စိတ်ဒဏ်ရာဖြစ်လို့ ၀ိတ်ချနိုင်ခဲ့တဲ့ လှမျိုးသဉ္ဇာနွယ်

0
531


အနုပညာအလုပ်တွေကို ပြန်လုပ်တာ တစ်နှစ်ရှိပြီဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ် က ဇွန်လထဲမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးသွား ဖို့ရှိနေပါတယ်။ ခန္ဓာကိုယ်ကလည်း အရင်နဲ့မတူတော့ပဲ ပိန်သွယ်ပြီး ပိုလှလာ တာကြောင့် ဇာတ်ကားရိုက်ဖို့အတွက် ၀ိတ်ချလိုက်တာလားလို့ မေးကြည့်တဲ့ အခါမှာတော့ …

”ကိုယ်ပြန်ရိုက်တော့မယ်ဆိုတဲ့အချိန်မှာ အစ်မမှာ တခြားပစ်ချက်မရှိဘူး။ ဒါပဲရှိနေတယ်လေ။ အစ်မက ၀လို့၊ အစ်မက ဖက်တီးကြီး ဖြစ်နေလို့ဆိုတဲ့ စကားတွေလည်း အစ်မ မခံစားနိုင်ဘူး။ မမို့ပြောတဲ့ စကားလို့ပေါ့။ ၀တုတ်နေ တာကြီးနဲ့ ဘယ်လို ဒရမ်မာရိုက်မလဲတဲ့။ စကားလေးက တိုတိုလေးပဲ။ ဒါပေမဲ့ ရင်ထဲကို ထိတယ်။ ဟုတ်တာပေါ့။ တကယ် သရုပ်ဆောင်မယ်ဆိုရင် ဟာသလို နေရာကြီးတော့ မဟုတ်ဘူးပေါ့။ အဲဒီလိုမျိုးစဉ်းစားတယ်၊ နောက်ပြီး အလုပ် ပင်ပန်းတာကြောင့်လည်း ပါပါတယ်။ အလုပ်ပင်ပန်းတဲ့ အချိန်မှာ အစားကိုလည်း ထိန်းလိုက်တယ်”လို့ ၀ိတ်ချဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။ ခန္ဓာကိုယ် ၀ဖြိုးနေတဲ့အတွက် တခြားသူတွေရဲ့ ဝေဖန်စကားတွေကြောင့် စိတ်ဒဏ်ရာဖြစ် သွားခဲ့တဲ့ လှမျိုးသဉ္ဇာနွယ်က ပိန်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါသေး တယ်။ ပိန်သွားအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းကိုတော့ လှမျိုးသဉ္ဇာနွယ် က …

”လေ့ကျင့်ခန်းမလုပ်ဘူး။ အရင်တုန်းက အစ်မ တစ်နေ့လမ်း ၂ နာရီ လျှောက်တယ်။ အရွက်ပြုတ်ကြီးပဲ ၆ လ စားတယ်။ တစ်ပေါင်မှမကျဘူး။ အစ်မက တအားပိန်ချင်တဲ့အခါကျတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကုန်လုံး plan တွေ အများကြီးချဖြစ်တယ်။ နောက်ဆုံးသွားတွေ့တာက အစ်မတို့ စားနေ တာ အများကြီးဆိုတော့ လှုပ်ရှားမှုနည်းတဲ့အခါကျတော့ အသက်အရွယ်အရ နည်းနည်းစား၊ များများတက်တယ်ပေါ့။ အဲဒီနည်းနည်းကို မစားတော့ဘူး။ ပြောတော့ လွယ်တယ်။ လုပ်တော့ ခက်တာပေါ့။ သူများတောင် လုပ်နိုင်သေး တယ်။ ငါလည်း လုပ်နိုင်ရမယ်။ အဲဒီလိုလေးပါပဲ။ ၀လို့လည်း တအားကြီးစိတ်ဒဏ် ရာ မရပါနဲ့။ တကယ်ဝိတ်ချမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တကယ်ထိန်းချုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့က အခက်ဆုံးပဲ။ မစားဘူးလို့ စဉ်းစားလိုက်ရင် ပိုစားမိတယ်။ တကူးတက ကြီးမစားဘူးလို့ စဉ်းစားနေမယ့်အစား သူ့ဟာသူ မသိမသာလေးထိန်းပေးပေါ့။ ကျန်းမာရေးလည်း မထိခိုက်အောင်ပေါ့။ နောက် တစ်ခုက အစ်မက အလုပ်ရုံ ၂ ရုံရှိတော့ ဟိုဘက် အလုပ်ရုံဒီဘက်အလုပ်ရုံအပြေး အလွှားသွားရတယ်။ ကလေးကျောင်း ပို့ရတယ်။ အဲဒီလို လှုပ်ရှားမှုအားကို ပိုထည့်လိုက်တော့ လေ့ကျင့်ခန်းဖြစ်သွားတာပေါ့။ အဲဒီလိုမပင်ပန်းပဲနဲ့ ပိန်နိုင် အောင် ကြိုးစားပါ။ တအားကြီး စိတ်ဒဏ်ရာရပြီး ၀ိတ်ချဖို့ မကြိုးစားပါနဲ့”

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here