သမီးလေးကိုချစ်တဲ့စိတ်နဲ့ အရာအားလုံးပြောင်းလဲလိုက်သူစန်္ဒီမြင့်လွင်

0
207


ကိုယ်ဝန်လွယ်ထားရတဲ့ စန်္ဒီမြင့်လွင်က အခုဆိုရင် ၂၉ ပတ်ထဲကို ရောက်ရှိလာပါပြီ။ သမီးလေးကို တွေ့ရဖို့အတွက်လည်း ကြိုတင်ရင်ခုန် လို့ နေပြီး ၄ီ အာထရာဆောင်းကိုလည်း မေလ ၁၅ ရက်နေ့က သွားရိုက်ကြည့်ခဲ့ပြီး ပျော်ရွှင်လို့နေပါတယ်။ သမီးလေးကို ဘယ်သူနဲ့တူ စေချင်လဲဆိုတာကိုတော့ စန်္ဒီမြင့်လွင်က …

”သမီးလေးကို ဒီးဒီအမျိုး သားနဲ့ အရပ်အမောင်းလေးတူလို့ ပြီးတော့ မျက်ခုံး၊ မျက်လုံးတို့ တူလို့။ ကျန်တာချစ်စရာ ကောင်းတာလေး တွေကို ဒီးဒီနဲ့တူပေါ့။ အဲဒီလို တွေး ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးဦး မိန်းကလေးတွေက များ သောအားဖြင့် အဖေနဲ့တူကြတာများ တယ်။ နှစ်ယောက်စလုံးနဲ့မျှ တူရင် တော့ အဆင်ပြေတာပေါ့လေ။ ဒါပေမဲ့လည်း ကိုယ့်သမီးလေးက ဘယ်သူနဲ့ တူတူပါ။ ဘယ်လိုရုပ် ကလေးပဲထွက်ထွက် သူကျန်းမာဖို့၊ အဆင်ပြေဖို့၊ နေကောင်းဖို့ပဲ ခေါင်း ထဲမှာ ရှိပါ တယ်”လို့ပြောပါတယ်။ စန်္ဒီမြင့်လွင်က မိခင်လောင်းဖြစ်လာ တဲ့ အခါမှာ အရင်လိုမဟုတ်တော့ဘဲ အရာရာကို ပြောင်းလဲသွား ခဲ့ပါ တယ်။ သမီးလေးအတွက် အစစအ ရာရာဂရုစိုက်နေ ဖြစ်တယ်လို့ဆိုတဲ့ စန်္ဒီမြင့်လွင်က …

”ဒီးဒီဆိုရင် အရင်တုန်းက မစားတဲ့အရာတွေကိုပါ စားဖြစ် တယ်။ ဒီးဒီက နွားနို့ မကြိုက်ဘူး။ အခုဆိုရင် ဒီနေ့ထိမပျက်ဘူး သောက်တယ်။ နွားနို့တောင် ရိုးရိုး နွားနို့ မဟုတ်ဘူး။ မိခင်သောက်ဖို့ လုပ်ထားတဲ့ ဆေးနွားနို့တွေ သောက် ရတယ်။ ဆေးတွေဆိုလည်း သောက် ရတယ်။ အရင်တုန်းကဆိုရင် ဒီးဒီ က အရမ်းမပိန်ဘူး ဆိုပေမယ့် ခပ် ပြည့်ပြည့်လေးနဲ့ ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ဘာသာကိုယ် အဆင်ပြေတယ်။ အခုဆိုရင် တအားဝတုတ်ကြီး ဖြစ် သွားတယ်။ သမီးကို ချစ်တဲ့စိတ်နဲ့ပဲ သမီးလေးမျက်နှာကို မြင်ရမယ် ဆိုတဲ့စိတ်နဲ့ပဲ ပြောင်းလဲရတာပေါ့။ အဲဒါတွေကတော့ သမီးလေးကြောင့် ဖြစ်လာတာပါ”လို့ အရင်နဲ့ မတူ တော့တဲ့ အကြောင်း ပြောပြပါတယ်။ သမီးလေးကို ဇူလိုင်လထဲမှာ မွေးဖွား မှာဖြစ်ပြီး သမီးလေး အတွက် ပစ္စည်းတွေလည်း ၀ယ်စုဆောင်းနေ ပါတယ်။ သမီးဦးရတနာလေးဖြစ်တာ ကြောင့် ဖခင်ဖြစ်သူ ကိုသီဟလွင်က အိမ် ခေါ်နာမည်အနေနဲ့ treasure လို့ နာမည်ပေးထားတယ်လို့ သိရပါ တယ်။ ကိုသီဟလွင်နဲ့ စန်္ဒီမြင့်လွင် တို့က စီးပွားရေးအနေနဲ့ BART Bar ဆိုင်ကို မေလ ၁၂ ရက်နေ့က အမှတ် ၅၀၁၊ ၃၉ လမ်း (အောက် ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here