ေဖြးေဖြးနဲ႔ရုပ္ရွင္အတူတူရိုက္ကူးရမွာျဖစ္တဲ့အတြက္ ရန္ခုန္ေနတဲ့ ေကာင္းျမတ္စံ

0
367

ေဖြးေဖြးနဲ႔ရုပ္ရွင္အတူတူရိုက္ကူးရမွာျဖစ္တဲ့အတြက္ ရန္ခုန္ေနတဲ့ ေကာင္းျမတ္စံ

#Zawgyi

ဇာတ္လမ္းတြဲကေန ပရိတ္သတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ရရွိလာခဲ့တဲ့သူကေတာ့ သရုပ္ေဆာင္ေကာင္းျမတ္စံပဲ ျဖစ္ပါတယ္။ ေရႊဖူးစာရုပ္ရွင္ဇာတ္ကားမွာ ကိုယ့္ထက္ေတာ္တဲ့ အႏုပညာရွင္ေတြနဲ႔ သရုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ျပင္ဆင္မႈေတြအမ်ားႀကီးျပဳလုပ္ေနတယ္လို႔ ေကာင္းျမတ္စံကအခုလိုပဲေျပာျပခဲ့ပါတယ္ … “ကၽြန္ေတာ္ ကဇာတ္လမ္းတြဲပဲရိုက္ရိုက္၊ ဇာတ္ကားပဲရိုက္ရိုက္ ကိုယ္ရိုက္တဲ့ကားမွာ ကိုယ့္ကာရိုက္တာ၀င္ေအာင္အၿမဲႀကိဳးစားျပင္ဆင္တယ္။ ဒီေရႊဖူးစာရုပ္ရွင္ဇာတ္ကားႀကီးကို ၀တၱဳမွာေတာ့ ေရြဖူးစာခ်ာခ်ာလည္ဆိုၿပီးေပးထားတာေပါ့ေနာ္။ ဒါပင္မဲ့အခုမွေရႊဖူးစာဆိုၿပီးေျပာင္းလိုက္တယ္။ ကၽြန္ေတာ္ကဒီဇာတ္ထဲက အံ့မင္းဒင္ဆိုတဲ့ေနရာမွာ ကမ္းလွမ္းတယ္။ ကၽြန္ေတာ္အရမ္းေပ်ာ္သြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အံ့မင္းဒင္ဆိုတဲ့ကာရိုက္တာက ေတာ္ေတာ္ေလး လုပ္ကြက္ရတဲ့ေနရာေလးျဖစ္ေနတယ္။ အခုလိုမ်ဳိးကၽြန္ေတာ္တို႔ တက္သစ္စမ်ဳိးဆက္သစ္ေတြကို ေနရာေပးတဲ့အတြက္ အရမ္းေက်းဇူးတင္မိပါတယ္။ ရုပ္ရွင္ကားႀကီး ေလးကားရိုက္ကူးၿပီးစီးတဲ့အခ်ိန္မွာ ဒီကားေလးက ကၽြန္ေတာ့္အတြက္လုပ္ခြင့္ အရဆံုး ရွပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒီကားေလးကို ကၽြန္ေတာ္တို႔ အရင္ဖတ္ကတည္းက ေတာ္ေတာ္ေလးလည္း ရယ္ရတယ္။ ေတာ္ေတာ္လည္းရိုတဲ့အတြက္ ကၽြန္ေတာ္တို႔ဒီမွာ ပါ၀င္တဲ့ အႏုပညာရွင္ေတြရဲ့ ပရိသတ္ေတြလည္း သေဘာက်မယ့္ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ၿပီးေတာ့ ဒီကားႀကီးထဲမွာလည္း မေဖြးနဲ႔တူတူတြဲၿပီး သရုပ္ေဆာင္ရမွာ ျဖစ္တဲ့အတြက္ ရန္ခုန္တယ္။ ကၽြန္ေတာ္က မေဖြးကို ငယ္ငယ္ကထည္းက အားေပးခဲ့တာဆိုေတာ့ သူနဲ႔အတူတူတြဲရိုက္ရမွာဆိုေတာ့ ကၽြန္ေတာ္အတြက့္ေတာ့ ေတာ္ေတာ္ေလးစိတ္လႈပ္ရွားရပါတယ္။ ဒီေရႊဖူးစာရုပ္ရွင္ကားႀကီးထြက္လာရင္လည္း ပရိသတ္ေတြအားေပးၾကပါဦး” လို႔ ေျပာပါတယ္။ ကာရိုက္တာတိုင္းကို ပီျပင္စြာအံ၀င္ခြင္က် သရုပ္ေဆာင္ႏုိင္တဲ့ ေကာင္းျမတ္စံတစ္ေယာက္ အလုပ္ေတြကို  ႀကိဳးစားလုပ္ဖို႔ ဘယ္အရာေတြက အဓိကက်လဲလို႔ေမးၾကည့္တဲ့ အခါမွာေတာ့ ေကာင္းျမတ္စံက …

