ဥရောပနိုင်ငံကို ခရီးထွက်ခဲ့တဲ့ နန်းခင်ဇေယျာရဲ့ အလွဲတွေ အကြောင်း

0
199

ဥရောပနိုင်ငံတွေဘက်ကို ခရီးထွက်ခဲ့တဲ့ နန်းခင်ဇေယျာက သူ့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်မှတဆင့် ခရီးသွားအတွေ့အကြုံတွေကို မြန်မာ ပြည်သူ ပြည်သားတွေ သိရှိနိုင်စေဖို့အတွက် ဝေမျှပေးနေပါတယ်။ ခရီး သွားတဲ့အခါမှာ ဆောင်ရန်ရှောင်ရန် အချက်တွေနဲ့ ဘယ်လိုချွေတာပြီး နေထိုင်စားသောက် သင့်လဲဆိုတာတွေကို ပြောပြထားတာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေကို လည်ပတ်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုတော့ နန်းခင်ဇေယျာက . . .
” တစ်လက်စတည်း လည်ပတ်ဖြစ်သွားတာပါ။ ၁၅ရက်တောင် လည်ဖြစ်သွားတယ်။ ဒါတောင် ဗီဇာ ၁၅ရက်ပဲရလို့။ မဟုတ်ရင် ဥရောပ တစ်ခုလုံးကို နန်းခင်လည်ပတ်ဖြစ်သွားမှာပါ။ နန်းခင်ကတော့ ဗင်းနစ်စ်ကို အကြိုက်ဆုံးပဲ။ ဗင်းနစ်စ်က လှလည်း လှတယ်။ လှေတွေစီးရတယ်။ လမ်းတွေ လည်း အများကြီးလျှောက်ရတယ်။ သူတို့ နိုင်ငံရဲ့ယဉ်ကျေးမှုတွေလည်း အ များကြီးလေ့လာရတယ်။ အဆောက် အအုံအကြီးကြီးတွေရှိတယ်။ ပြတိုက် တွေရှိတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေ လေ့လာခဲ့ရ တယ်” လို့ပြောပါတယ်။ ခရီးတွေသွားရင်တော့ အလွဲတွေ၊ အမှတ်တရဖြစ် စရာတွေ ကြုံတွေ့ရစမြဲပါ။ နန်းခင်ဇေယျကော ဒီခရီးမှာ ဘာတွေလွဲဖြစ် ခဲ့လဲဆိုတာ ကိုတော့ . . .
“ခရီးသွားအလွဲက နန်းခင်သွားတဲ့အခါမှာ လေယာဉ်လက်မှတ်ကို ရက်မှားပြီးဝယ်ခဲ့တာ။ မြန်မာပြည်မှာဆိုရင် ခရီး သွားအေဂျင်စီမှာဝယ်လို့ ရတယ်။ အဲဒီနိုင်ငံ ဘက်ရောက် တဲ့အခါ လေယာဉ်လက် မှတ်တောင်ဝယ်ဖို့ ခရီးသွားအေဂျင်စီက တအားရှာရခက်တယ်။ ဖြစ်ချင်တော့ နန်းခင်က အွန်လိုင်းက booking လှမ်း လုပ်လိုက်တာ။ ကိုယ်ကလည်း လွဲတတ်တော့ ၁၅ရက်နေ့ပြန်မှာကို ၁၃ရက်နေ့ လက်မှတ် သွား ဖြတ်လိုက်မိတယ်။ လေဆိပ်မှာ ပြတော့မှ ရက်မှားနေတာသိတယ်။ ရင်တွေလျှပ်လျှပ် ဖြစ်ပြီးတော့ ဟို ပြေးဒီပြေးဖြစ်ရတယ်။ ပြီး တော့ ရထားစီးတဲ့ အခါမှာ လွဲတာတွေရှိတယ်။ ဟို ဘက်နိုင်ငံမှာ ရထားက ဒီမြို့ကနေတခြားမြို့ သွားတဲ့အခါ ဘုတ် ကို အကြာကြီးမပြ ထားဘူး။ ၅မိနစ် တစ်ခါလောက်ပဲ ပြတယ်။ ငါလက်မှတ် ၀ယ်မိတာ မှားပြီလားပေါ့။ အဲဒီ ဘက်မှာ အင်္ဂလိပ်စကား ပြော တာနည်းတယ်။ ကိုယ်ပြောတာ ကို သူတို့နားမလည်ဘူး။ ရဲရုံး ကိုသွားတယ်။ ရဲကိုမေးပြီးတော့ ခရီးဆောင် အိတ်တွေနဲ့ အပေါ် တက်အောက်ဆင်းနဲ့ စိတ်လှုပ် ရှားဖို့လည်းကောင်းတယ်။ ပျော်ဖို့လည်းကောင်းတယ်။ သူများတွေလို Package ၀ယ် ပြီးသွားလို့ရပေမယ့် နန်းခင်က စွန့်စားရတာ ၀ါသနာပါတော့ ပျော်ပါတယ်”လို့ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here