ရွှေရောင်းတော့လည်းအဆဲခံရသလို အခုဆန်ရောင်းတာကိုတော့မဆဲကြပါနဲ့တော့ဆိုလာတဲ့ ဦးကျော်ထူး
0
222
ရွှေရောင်းတော့လည်းအဆဲခံရသလို အခုဆန်ရောင်းတာကိုတော့မဆဲကြပါနဲ့တော့
ဆိုလာတဲ့ ဦးကျော်ထူး
အခုခေတ်မှာ အနုပညာတစ်ခုတည်းနဲ့ ရပ်တည်လို့မရတော့ဘူးလို့ ဟာသသရုပ်ဆောင်ကျော်ထူး
ကပြောပါတယ်။ ဒါကြောင့်လည်းသူ့အနေနဲ့ ဆန်ရောင်းနေရတယ်လို့ ဆိုပါတယ်။
ဟာသသရုပ်ဆောင်ကျော်ထူးက ဇာတ်ကားတွေပြန်လည်ရိုက်ကူးခွင့်ပြုတဲ့နောက်ပိုင်းမှာလည်း
ဆန်ရောင်းတာကို ဆက်လက်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
‘’ ဇာတ်ကားတွေပြန်ရိုက်ရတဲ့အချိန်ရောက်ရင်တော့ သားနဲ့သမီးကိုလွှဲထားလိုက်မယ်လေ။
ဒီလိုလုပ်မှလည်း အိမ်အတွက်ကို တစ်ထောင့်တစ်နေရာကနေပြီးတော့ အဆင်ပြေနေမှာလေ။
အနုပညာတစ်ခုနဲ့ရပ်တည်ဖို့က ကျွန်တော်တို့တိုင်းပြည်မှာကမလွယ်တော့ဘူး။ အနုပညာသမား
တွေကCovidကာလမှာ အကုန်လုံးက ဖုံးထားသမျှတွေအကုန်ပေါ်တော့တာပဲ။
တစ်လောတုန်းကလည်း မိန်းမမှာရှိတဲ့ရွှေလေးတွေရောင်းချလိုက်ရတယ်။ အဲဒါတောင်အဆဲခံရတယ်။
ကိုယ့်ရွှေလေးကိုယ်ရောင်းပါတယ်ဆိုတာတောင်မှ အဆဲခံရသေးတယ်။ မရှိလည်းရှိတာလေးကတော့
ရောင်းရမှာပဲလေ။ ဆန်ရောင်းတာလည်း ကျွန်တော့်ကိုမဆဲကြပါနဲဗျာ။ မေတ္တာပို့ပေးပါ။
သူများရဲ့ဆန်လေးကို ယူရောင်းတာပါ’’လို့ ဝမ်းရေးအရဆန်းရောင်းနေရတာနဲ့ပတ်သက်လို့
ကျော်ထူးကပြောပါတယ်။
နောက်ပိုင်းမှာလည်း ဆန်ဆိုင်ဖွင့်ပြီး ရောင်းချဖို့အထိစိတ်ကူးထားပြီး အခုလောလောဆယ်မှာတော့
မရောင်းနိူင်သေးပါဘူးလို့ ကျော်ထူးကပြောပြပါတယ်။
ကျော်ထူးကပြောပါတယ်။
မရောင်းနိုင်သေးပါဘူးလို့ ကျော်ထူးကပြောပြပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here