0
228
“သရုပ်ဆောင်ချစ်သုဝေက သူ့ရဲ့မွေးလဖြစ်တဲ့ သြဂုတ်လမှာ အလှူအတန်းများပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့ကတော့ သြဂုတ်လ ၁ဝရက်နေ့ပါ”
ပထမဆုံးလှူဖြစ်တဲ့အလှူကတော့…. ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာ(၁၂မိုင်) မှာရှိတဲ့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးအတွက် ဦးစီးဦးဆောင်နေသော ဆရာတော်ဘုရားနှင့် တိုင်ပင်၍ “စာကြည့်တိုက်လေး” ဆောက်လုပ်လှူဒါန်းရန် အလှူငွေ ဆက်ကပ်ခဲ့ပါတယ်။ ဒီအလှူနဲ့ပတ်သက်ပြီး ချစ်သုဝေက
“ပညာရေးအတွက် လှူရတာအင်မတန်ပီတိဖြစ်ရတယ်…
အသက်ကြီးလာတာနဲ့အမျှ ကုသိုလ် အကုသိုလ်၊ အစစ် အမှန် အပေါ်ယံ.. အရာရာကိုဆင်ခြင်တတ်လာတယ်..ဒီထပ်ပိုလို့လောဘ ဒေါသနည်းပြီးဆင်ခြင်တုံတရားနဲ့နေထိုင်နိုင်သူဖြစ်ဖို့လည်းဆင်ခြင်မိတယ်”လို့ပြောပါတယ်။ ဆက်လက်ပြီး ဒုတိယမြောက်မွေးနေ့အလှူအဖြစ် ကမ်းဇေယျာပရဟိတသီလရှင်စာသင်တိုက်မှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ လိုအပ်တဲ့ပစ္စည်းများနဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာ
တတိယ နဲ့စတုတ္ထမြောက်အလှူအနေနဲ့ St. Mary ကျောက်တန်း ကလေးငယ်လေးတွေအတွက်လည်းလှူဒါန်းခဲ့ပါတယ်။
စိန်ဂျုဒ်သာသနာမှ ဘုန်းတော်ကြီးFather Dominic Thet Tin ထံမှ ကောင်းချီးခံယူ၊ မစ္ဆားတရားတော်မြတ်နာယူရင်း တရားမြတ်တွေကိုနားကြားခဲ့ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here