Taste Of London
0
91
#ZawGyi
#Unicode
Taste of London
၂၀၀၄ခုနှစ်မှာစတင်ခဲ့တဲ့ဥရောပရဲ့ကျော်ကြားသောပွဲတော်တစ်ခုဖြစ်သည့် Taste Of London ပွဲတော်ကြီးဟာအရသာရှိတဲ့စားဖွယ်ရာများကိုတနေရာထဲမှာစားသုံးနိုင်သောပွဲတော်တစ်ခုဖြစ်ပါတယ်။ယခုဆိုရင် Chang Beer ကလည်း Taste of London ပွဲတော်ကိုပါဝင်ဆင်နွှဲဖို့အသင့်ဖြစ်နေပါပြီ။စိတ်မပူပါနဲ့။ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း Chang Beer ကိုသောက်သုံးဖို့အတွက် London အထိတကူးတကသွားစရာမလိုတော့ပါဘူး။
မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ Chang Beer ဟာဆိုရင်နိုင်ငံတကာတွင်ထုတ်လုပ်ရောင်းချနေသော Chang beer အတိုင်းအရည်အသွေးစံချိန်စံနှုန်းနဲ့အရသာပါကိုက်ညီပြီးတူညီသောကုန်ကြမ်းကိုသာသုံးပြီးချက်လုပ်ထားတာ ဖြစ်တာကြောင့်ကမ္ဘာတဝန်းလူကြိုက်များတဲ့ Chang Beer ရဲ့ အရည်သွေးနှင့်ထပ်တူညီနေမှာအသေချာပဲဖြစ်ပါတယ်။
ဘာကြောင့်ဒီလိုအရည်သွေးတွေပြည့်မီသော Chang beer ကို မြန်မာနိုင်ငံထဲမှာသောက်လို့ရတာလဲဆိုတော့ Emerald Brewery Myanmar Limited မှနောက်ဆုံးပေါ်ခေတ်မီစက်ပစ္စည်းသစ်များဖြင့်နိုင်ငံတကာဆုတံဆိပ်များစွာရရှိထားသော Chang Beer စက်ရုံကိုရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်တွင်တည်ဆောက်ကာနိုင်ငံအနှံ့အပြားရှိနေရာဒေသများသို့ ဖြန့်ချိနေပြီမို့လို့ဖြစ်ပါတယ်။
Emerald Brewery ရဲ့ ဘီယာချက်လုပ်ငန်းစဉ်များကထိုင်းနိုင်ငံရှိChang ဘီယာထုတ်လုပ်သောလုပ်ငန်းစဉ်အတိုင်းအဆင့်ဆင့်သန့်စင်ထားသည့်ရေ၊ဖျော်စပ်နည်းနှင့်ပါဝင်သည့်ပစ္စည်းများအတိုင်းထပ်ထူထပ်မျှ အသုံးပြုကာထုတ်လုပ်ထားပါတယ်။ရေအရည်အသွေးအကောင်းဆုံးရရှိရန်နေရာပေါင်း (၃၇)ခုတွင်အသေးစိတ်ကွင်းဆင်းစိစစ်ပြီးနောက် Emerald Brewery ၏စက်ရုံတည်နေရာကိုရွေးချယ်ခဲ့ပါတယ်။
ထိုသို့စနစ်တကျရွေးချယ်ခြင်းဖြင့်ဘီယာချက်လုပ်ခြင်းလုပ်ငန်းအဆင့်ဆင့်အတွက်အသုံးပြုသည့်ရေအရ
င်းအမြစ်ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏စံချိန်စံနှုန်းများကိုကျော်လွန်ပြီးသန့်စင်မှုအမြင့်ဆုံးရေအရင်းအမြစ်ကိုရရှိပါတယ်။ဒါ့အပြင်နိုင်ငံတကာတွင်ရရှိနိုင်သော Chang ဘီယာအရသာအတိုင်း မြန်မာနိုင်ငံမှာလည်းရရှိစေရန်အတွက်ဘီယာချက်လုပ်ရန်အရည်သွေးမြင့်ကုန်ကြမ်းများအားနိုင်ငံခြားမှတင်သွင်းပြီးဥရောပနိုင်ငံမှမုယောစပါး၊ဂျာမဏီနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှဗျစ်ပွင့်များအားမှာယူတင်သွင်းပါတယ်။အဆင့်မီအရည်အသွေးမြင့် ပြည်တွင်းထုတ်Chang ဘီယာရရှိရန်လုပ်ဆောင်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်းစစ်ဆေးမှုအဆင့်ပေါင်း (၂၅၀)ကျော်ထားရှိကာအရည်သွေးကိုထိန်းသိမ်းထားပါတယ်။
စက်ရုံတွင်ဘီယာချက်လုပ်သည့်လုပ်ငန်းလည်ပတ်မှုမစတင်မီ Emerald Brewery မှဝန်ထမ်း (၈၀) အားထိုင်းနိုင်ငံဘန်ကောက်မြို့မှလုပ်ငန်းကျွမ်းကျင်သော Chang ဘီယာအဖွဲ့သားများထံအထူးလေ့ကျင့်သင်ကြားရန်တစ်လတာစေလွှတ်ခဲ့ပြီးတော့သင်တန်းပြီးဆုံးသည့်နောက်တွင်လည်းဘီယာချက်လုပ်သည့်လုပ်ငန်းအသေးစိတ်၊အရည်သွေးစစ်ဆေးခြင်းနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းကိုရန်ကုန်တွင်ထပ်မံသင်ကြားပေးခဲ့ပါတယ်။
၁၉၉၅ခုနှစ်တွင်ထိုင်းနိုင်ငံ၌စတင်ဖြန့်ချိခဲ့သော Chang Beer သည်သောက်သုံးသူများ၏သဘောကျနှစ်ခြိုက်မှုကိုရရှိကာနှစ်အနည်းငယ်အတွင်း ပြည်တွင်းသာမကနိုင်ငံတကာတွင်ပါလူကြိုက်အများဆုံးဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်လာပါတယ်။ဆုတံဆိပ်များစွာရရှိထားသော Chang Beer ကိုနိုင်ငံပေါင်း (၅၀) ကျော်သို့တင်ပို့ဖြန့်ချိလျက်ရှိကာကမ္ဘာ့နေရာတိုင်းတွင်သုံးဆောင်နိုင်ရုံသာမက မြန်မာနိုင်ငံတွင်လည်းသောက်သုံးနိုင်ပြီမို့လို့အခုပဲဝယ်ပြီးနိုင်ငံတကာအရသာစစ်စစ်ကိုခံစားကြည့်လိုက်ပါ။
CHANG Taste Festive pre-event teaser portrait_MM-sub_Opt1 (1)
LEAVE A REPLY
Please enter your comment!
Please enter your name here