“ကၽြန္ေတာ့္ကို အဓိကတြန္းအားေပးတာကေတာ့ ကိုယ္ကိုယ္တိုင္ပါပဲ။ ကၽြန္ေတာ္ဒီအႏုပညာအလုပ္ကို ၀ါသနာပါတဲ့အတြက္ အရမ္းႀကိဳးစားခ်င္တယ္။ အရမ္းေအာင္ျမင္ခ်င္တယ္။ အခုေအာင္ျမင္ေနတဲ့ အႏုပညာရွင္ေတြကိုၾကည့္ၿပီးေတာ့ ကိုယ္လည္းတစ္ေန႔အဲ့ဒီလို ျဖစ္လာမယ္လို႔ စိတ္ကူးနဲ႔ ႀကိဳးစားခဲ့တယ္။ အခုေနာက္ပိုင္း ႀကိဳးစားမႈတိုင္းမွာလည္း အရာထင္ၿပီး ပရိသတ္ကလည္း လက္ခံအားေပးတဲ့အတြက္ ၀မ္းသာမိတယ္။ ကၽြန္ေတာ္တို႔ သရုပ္ေဆာင္အသစ္ေတြမွာ အဓိကတြန္းအားက ဒီပရိသတ္ေတြပဲရွိတာဆိုေတာ့ သူတို႔ စိတ္က်၊ သေဘာက် ေအာင္ေတာ့ ကၽြန္ေတာ္အမ်ားႀကီးႀကိဳးစားရဦးမွာပါ” လို႔ေျပာပါတယ္။

#Unicode

ဇာတ်လမ်းတွဲကနေ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့သူကတော့ သရုပ်ဆောင်ကောင်းမြတ်စံပဲ ဖြစ်ပါတယ်။ ရွှေဖူးစာရုပ်ရှင်ဇာတ်ကားမှာ ကိုယ့်ထက်တော်တဲ့ အနုပညာရှင်တွေနဲ့ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ပြင်ဆင်မှုတွေအများကြီးပြုလုပ်နေတယ်လို့ ကောင်းမြတ်စံကအခုလိုပဲပြောပြခဲ့ပါတယ် … “ကျွန်တော် ကဇာတ်လမ်းတွဲပဲရိုက်ရိုက်၊ ဇာတ်ကားပဲရိုက်ရိုက် ကိုယ်ရိုက်တဲ့ကားမှာ ကိုယ့်ကာရိုက်တာဝင်အောင်အမြဲကြိုးစားပြင်ဆင်တယ်။ ဒီရွှေဖူးစာရုပ်ရှင်ဇာတ်ကားကြီးကို ဝတ္တုမှာတော့ ရွေဖူးစာချာချာလည်ဆိုပြီးပေးထားတာပေါ့နော်။ ဒါပင်မဲ့အခုမှရွှေဖူးစာဆိုပြီးပြောင်းလိုက်တယ်။ ကျွန်တော်ကဒီဇာတ်ထဲက အံ့မင်းဒင်ဆိုတဲ့နေရာမှာ ကမ်းလှမ်းတယ်။ ကျွန်တော်အရမ်းပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အံ့မင်းဒင်ဆိုတဲ့ကာရိုက်တာက တော်တော်လေး လုပ်ကွက်ရတဲ့နေရာလေးဖြစ်နေတယ်။ အခုလိုမျိုးကျွန်တော်တို့ တက်သစ်စမျိုးဆက်သစ်တွေကို နေရာပေးတဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။ ရုပ်ရှင်ကားကြီး လေးကားရိုက်ကူးပြီးစီးတဲ့အချိန်မှာ ဒီကားလေးက ကျွန်တော့်အတွက်လုပ်ခွင့် အရဆုံး ရှပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီကားလေးကို ကျွန်တော်တို့ အရင်ဖတ်ကတည်းက တော်တော်လေးလည်း ရယ်ရတယ်။ တော်တော်လည်းရိုတဲ့အတွက် ကျွန်တော်တို့ဒီမှာ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ပရိသတ်တွေလည်း သဘောကျမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြီးတော့ ဒီကားကြီးထဲမှာလည်း မဖွေးနဲ့တူတူတွဲပြီး သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ရန်ခုန်တယ်။ ကျွန်တော်က မဖွေးကို ငယ်ငယ်ကထည်းက အားပေးခဲ့တာဆိုတော့ သူနဲ့အတူတူတွဲရိုက်ရမှာဆိုတော့ ကျွန်တော်အတွက့်တော့ တော်တော်လေးစိတ်လှုပ်ရှားရပါတယ်။ ဒီရွှေဖူးစာရုပ်ရှင်ကားကြီးထွက်လာရင်လည်း ပရိသတ်တွေအားပေးကြပါဦး” လို့ ပြောပါတယ်။ ကာရိုက်တာတိုင်းကို ပီပြင်စွာအံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့ ကောင်းမြတ်စံတစ်ယောက် အလုပ်တွေကို ကြိုးစားလုပ်ဖို့ ဘယ်အရာတွေက အဓိကကျလဲလို့မေးကြည့်တဲ့ အခါမှာတော့ ကောင်းမြတ်စံက …
“ကျွန်တော့်ကို အဓိကတွန်းအားပေးတာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကျွန်တော်ဒီအနုပညာအလုပ်ကို ၀ါသနာပါတဲ့အတွက် အရမ်းကြိုးစားချင်တယ်။ အရမ်းအောင်မြင်ချင်တယ်။ အခုအောင်မြင်နေတဲ့ အနုပညာရှင်တွေကိုကြည့်ပြီးတော့ ကိုယ်လည်းတစ်နေ့အဲ့ဒီလို ဖြစ်လာမယ်လို့ စိတ်ကူးနဲ့ ကြိုးစားခဲ့တယ်။ အခုနောက်ပိုင်း ကြိုးစားမှုတိုင်းမှာလည်း အရာထင်ပြီး ပရိသတ်ကလည်း လက်ခံအားပေးတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်တော်တို့ သရုပ်ဆောင်အသစ်တွေမှာ အဓိကတွန်းအားက ဒီပရိသတ်တွေပဲရှိတာဆိုတော့ သူတို့ စိတ်ကျ၊ သဘောကျ အောင်တော့ ကျွန်တော်အများကြီးကြိုးစားရဦးမှာပါ” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here