နိုင်ငံတကာ ဘယ်ကိုပဲ သွားသွား မန္တလေးကိုတော့ ပိုချစ်တယ် ဆိုတဲ့ Ashwarya Kumar

0
643


International Artist စူပါ မော်ဒယ်တစ်ဦးဖြစ်တဲ့ Ashwarya Kumar က မန္တလေးသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုပြီး International RunWay Model  တစ်ဦးလည်းဖြစ်ပါတယ်။Ashwarya Kumar က မေ ၂၇ ရက်က ထွက်ရှိခဲ့တဲ့ J-Fireရဲ့ ‘အကြင်နာည’ Music Video မှာ J-Fire နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။

အကြင်နာည Music Video ရိုက်ကူးခဲ့တဲ့ အကြောင်းနဲ့ အနုပညာ လုပ်ငန်းများအ ကြောင်းကို. . .

”ကိုJ ကြီးရဲ့ အကြင်နာည Music Video မှာ အတွေ့အကြုံတွေ အများကြီးရပါတယ်။ ကျွန်းတွေထဲကို သွားတာ ဘုတ်တွေစီးတာတို့ ကျွန်းမှာလမ်းပျောက် သွားတို့ အဲ့ဒီအ ချိန်တုန်းက ငိုချင်ခဲ့တာပေါ့။ အခုပြန်စဉ်းစားတော့ ပျော်စရာလည်း ကောင်းတယ်။ ရယ်စရာလည်းကောင်းတယ်။ အားလုံးက တစ်ယောက်နဲ့တစ်ယောက် အားပေးပြီး ကြိုးစားခဲ့တယ်။ ကော့သောင်း ကမ်းခြေရဲ့ အလှအပကို လူအများက သိပ်မသိကြဘူး။ ဒီလိုလှပနေတဲ့ ကမ်းခြေကို သွားရောက်ပြီး ရိုက်ကူးရတဲ့အတွက် ၀မ်းသာပါ တယ်။
Ashwarya Kumar ပူးပေါင်းပါဝင်ရိုက်ကူးထားတဲ့ J.Fire ရဲ့ သီချင်း အသစ်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစား၊ နှစ် ခြိုက်အားပေးဦးမှာ အသေအချာပါပဲ။
Show ပွဲတွေလည်း ရှိပါတယ်။ Movie လည်းရိုက် ဖို့ရှိပါတယ်။ ပရိသတ်ကြီး အားပေးပါဦး support လုပ်ပေးပါ” လို့ Ashwarya Kumar က ပြောပါတယ်။ Ashwarya Kumar က မန္တလေးဟာ သူရဲ့Mother Land ဆိုတဲ့ အကြောင်းကို. . .

”မန္တလေးက Mother Land ဆိုတော့ နိုင်ငံတကာ ဘယ်ကိုပဲသွားသွား မန္တလေးကိုတော့ ပိုချစ်တာပေါ့ နော်။ မန္တလေးက ရာသီဥတုအရမ်းပူတယ်။ အဲဒီပူ တာကိုလည်း ကြိုက်တယ်။ မန္တလေးက International နဲ့မတူတာက ယူနစ်ဖြစ်တယ်။ အဲဒါကိုလည်း သဘော ကျတယ်”လို့ ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here