မုံရွာမြို့ ကျောက္ကာရွာက ရာကျော်ကပ်ကျော် ဆုတောင်းပြည့် ရွှေဂူဖြူစေတီတော်

0
281

မုံရွာမြို့သည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်ကမ်း ပါးတွင် တည်ရှိသည်။ ရှေးကသလ္လာ ၀တီမြို့ဟုလည်း ခေါ်ဆိုကြောင်း မှတ်သားရပေသည်။ မုံရွာမြို့သည် ချင်းတွင်းတံတား မုံရွာကို ဖြတ်ကူး ပြီး ပုသိမ်-မုံရွာ လမ်းမှတစ်ဆင့် မကွေးတိုင်း၊ ဧရာဝတီတိုင်းသို့လည်း ကောင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းမှတစ်ဆင့် ကလေး၊ တမူးမြို့ များသို့လည်းကောင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့များသို့ လည်းကောင်း၊ အရာတော်၊ ရွှေဘို မြို့များသို့လည်းကောင်း၊ ချောင်းဦး၊ မြင်းမူ စစ်ကိုင်းမှတစ်ဆင့် မန်္တလေး မြို့သို့လည်းကောင်း ဆက်သွယ်သွား လာနိုင်ပေသည်။ ချင်းတွင်းမြစ်ရေ လမ်းခရီးဖြင့် ကလေးဝ၊ ဖောင်းပြင်၊ မော်လိုက်၊ မင်းကင်း၊ ခန်္တီးသို့လည်း ကောင်း မီးရထားဖြင့် မုံရွာမှ မန္တ လေးသို့လည်းကောင်း၊ ချောင်းဦး ပခုက္ကူသို့လည်းကောင်း၊ ခင်ဦးသို့ လည်းကောင်း ဆက်သွယ်ထားသည့် အထက်အောက် စုန်ဆန်သွားလာနိုင် သည့် ရေလမ်း၊ ကုန်လမ်းဆုံမြို့တစ် ခုဖြစ်ပေသည်။

ထို့အပြင် မုံရွာမြို့အနီး တစ် ၀ိုက်နှင့် မြို့တွင်းရှိ ထင်ရှားကျော် ကြားသည့် ဘုရားပုထိုးစေတီများရှိ ပေသည်။ ဗောဓိတစ်ထောင်ရပ်တော် မူနှင့် လျောင်းတော်မူဘုရား၊ မိုးညှင်း သံဗုဒ္ဓေဘုရား၊ ကျောက္ကာရွှေဂူနီဘု ရား၊ ရွှေစည်းခုံဘုရား၊ ဆုတောင်း ပြည့်ဘုရားတို့သည် မုံရွာမြို့၏ ထင် ရှားလူသိများသည့် ဘုရားများဖြစ် သည်။ ထိုအတူ လူသိမများသေး သည့် ဘုရားများဖြစ်သည့် မိုးကောင်း ရှင်ပင်မြတ်စွာဘုရား၊ သာစည်ကျေး ရွာရှိ မဟာစေတီလှဘုရား၊ ဆည် တော်မြင်နှင့် တ၀ဂူစေတီ၊ ကျောက္ကာ ရှိ ရွှေဂူဖြူဘုရားများလည်း ရှိပေ သေးသည်။ မုံရွာမြို့ ကျောက္ကာကျေး ရွာသည် အဆိုတော် သန်းထွန်းလေး ၏ မမေ့သော အညာသီချင်းကြောင့် လူသိများထင်ရှားသလို ရွှေဂူနီဘုရား သည်လည်း ကျောက္ကာအတွက် ခွဲခြားမရသည့် သင်္ကေတဖြစ်ပေ သည်။

