အတိုအပြတ် ဖက်ရှင်တွေ ၀တ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတဲ့ သက်မွန်မြင့်

0
588


မင်းသမီးတစ်ယောက်အနေနဲ့ ဖက်ရှင်ကျကျလှပနေဖို့က အရေးကြီး ပါတယ်။ မင်းသမီးအနေနဲ့ရပ်တည်လာတဲ့တစ်လျှောက်မှာ ဖက်ရှင်ခေတ် ရေစီးကြောင်းနောက်ကိုပဲ မလိုက်ဘဲ ကိုယ်နဲ့လိုက်ဖက်တဲ့ ပုံစံမျိုးပဲ ဦးစားပေးဝတ်ဆင်ဖြစ်တယ်ဆိုသူကတော့ သက်မွန်မြင့်ပါ။ အခုအချိန်ထိ လည်း ပရိသတ်တွေအမြင်မှာ ရိုင်းမယ့်ဖက်ရှင်မျိုးတွေ ၀တ်လေ့ဝတ်ထ မရှိဘဲ ပရိ သတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး သက်မွန်မြင့်က …

”အဓိကတော့ ကိုယ့်စိတ်ပါပဲ။ ကိုယ်စပြီးရောက်လာတုန်းက နယ်မှာ၊ နဂိုကတည်းကလည်း မိန်းမဆန်တာ သိပ်မကြိုက် ဘူး။ ချင်းတောင်မှာကတည်းက စပို့ရှပ်ဝတ်တယ်၊ တီရှပ် ၀တ်တယ်။ ရှပ်အင်္ကျီဝတ်တယ်။ ချင်း တောင်မှာဆိုရင် ထမိန်ဝတ်တာများတယ်။ စကပ်တို့ဘောင်းဘီ တို့ဝတ်ရင် ကွဲထွက်နေတယ်။ သက်မွန်ရဲ့ သဘောက တစ်ယောက်တည်း ထင်းနေတာကို မကြိုက်ဘူး။ ဖက်ရှင်က မင်းသမီးလုပ်လာတဲ့အခါမှာ လိုက်လျော ညီထွေအောင်တော့ လုပ်ရတယ်။ ဒါပေမဲ့ သက်မွန် ရဲ့ ပြဿနာက ရင်ဘတ်ဟိုက်ရင် မနေတတ်ဘူး။ အတိုအပြတ်တွေဝတ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုမရှိတော့ဘူး။ သူ့နေရာနဲ့သူတော့ ၀တ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မ၀တ်ဘူးပေါ့။ အခုဆိုရင် ပိုပြီးတော့ ထိန်းတယ်။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ်ရပ်တည်လာတဲ့ပုံစံလေးကလည်း ရှိတယ်လေ” လို့ ပြောပါတယ်။
သက်မွန်မြင့်ရဲ့ အရပ်က ရှည်သလို ခန္ဓာကိုယ် အချိုးအစားကလည်း မြန်မာမင်းသမီးတွေထဲမှာ ရှားတဲ့ ပုံစံမျိုးပါ။ အဲဒီအတွက် အ၀တ်အစားဝတ်ဆင်ရတဲ့အခါ မှာ စိတ်ညစ်စရာတွေ ကြုံတွေ့ရသလားဆိုတာကိုတော့ သက်မွန်မြင့်က …

”အရင်ကတည်းက သက်မွန်က ပုခုံးကြီးတယ်။ ပြီး တော့ ကြေး(ဂျီး)များတယ်။ မ၀တ်ချင်တဲ့ပုံစံကများတယ်။ အဲဒီ အခါကျတော့ ကိုယ်နဲ့အဆင်ပြေတာတော်တော်ရှားတယ်။ နိုင်ငံခြားတွေသွားရင် ကိုယ့်ဆိုဒ်တွေက လွဲနေတယ်။ ကုန်ကျစရိတ်ထက် ကုန်တာပေါ့။ အခုဆိုရင်ပိုဆိုးတယ်။ ပိန် တာကို သဘောကျတဲ့ခေတ်ဖြစ်နေတာကိုး။ ပုခုံးက လိုက် ပိန်လို့မှ မရ တာ။ အဲဒီတွေအပေါ် လိုက်မျောနေ လို့မှမရ တာ။ စိတ်တိုင်းကျတော့ မရှိဘူး။ ဒီမှာကျတော့ ဖန်စီလေး တွေဝတ်ချင်ရင် ကိုယ့်ဆိုဒ်မရှိဘူးပဲ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here