ကျန်းမာရေးပြန်လည် ကောင်းမွန်သွားရင် အနုပညာ အလုပ်တွေ ပြန်လည် လုပ်ဆောင်သွားမှာပါ ဆိုတဲ့လူရွှင်တော်ကြီး ဦးပေါ်လေး

0
82


ကိုယ်တစ်ခြမ်းလေဖြန်းတဲ့ ရော ဂါကိုခံစားနေရတဲ့ လူရွှင်တော်ကြီး ဦးပေါ်လေးက အနုပညာအလုပ် တွေကိုတော့ နားထားပါတယ်။ ဒီ ရောဂါဖြစ်တာကတော့ အပူအအေး မမျှတာကစတာပဲဖြစ်ပြီး အဲဒီ့ကနေ လေတစ်ခြမ်းဖြန်းသွားတာလို့ သိရပါ တယ်။

”ပြန်ကောင်းသွားမှာပါလို့ ပြော တယ်။ သိပ်ကြီးကြီးမားမားကြီးတော့ မဖြစ်ဘူးလေ။ အအေးများလွန်းလို့ ခေါင်းမှာ သွေးခဲသွားတာပါ။ လေ့ ကျင့်ခန်းတွေ မှန်မှန်လုပ်ရင် ပျောက် သွားမှာပါ။ လေ့ကျင့်ခန်းလုပ်ရတဲ့ ပစ္စည်းလေးတွေကိုလည်း အားလုံး က လာလှူကြပါတယ်။ ကန်တော့ကြ တော့ပစ္စည်းလေးတွေ ၀ယ်ဖို့ ပိုက်ဆံ လေးတွေရတယ်။ အခုလည်းလေ့ကျင့် နေတော့ မကြာခင်ပျောက်သွားမှာပါ” လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦး ပေါ်လေးက ပြောပြပါတယ်။ သူ့ အနေနဲ့ ဖြစ်ဖြစ်ချင်းမှာတော့ အနု ပညာအလုပ်တွေ ပြန်လုပ်ဖို့ အဆင် ပြေပါတော့မလားဆိုပြီး စိတ်ဓာတ် ကျမိခဲ့တယ်လို့ ဦးပေါ်လေးက ပြော ပြပါတယ်။

”ဦးတို့က အမြဲတမ်းလှုပ်ရှားနေ တဲ့ လူလေ။ စင်ပေါ်ရောက်ရင်လည်း မျောက်လောက်လှုပ်ခါပြီးတော့ ပရိ သတ်တွေကို ဖျော်ဖြေနေတဲ့လူလေ။ အခုဒီလိုဖြစ်သွားတယ်ဆိုတော့ စိတ် ဓာတ်ကျသွားတာပေါ့နော်။အနုပညာ အလုပ်တွေ ပြန်များလုပ်နိုင်ပါဦး မလားပေါ့။ ဆရာဝန်တွေ ဘာမှ မပူ ပါနဲ့တဲ့။ ပြန်ကောင်းသွားမှာပါတဲ့။ ဒီ လောက်ကြီးကြီးမားမားဖြစ်တာ မဟုတ်ပါဘူးလို့ပြောတော့ ကိုယ်ကအားတက်သွားတာပေါ့နော်။ ငါပြန် ပြီးတော့ သီချင်းတွေဆိုရဦးမှာပါ လားဆိုပြီးတော့ အားတက်မိတယ်”လို့ ဦးပေါ်လေးက ဖြစ်ဖြစ်ချင်းမှာ ဖြစ်ပေါ်လာတဲ့ခံစားမှုကိုပြောပြပါတယ်။

လေဖြန်းသွားတဲ့အကြောင်းကို ကြား ကြားချင်းမှာ စိုးရိမ်တကြီးဖြစ်ကြရတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင် ရပြီး သူ့အနေနဲ့ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပါက ပရိသတ်တွေကို စင်မြင့်ပေါ်မှာ အားရပါးရကြီး ဖျော် ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း လူရွှင်တော်ကြီး ဦးပေါ်လေးက ပြော ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here