သဘင်မင်းသားလေး မင်းရွှေရောင်တင်က ဆရာကြီးဇဝနရဲ့ ဆိုးပေဝတ္ထူမှာ အဓိကဇာတ်ဆောင် ဆိုးပေနေရာကနေ သရုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။
0
88
လေးခွတစ်လက်နဲ့ မွှေဦးမယ့် မင်းရွှေရောင်တင်
သဘင်မင်းသားလေး မင်းရွှေရောင်တင်က ဆရာကြီးဇဝနရဲ့ ဆိုးပေဝတ္ထူမှာ အဓိကဇာတ်ဆောင်
ဆိုးပေနေရာကနေ သရုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ ဇာတ်ခုံပေါ်မှာလည်း
ကပြနေတင်ဆက်နေကြဖြစ်တာကြောင့် အိုက်တင်နဲ့ပတ်သက်လို့ကတော့ သိပ်မစိမ်းလှပါဘူး။
အသက်၃နှစ်လောက်အရွယ်ကတည်း ဇာတ်ခုံပေါ်မှာကပြတင်ဆက်ခဲ့တဲ့ မင်းရွှေရောင်တင်ဟာ
အနုပညာနဲ့ပတ်သက်လို့ သူ့ရဲ့ဝါသနာနဲ့ ဗီဇကိုတော့ အထင်းသားမြင်တွေ့ရမှာပါ။
ဖခင်ဖြစ်သူ တင်မောင်ဆန်းမင်းဝင်းနဲ့အတူ မြန်မာပြည်အနှံလှည့်လည်ကပြရင်း ပရိသတ်တွေရဲ့
ချစ်ခြင်းမေတ္တာကိုလည်း ရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ကနေရရင်ကိုပျော်နေတဲ့သူဟာ
ဘယ်လိုအနုပညာမျိုးကိုမဆို လုပ်ချင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းဆိုးပေ
ဇာတ်ရုပ်အတွက် မင်းရွှေရောင်တင်ကို ရွေးချယ်ခဲ့ကြဟန်တူပါတယ်။ အိုက်တင်နဲ့ပတ်သက်လို့က
တော့ ဒါရိုက်တာဖြစ်တဲ့ ခင်လှိုင်နဲ့ Project directorဖြစ်တဲ့ ပတ္တမြားကေခိုင်တို့က သင်ပြပေး
သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
‘’ဆိုးပေဆိုတော့ လေးခွတစ်ချောင်းနဲ့မွှေမှာပါ။ သူများတွေကိုလညး်ကူမယ်။ကူတော့လည်း
မွှေကူကြီးဖြစ်နေတာပေါ့လေ။ ဆိုးလည်းဆိုးရမှာလေ။ ရုပ်ရှင်ကားကြီးဆိုတော့နည်းနည်း
တော့ကြောက်ပါတယ်။ ရင်လည်းခုန်တယ်။ သားတို့ရဲ့ ဇာတ်ကားကြီးကိုလည်း အားပေး
ကြပါဦး’’လို့ မင်းရွှေရောင်တင်ကပြောပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here