အိမ်ထောင်ကျသွားပြီးမှ ကံပိုကောင်းလာတယ် ဆိုတဲ့ မြနှင်းရည်လွင်

0
320

ငွေစက်္ကူ ၇ ရွက် ရုပ်သံဇာတ်လမ်းတွဲအတွက် KTV မှာ အလုပ်လုပ်တဲ့ ကောင်မလေး ဝေနှင်းဖြူအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မြနှင်းရည်လွင်ကို ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။ ဒီကာရိုက်တာကို ပရိသတ်မုန်းမယ်လို့ ထင်ထားခဲ့ပေမယ့် မထင်မှတ်ဘဲ ပရိသတ်တွေရဲ့အချစ်ကို ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ဒီဇာတ်လမ်းတွဲရိုက်ကူးတဲ့အချိန် မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး မြနှင်းရည်လွင်က . . .”အခက်အခဲကတော့ ဦးဌေး (ဇင်ဝိုင်း) နဲ့ဆိုတော့ ကြောက်တာပေါ့။ ဒါပေမဲ့ သူကလည်း လက်တွဲတအားခေါ်တယ်။ သူ့ကျေးဇူးတွေကြောင့်လည်း ပါပါတယ်။ ဘေးက အဖွဲ့သားတွေကလည်း ကိုယ့်ကိုတစ်ခုခုဆို စောင့်ပေးတယ်။ နားလည်ပေးတယ်ဆိုတော့ သရုပ်ဆောင်ရတာလည်း အဆင်ပြေတာပေါ့။ အခက်အခဲရှိနေပေမယ့် ဘေးကလူတွေကြောင့် အရမ်းအဆင်ပြေပါတယ်။ အမှတ်တရဖြစ်စရာတွေကတော့ အများကြီးပဲ။ ကိုယ်ရိုက်လိုက်ရင် တကယ်ထိ သွားတာတို့၊ သရုပ်ဆောင်နေရင် အဆင်မပြေမှာဆိုးလို့ ကိုယ့်ကိုဆံပင်ဆွဲရမယ့် ဇာတ်ဝင်ခန်းဆိုလည်း တကယ်ကို ဆွဲခိုင်းတာဆိုတော့ တကယ်နာတာ တွေရှိတယ်။ ပါးဆိုလည်း တကယ်ချတာ” လို့ပြောပါတယ်။ မြနှင်းရည်လွင်က ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးပြီး အကယ်ဒမီရွှေကြိုအနေနဲ့လည်း ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးပါ။ အနုပညာလောကထဲကို ၀င်ရောက်ရင်း သရုပ်ဆောင်ပိုင်းကို တဖြည်းဖြည်း ၀ါသနာပါလာသူပါ။ သရုပ်ဆောင် ပိုင်းကိုလေ့လာသင်ယူရင်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ မြနှင်းရည်လွင်က
“နောက်ပိုင်းမှာတော့ သရုပ် ဆောင်တာကို တကယ် ၀ါသနာပါလာ တယ်။ အစပိုင်းတုန်းက သင်ယူ လာရင်းနဲ့ အရှေ့ကဇာတ်ကား တွေဆို လည်း အားနည်းချက်တွေရှိ လာတယ်။ ဘယ်နေရာတွေ မှားလည်း မှားတဲ့နေရာတွေ ပြင်ပြင်လာပြီးတော့ တော် တော်လေးအဆင်ပြေလာပါ တယ်။ ကိုယ်ကတော့ ဘယ်ကာ ရိုက်တာပဲဖြစ်ဖြစ် ဆေးစက် ကျရာ အရုပ်ထင်ရမယ်။ အခု ဆိုဘယ်ကာ ရိုက်တာပဲဖြစ် ဖြစ် ကိုယ့်ကိုယ်ချပေးတယ် ဆိုရင် ကိုယ်တာဝန်ကျေ အောင်လုပ် သွားမယ်” လို့ပြောပါတယ်။ အိမ် ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပို လုပ်ဖြစ်လာတဲ့ မြနှင်းရည် လွင်က အိမ်ထောင်ရေးကံ ကောင်း တယ်လို့ ဆိုရမှာပါ။ ခင်ပွန်းဖြစ်သူကလည်း နားလည်မှုပေးတဲ့အတွက် အနုပညာ အလုပ်တွေကို နှောင့်ဆံတင်းစရာမလိုပဲ ဆက်လုပ်နိုင်တာဖြစ် ကြောင်းကိုလည်း မြနှင်း ရည်လွင်က . . .
“အိမ်ထောင်ကျသွား မှ ကံကောင်းတယ်လို့ ပြော ရမယ်။ အရင်က အပျိုဘ၀ ကထက်တောင် လူတွေ တစ်နေ့ထက်တစ်နေ့ ပိုပို သိလာတယ်။ အမျိုးသားက လည်း ကိုယ့်ကိုယ်နားလည် ပေးတယ်။ နားလည်ပေး တာကလည်း အရေးကြီးတာ ကိုး။ သူကဘာတစ်ခုမှ မရစ် တော့ ကိုယ်က ဒီအလုပ်ထဲမှာ စိတ်နှစ်လို့ရတယ်။ သရုပ် ဆောင်တာ ဘာအခက်အခဲ မှမဖြစ်သွားဘူး” လို့ ပြော ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here