သာသနာသက်္ကရာဇ် ၁၈၁၃ ခုနှစ်၊ သက်္ကရာဇ် ၁၀၁၀ ပြည့်နှစ် တွင် သီရိဓမ္မာသောကမင်း တည် ထားခဲ့သော အာသောကစေတီအား ၁၅ နှစ်အရွယ် နွားကျောင်းသား (ငဆုအောင်ကို သိကြားမင်းမှ ၀င်ပူး ၍ ပြောပြခဲ့သည်။ ရွှေကျောင်းဆရာ တော် အရှင်ဉဏမဉ္ဇူအမှူးပြုကာ ရွာသူရွာသားစုပေါင်းအားဖြင့် ညွှန် ပြသောနေရာတွင် တစ်နှစ်အတွင်း အုတ်ဖိုငါးဖိုခန့်အသုံးပြုပြီး ဂူဝအား မြောက်ဘက်သို့ မျက်နှာမူလျက် ရွှေ ဂူနီဘုရားတည်ခဲ့သည်။ ရွှေဂူနီစေတီ တော်တည်ပြီးသော် ရွာ၏ အခြေ အမြစ်ခိုင်စေခြင်းငှာ ဆရာတော် သည် သာသနာတော်နှစ် ၂၄၃၅ ခု၊ သက်္ကရာဇ် ၁၂၅၃ ခု ကဆုန်လဆန်း ၁၁ ရက်နေ့တွင် ရွာ၏အခြေ ရွှေဂူ ဖြူဟူသော အမည်ဖြင့် စေတီတစ်ဆူ တည်ထားခဲ့သည်။ တောင်ဘက်သို့ မျက်နှာမူလျက် ရွှေဂူနီဘုရားအား ဦးတော်ရည်မှတ်၍ ဉဏ်တော် ၂၈ တောင် ပန္နက်ချတည်ထားခဲ့ကြောင်း လေ့လာသိရှိရပေသည်။ ကျောက္ကာ ရွှေဂူနီဘုရားမှ မုံရွာ-အရာတော်- ၀က်လက်ကားလမ်းအတိုင်း ၁ဒဿမ ၅ မိုင်ခန့် ဆက်သွားပါက ရာပြည့် ကပ် ကျော် ရွှေဂူဖြူရှေးဟောင်းဆု တောင်းပြည့်ဘုရားကို ဖူးမျှော်ကြည် ညိုနိုင်ပေသည်။

ပထမဦးဆုံး ဆရာတော်ကြီး အရှင်ဦးဉဏမဉ္ဇူ တည်ထားခဲ့သော ရွှေဂူဖြူစေတီနှင့် ဗုဒ္ဓဆင်းတုတော်၊ လောကမာန်အောင်စေတီတော်၊ မေတ္တာရေကန်၊ ဆုတောင်းပြည့်ဆင် ဖြူတော်နှင့် လိုတရအမတ်ကြီးဦးပေါ ကြွယ်တို့အား သာသနာတော်အဆက် ဆက် ဆရာတော်များက ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ ၁၃၁၇ ခုနှစ် တပို့တွဲလတွင် စတုတ္တရွှေဂူဖြူ ဆရာတော် ဦးဥတ္တရသည် ရွှေဂူဖြူ တောရကျောင်းသို့ ရောက်ရှိခဲ့သည်။ တောရကျောင်း၏ ၀န်းကျင်သည် တောတောင်စိမ့်စမ်းများနှင့် သစ်ပင် ၀ါးပင်များကြောင့် တောရိုင်းတိရစ္ဆာန် များ ပျော်စံရာနေရာဖြစ်ခဲ့သည်။ ထို အချိန်က ရွှေဂူဖြူတောရကျောင်းတွင် ရဟန်းနှစ်ပါး၊ ကိုရင်တစ်ပါး သီတင်း သုံးလျှက်ရှိသည်။ တောတောင်ထူ ထပ်ခြင်း၊ ကျေးရွာများနှင့် ဝေးကွာ ခြင်း၊ အသွားအပြန် သုံးမိုင်ခန့်ဝေး သည့် ကျောက္ကာရွာသို့ ခြေလျင်ဆွမ်း ခံကြွရခြင်းတို့ကြောင့် ဆရာတော် ကြီးနှင့် ရဟန်းဦးမာဒ၀သာကျန်ရှိ တော့ပေသည်။ ဆရာတော်ကြီးသည် ဘုရားရှင်၏ တရားဓမ္မဒေသနာများ အား ၀ိနည်းသိက္ခာအတိုင်း ကျင့်ကြံ အားထုတ်ခြင်း၊ ဝေနေယျသတ္တ၀ါ အပေါင်းအား မေတ္တာပွားများခဲ့ခြင်း ကြောင့် အတိတ်နမိတ်များ ဆရာ တော်ကြီးထံ ထင်ဟပ်ခဲ့လေသည်။

