သူငယ်ချင်းတွေနဲ့Star Fitness Club ဖွင့်လှစ်လိုက်တဲ့ ထူးအောင်

1
234


ခန္ဓာကိုယ်ကြံ့ခိုင်လှပသူ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ထူးအောင်က သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းပြီးStar Fitness Club ကို မေလ ၁၆ ရက်နေ့က အမှတ် ၈၅၉၊ သံသုမာ လမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ အခုလို Fitness Club ဖွင့်လှစ်ဖြစ်ပုံကို တော့ ထူးအောင်က …

”စီးပွားရေးကတော့ ပထမဦးဆုံးလုပ်ဖြစ်တာပါ။ ကျွန်တော်နဲ့တွဲတဲ့ဆရာက အနုပညာရှင်တော်တော်များများကို train ပေးဖြစ်တယ်။ ခန္ဓာကိုယ် ပြောင်းလဲချင်တဲ့သူတွေဆိုရင် တကယ်ကို ပံ့ပိုးပေးတယ်။ တကယ်ပြောင်းလဲအောင်လည်း လုပ် ပေးတယ်။ တစ်လဆို တစ်လ၊ နှစ်လဆို နှစ်လ သူတို့အချိန်ပေး နိုင်တဲ့ပေါ်မူတည်ပြီးတော့ အကောင်းဆုံး လုပ်ပေးတယ်။ ဆရာ့ ကိုလည်း ယုံကြည်တယ်။ ဆရာကပဲ ဦးစီးဦးဆောင် လုပ်သွား မှာပါ”လို့ ပြောပါတယ်။
ထူးအောင်ကတော့ ၂၀၁၄ ခုနှစ်ကစပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာအောင်လို့ gym ကစားခဲ့ပါတယ်။ ဒီလိုကစား တဲ့အခါမှာ ဇွဲမလျှော့ဘဲ ကြိုးစားစေချင်တယ်လို့ဆိုတဲ့ ထူးအောင် က …

”အဓိကတော့ စိတ်ဓာတ်ပါပဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိ ဘူး။ ကိုယ်ဟာ အဲဒီအရာတစ်ခုကိုပဲ စိတ်ထဲမှာထည့်ထားရင်ရ တယ်။ မင်းရဲ့ အဓိက Limit က မင်းရဲ့စိတ်ပဲ။ မင်းရဲ့စိတ်က ပြတ်သားနေရမယ်။ ပန်းတိုင်တစ်ခုရှိနေရမယ်။ ပန်းတိုင်တစ်ခုရှိရင် ဘယ်အရာမဆို ဖြစ်တယ်”လို့ပြောပါတယ်။ gym ကစားတဲ့အတွက် ကောင်းကျိုးတွေကလည်း အများကြီးပါ။ ဒီလိုကောင်းကျိုးတွေ ရဖို့အတွက် လူတိုင်းကို ကစားစေချင်တယ်လို့ဆိုတဲ့ ထူးအောင်က ..

”လူမှုပတ်ဝန်းကျင်မှာနေတာဆိုတော့ တစ်ခါတရံ ကျရင် တခြားပြင်ပစိတ်ညစ်စရာတွေ ရှိတယ်။ အလုပ်က စိတ်ဖိစီးမှုတွေ ရှိတယ်။ ဒီ gym ဆော့တဲ့အခါမှာ အဲဒီစိတ်တွေ အကုန်ပျောက်တယ်။gym ဆော့ ခြင်းအားဖြင့် ကျန်းမာရေးပိုကောင်း လာတယ်။ အရင်တုန်းကဆိုရင် ဖျား တာနာတာဖြစ်တယ်ဆိုရင်တောင်မှ အခုဆိုရင် ဘာမှကိုမဖြစ်တော့တာ။ ကျန်းမာရေးကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here