အဘွားဖြစ်သူ ၉နှစ်ပြည့်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့တဲ့ ပိုပို

0
285

အဘွားဖြစ်သူ ၉နှစ်ပြည့်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့တဲ့ ပိုပို
ပိုပို့ဘဝက သူမရဲ့အဘွားပါ။ အခုအချိန်မှာ အဘွားသာရှိနေဦးမယ်ဆိုလို့ရှိရင် သူမမှာရှိတာအကုန်လုံးစွန့်လွှတ်ဖို့အထိဝန်မလေးတတ်သူပါ။ ပိုပိုက သူမအဘွားကိုအဲဒီလောက်အထိချစ်ပါတယ်။ အဘွားကွယ်လွန်သွားတာ ၉နှစ်ပြည့်တဲ့အနေနဲ့ရော၊ ဝါတွင်းကာလမှာ သံဃာတော်တွေကိုဝါဆိုသင်္ကန်းကပ်ချင်တဲ့အတွက်ကြောင့်ရော ပိုပိုက သူမရဲ့အိမ်မှာ လှည်းကူးမဟာဝိဟာရကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်တွေကို ပင့်ဖိတ်ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရင်း ဝါဆိုသင်္ကန်းကပ်ခဲ့ပါတယ်။ သြဂုတ် ရရက်မှာ လှူဒါန်းဖြစ်တဲ့ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းအထိမ်းအမှတ်နဲ့ ပတ်သက်ပြီး ပိုပိုက….. ”ဝါဆိုသင်္ကန်းဆိုတာ တကယ်ကိုမှထူးမြတ်တဲ့ကုသိုလ်ဖြစ်ပါတယ်။ အကျိုးကျေးဇူးလည်းကြီးမားပါတယ်။ ဒီလိုအချိန် ဝါဆိုတဲ့အချိန်မှာမှ လှူဒါန်းလို့ရတဲ့အလှူပါ။ နောက်ပြီး မဟာဝိဟာရကျောင်းတိုက်က ဆရာတော်သံဃာတော်တွေဟာ ဝိနည်းနဲ့အညီ ကျင့်ကြံအားထုတ်ကြတဲ့ သံဃာတော်တွေဖြစ်ပါတယ်။ သပိတ်နဲ့ပဲဆွမ်းဘုဉ်းပေးတယ်။ ပိုပို့အလှူလေးမှာ ဝိုင်းဝန်းပြီးကူညီပေးကြတဲ့ သူငယ်ချင်းတွေ၊ Fans တွေလည်းရှိပါတယ်။ အတူတူကုသိုလ်ယူကြတာပါ။ ခုနစ်ရက်သားသမီးပရိသတ်တွေလည်း အမျှပေးဝေပါတယ်။ သာဓုခေါ်ကြပါ” လို့ပြောပါတယ်။
ပိုပို့ရဲ့ ‘အရိပ်ကလေးလို’လို့အမည်ပေးထားတဲ့ သီချင်းသစ်ကတော့ သြဂုတ် ၁၄ရက်နေ့မှာထွက်ရှိမှာဖြစ်ပြီး Music Video ကို ရှမ်းပြည်နယ်မှာ သွားရောက်ရိုက်ကူးထားတာပါ။ သရုပ်ဆောင် ပိုင်တံခွန်နဲ့ရိုက်ကူးထားတဲ့ ‘အရိပ်ကလေးလို’ သီချင်းထွက်ရှိလာတဲ့အခါမှာလည်း အားပေးကြပါဦးလို့ ပိုပိုကပြောပြခဲ့ပါတယ်။
သတင်း- မျိုးမောင်
ဓာတ်ပုံ- ထက်လူ

အဘြားျဖစ္သူ ၉ႏွစ္ျပည့္အျဖစ္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းခဲ့တဲ့ ပိုပို

ပိုပို႔ဘဝက သူမရဲ့အဘြားပါ။ အခုအခ်ိန္မွာ အဘြားသာရွိေနဦးမယ္ဆိုလို႔ရွိရင္ သူမမွာရွိတာအကုန္လုံးစြန္႔လႊတ္ဖို႔အထိဝန္မေလးတတ္သူပါ။ ပိုပိုက သူမအဘြားကိုအဲဒီေလာက္အထိခ်စ္ပါတယ္။ အဘြားကြယ္လြန္သြားတာ ၉ႏွစ္ျပည့္တဲ့အေနနဲ႔ေရာ၊ ဝါတြင္းကာလမွာ သံဃာေတာ္ေတြကိုဝါဆိုသကၤန္းကပ္ခ်င္တဲ့အတြက္ေၾကာင့္ေရာ ပိုပိုက သူမရဲ့အိမ္မွာ လွည္းကူးမဟာဝိဟာရေက်ာင္းတိုက္မွ ဆရာေတာ္၊ သံဃာေတာ္ေတြကို ပင့္ဖိတ္ကာ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းရင္း ဝါဆိုသကၤန္းကပ္ခဲ့ပါတယ္။ ၾသဂုတ္ ၇ရက္မွာ လႉဒါန္းျဖစ္တဲ့ ဝါဆိုသကၤန္းဆက္ကပ္ျခင္းအထိမ္းအမွတ္နဲ႔ ပတ္သက္ၿပီး ပိုပိုက….. ”ဝါဆိုသကၤန္းဆိုတာ တကယ္ကိုမွထူးျမတ္တဲ့ကုသိုလ္ျဖစ္ပါတယ္။ အက်ိဳးေက်းဇူးလည္းႀကီးမားပါတယ္။ ဒီလိုအခ်ိန္ ဝါဆိုတဲ့အခ်ိန္မွာမွ လႉဒါန္းလို႔ရတဲ့အလႉပါ။ ေနာက္ၿပီး မဟာဝိဟာရေက်ာင္းတိုက္က ဆရာေတာ္သံဃာေတာ္ေတြဟာ ဝိနည္းနဲ႔အညီ က်င့္ႀကံအားထုတ္ၾကတဲ့ သံဃာေတာ္ေတြျဖစ္ပါတယ္။ သပိတ္နဲ႔ပဲဆြမ္းဘုဥ္းေပးတယ္။ ပိုပို႔အလႉေလးမွာ ဝိုင္းဝန္းၿပီးကူညီေပးၾကတဲ့ သူငယ္ခ်င္းေတြ၊ Fans ေတြလည္းရွိပါတယ္။ အတူတူကုသိုလ္ယူၾကတာပါ။ ခုနစ္ရက္သားသမီးပရိသတ္ေတြလည္း အမၽွေပးေဝပါတယ္။ သာဓုေခၚၾကပါ” လို႔ေျပာပါတယ္။

ပိုပို႔ရဲ့ ‘အရိပ္ကေလးလို’လို႔အမည္ေပးထားတဲ့ သီခ်င္းသစ္ကေတာ့ ၾသဂုတ္ ၁၄ရက္ေန႔မွာထြက္ရွိမွာျဖစ္ၿပီး Music Video ကို ရွမ္းျပည္နယ္မွာ သြားေရာက္ရိုက္ကူးထားတာပါ။ သ႐ုပ္ေဆာင္ ပိုင္တံခြန္နဲ႔ရိုက္ကူးထားတဲ့ ‘အရိပ္ကေလးလို’ သီခ်င္းထြက္ရွိလာတဲ့အခါမွာလည္း အားေပးၾကပါဦးလို႔ ပိုပိုကေျပာျပခဲ့ပါတယ္။

သတင္း- မ်ိဳးေမာင္

ဓာတ္ပုံ- ထက္လူ


LEAVE A REPLY

Please enter your comment!
Please enter your name here