သီဆိုပြိုင်ပွဲ တစ်ခုက အကဲဖြတ်ဒိုင် အဖြစ် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ် လိုက်တဲ့ အဆိုတော် မင်းသား စိုးသူ

0
347

သရုပ်ဆောင်ပိုင်းမှာသာမ က အဆိုပိုင်းမှာပါ အောင်မြင် တဲ့ အဆိုတော်မင်းသား စိုး သူကို အခုခေတ်မှာ ခေတ် စားနေတဲ့ သီချင်းဆိုပြိုင် ပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
“ဒီဘက်ခေတ်က တော့ ဟုတ်တယ်။ အဆိုပြိုင်ပွဲတွေကနေ အသစ်တွေအများ ကြီးပေါ်ထွက်လာ တယ်။ ဒါဟာကောင်း တဲ့ လက်္ခဏာတစ်ရပ် ပါ” လို့ ပြောပါတယ်။
ကိုစိုးသူကော သီ ချင်းဆို ပြိုင်ပွဲတွေမှာ အကဲ ဖြတ်ဒိုင်အဖြစ် ကမ်းလှမ်းတာ မျိုးတွေမရှိဘူးလားလို့မေးတော့ …. “ကျွန်တော် သီချင်းဆိုပြိုင်ပွဲနာ မည်တော့ မပြောတော့ပါဘူး။ ကမ်း လှမ်းခံခဲ့ရဖူးတယ်။ ဒါပေမဲ့ ကိုယ်က ဘာမှမဟုတ်တာ။ အကဲဖြတ် ဒိုင်တစ် ယောက်အနေနဲ့ လုပ်ဖို့ အဆင်မပြေ ဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ် တယ်။ အဲဒါကြောင့်လည်း မလုပ်ဖြစ် တာပါ။ နောက်ပိုင်းလည်း လုပ်ဖို့အစီ အစဉ်မရှိပါဘူး” လို့ စိုးသူကပြောပါ တယ်။
စိုးသူသရုပ်ဆောင်ထားတဲ့ “တရားလား” ရုပ်ရှင်ဇာတ်ကားကြီးလည်း ဒီနှစ်ထဲမှာရုံတင်နိုင်ဖို့ မျှော်လင့် ကြောင်း သူကပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here