောင်ကြိုးစားပါ။ Knowledge ရပြီ၊ အလေ့အထရပြီဆိုရင် ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်တဲ့ အခန်းကဏ္ဍကိုရောက်အောင် ကြိုး စားပါ။ အဲဒါမှ ကျန်းမာပျော်ရွှင်တဲ့မိသားစုဘ၀လေးကို ဖန်တီးနိုင်မှာပါ”လို့ ပြောပါတယ်။ ချစ်သုဝေက ကျန်းမာ ရေးသံတမန်အနေနဲ့ ပန်းလှိုင်စီလုံဆေးရုံကြီးနဲ့ ပူးပေါင်းပြီး ကျန်းမာရေးဟောပြောပွဲတွေမှာ ပါဝင်လှုပ်ရှားသွားမှာ ဖြစ်ပြီး မိခင် နို့ချိုတိုက်ကျွေးခြင်း၊ ရင်သားကင်ဆာနဲ့ မိခင်နဲ့ကလေး ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်း အရာတွေကို အဓိကဟောပြောသွားမှာဖြစ်ကြောင်း သိ ရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here