ဆရာတော်ကြီးသည် စေတီပရ ၀ုဏ်ရှိ မန်းကျည်ပင်ကြီးအား မြေ နဂါးကြီးရစ်ပတ်နေသည်ဟု အိမ်မက် မြင်မက်ပြီး လင်းမြွေကြီးတစ်ကောင် တွေ့ခဲ့ခြင်း၊ ဆွမ်းခံအပြန်တွင် မန်း ကျည်းပင်၌ စားပွဲဝိုင်းခန့်ရှိသော ပျားအုံကြီးတွေ့ရပြီး နံနက်မိုးသောက် သော် ပျားသလက်သာကျန်ရှိခြင်း၊ တစ်နေ့တွင် ရှမ်းဘုန်းကြီးတစ်ပါးကြွ လာပြီး တည်စဉ်ကရှိခဲ့သော ဦးပေါ ကြွယ်ရုပ်တုအား ကန်တော့ပွဲဆက်သ လျှင် သာသနာတော်ပွင့်လန်းလိမ့် မည်ဟု မိန့်ကြားခဲ့ခြင်း၊ မေတ္တာရေ ကန်၊ ကန်ဘောင်တွင်ရှိသော ညောင် ပင်ကြီးတွင် ၀တ်ဖြူစင်ကြယ် အဘိုး အိုတစ်ဦးကို တွေ့မြင်ခဲ့ခြင်း၊ ၁၃၃၈ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် မင်းညီ မင်းသားအသွင်ပန်းတော်ခေါင်း ပေါင်း ၀တ်ဆင်ထားသော ပုဂ်္ဂိုလ် တစ်ဦးအား စေတီတော်ဘုရားခန်း တွင် တွေ့မြင်ခဲ့ခြင်း၊ စေတီတော်ကြီး သို့ ရှမ်းပြည်နယ်မှ ရှမ်းတိုင်းရင်း သားများ လာရောက်ဖူးမျှော်ပြီး အမတ်ကြီးဦးပေါကြွယ်ရုပ်တုအား ကန်တော့ပွဲဖြင့် လာရောက်ပူဇော် ပသခြင်း၊ တစ်နေ့တွင် ဘုရားဖူးလာ သူအမျိုးသမီးတစ်ဦးအား နဂါးမယ် ၀င်ရောက်ပူးကပ်ပြီး နဂါးသိုက်နန်း အဆက်ရှိသည်ဆိုကာ နတ်ကွန်း ဆောက်လုပ်ပြီး လာရောက်လှူဒါန်း စေခြင်း၊ ထူးခြားသော ဗုဒ္ဓဟူးနေ့များ၊ လပြည့်၊ လကွယ်နေ့ထူးနေ့မြတ်များ တွင် ရွှေဂူဖြူစေတီတော်နှင့် ဘုရား ပရ၀ုဏ်ရှိ စေတီပုထိုးများတွင် ကန် တော့ပွဲများ၊ ပန်း၊ ဆီမီးများအား အနယ်နယ်အရပ်ရပ်မှ လာရောက် ပူဇော်ထား စသည့်ထူးဆန်းအမြင် တွေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်း သိရှိရ လေသည်။

ဆက်လက်၍လည်း ရွှေဂူဖြူ တောင်ဖီလာတောရ စတုတ္တမြောက် ဆရာတော် ဦးဥတ္တရသည် အမြင့် ၁၉ ပေရှိ ပြည်လုံးချမ်းသာထိုင်တော် မူ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော် မြတ်တစ်ဆူအား တည်ထားပူဇော် လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး ၏ ပလ္လင်တော်ပန္နက်တင် အခမ်း အနားအား ၁၃၇၉ ခုနှစ် တပေါင်း လဆန်း ၁၁ ရက် နံနက် ၉ နာရီတွင် ဆရာတော် ဦးဆောင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါ ထိုင်တော်မူဘုရားတည်ရာ တွင် မိန်းကလေးများ အလှူဒါနပါ ၀င်နိုင်ရန်အတွက်လည်း ဆံပင်များ အား လှူဒါန်းနိုင်ပေသည်။ ထို့ပြင် ဆရာတော်သည် ၁၃၃၇ ခုနှစ် ပြာသို လမှ ၁၃၈၀ ပြည့်နှစ် ပြာသိုလဆန်း ၇ ရက်နေ့ထိ တည်ထားခဲ့ရသည့် မြို့ တော်ဝင် ကမ္ဘာအေးဆုတောင်းပြည့် စေတီတော်မြတ်ကြီးအားလည်း တည်ထားပူဇော်ထားရှိခဲ့ပါသည်။

သို့ပါ၍ မုံရွာမြို့သို့ ရောက်ရှိ ပါက ရွှေဂူနီဘုရားအလွန် မုံရွာ- အရာတော်ကားလမ်းနဘေးတွင် ရှိ သည့် ဆုတောင်းပြည့်ရာကျော် ကပ် ကျော်ရွှေဂူဖြူစေတီတော်နှင့် ပြည့် လုံးချမ်းသာထိုင်တော်မူ ဆင်းတု တော်မြတ်တို့အား ၀င်ရောက်ဖူးမြော် နိုင်ရန် ရေးသားတင်ပြလိုက်ရလေ တော့သည်။

ဧရာဝတီသား


LEAVE A REPLY

Please enter your comment!
Please enter your name here