“မြန်မာနိုင်ငံတွင်ထုတ်လုပ်မည့် Chang Lager Beer ကိုနောက်ဆုံးပေါ် ခေတ်မီ စက်သစ်ကြီးများဖြင့် စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် စတင် ဖြန့်ချိပေးသွားမည်။”

0
437

Fraser and Neave, Limited (F&N) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာသန်း (၇၀) ရင်းနှီးမြှုပ်နှံထားပြီး Emerald Brewery Myanmar Limited ၏ Chang Beer စက်ရုံအား ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တည်ဆောက်ထားပါသည်။ နိုင်ငံတကာစွာရရှိထားသည့်ဆုတံဆိပ်များ Chang Lager Beer ကို နောက်ဆုံးပေါ်ခေတ်မီစက်ပစ္စည်းသစ်များဖြင့် နိုင်ငံတကာအဆင့်မီ ဘီယာများကို ချက်လုပ်ပြီး မြန်မာနိုင်ငံအနှံ့အပြားရှိဒေသများသို့ ဖြန့်ချိသွားမည်ဖြစ်ပါသည်။ F&N ၏ ရင်းနှီးမတည်ငွေများဖြင့် တစ်နှစ်လျှင် ဘီယာ hectolitres ပေါင်း (၅၀၀,၀၀၀) ထုတ်လုပ်နိုင်သည့် ခေတ်မီစက်များ အသုံးပြုထားသော စက်ရုံတည်ဆောက်ခြင်း၊ အရောင်းနှင့်ဖြန်ချိရေး လုပ်ငန်းစဉ်များ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ခြင်းတို့အပြင် အရောင်းမြှင့်တင်ရေး အစီအစဉ်များနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သည့် Chang Beer ၏ (၂၅) နှစ်မြောက် အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံ၌လည်း ဘီယာချက်စက်ရုံ စတင်လည်ပတ်သည့် First Canning ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီး F&N Board Executive Committee ၏ ဥက္ကဌဖြစ်သူ Mr. Koh Poh Tiong က “ကျွန်တော်တို့ F&N အနေနဲ့ မြန်မာနိုင်ငံရဲ့ဘီယာစျေးကွက်မှာ ပြန်လည်ဝင်ရောက်ရင်းနှီးမြှပ်နှံမှုကနေ ဒီလို တိုးတက်မှုမြန်ဆန်လှတဲ့ စျေးကွက်မှာ အလားအလာ ကောင်းတွေ အများကြီးရှိနေတယ်ဆိုတာ ထင်ဟပ်ပြသနေပါတယ်။ ကျွန်တော်တို့တွေ ဒီ ဘီယာချက် စက်ရုံကြီးတည်ဆောက်ပြီး စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံး စတင်လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နှစ်ပေါင်း (၂၀) ကျော်ကြာ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့လုပ်ငန်းသစ်တိုးတက်အောင်မြင်စေဖို့ ခွန်အားတွေဖြစ်စေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

Emerald Brewery ၏ လုပ်ငန်းများအား ရေရှည်ခိုင်မြဲတည်တံ့ခြင်း နှင့် တီထွင်ဖန်တီးခြင်းတို့ကို လုပ်ငန်းလုပ်ဆောင်သည့်ကဏ္ဍများတွင် အခြေပြုထည့်သွင်းကာ ဘီယာစက်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်Companyဖြစ်သော Krones မှထုတ်လုပ်သည့် ထိရောက်သော စွမ်းအင်ချွေတာစနစ်များ ပါဝင်သည့် ခေတ်မီစက်သစ်ကြီးများဖြင့် လည်ပတ်လုပ်ဆောင်နေပါသည်။ ခေတ်မီဆန်းသစ်သည့် နည်းပညာအတွက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စက်ရုံတွင် ရေ၊ လျှပ်စစ်ဓါတ်အား နှင့် အကျိုးထိရောက်ခြင်း နှင့် ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်ခြင်းအတွက် အပူစွမ်းအင် ချွေတာခြင်း ကဏ္ဍများတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ဘီယာချက်လုပ်ရန် အရည်အသွေးမြင့် ကုန်ကြမ်းများအား နိုင်ငံခြားမှတင်သွင်းပြီး ဥရောပနိုင်ငံမှ မုယောစပါး၊ ဂျာမဏီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ဗျစ်ပွင့်များအား မှာယူတင်သွင်းပါသည်။ အဆင့်မီအရည်အသွေးမြင့် ပြည်တွင်းထုတ် Chang Lager ဘီယာရရှိရန် လုပ်ဆောင်သည့် လုပ်ငန်းစဉ်အဆင့်အဆင့်အတွင်း စစ်ဆေးမှုအဆင့်ပေါင်း (၂၅၀) ကျော်ထားရှိကာ အရည်အသွေးကို ထိန်းသိမ်းထားပါသည်။ Emerald Brewery မှာ Chang Lager Beer ကို သံဗူး 330ml နှင့် 500ml ၊ ပုလင်း 320ml နှင့် 620ml တို့အပြင် 30litre စည် အစရှိသည်ဖြင့် ထုတ်ပိုးမှု ပုံစံ (၅)မျိုးဖြင့် ထုတ်ပိုးဖြန့်ချိသွားမည် ဖြစ်သည်။ ထို့အပြင် စက်ရုံမှ လာမည့်နှစ်များတွင် ထုတ်လုပ်မှုစွမ်းရည်တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here