ကြော်ငြာထောင်ကျော်ရိုက်ကူးခဲ့တဲ့ တချိန်ကကြော်ငြာဘုရင်မ ထက်ထက်မိုးဦး

0
369

#ZawGyi


#Unicode

အကယ်ဒမီထက်ထက်မိုးဦး ဟာ တခေတ်တခါက ကြော်ငြာဘုရင်မဆိုပြီး အမည်ပေးရလောက်အောင် ကြော်ငြာတွေမြောက်မြားစွာ ရိုက်ကူးခဲ့ရသူပါ။ သူမရဲ့ ချစ်စဖွယ် အမူအရာလေးတွေနဲ ပရိသတ်ကို ဖမ်းစားခဲ့သူဖြစ်ပြီး သူမနဲ့ရိုက်ကူးတဲ့ကြော်ငြာတွေဟာလည်းအမြဲတမ်းအောင်မြင်မှုရရှိခဲ့ပါတယ်။ သူမရဲ့ကြော်ငြာတခေတ်မှာ သူမနဲ့မရိုက်ဖူးတဲ့ ကြော်ငြာဆိုတာ မရှိသလောက် တော်တော်လေးရှားပါတယ်။ အရင်ကပရိသတ်တွေဟာ သူမရဲ့ကြော်ငြာကို တီဗီရှေ့မှာ တကူးတကစောင့်မျှော် အားပေးခဲ့ကြတာပါ။ သူမရိုက်ကူးခဲ့တဲ့ ကြော်ငြာအရေအတွက်ကို သူမကိုယ်တိုင်တောင် အတိအကျမမှတ်မိတော့ပါဘူး။ သူမရဲ့ပရိသတ်တွေထဲက တက္ကသိုလ်ဆရာမတစ်ဦးက သူမရဲ့ကြော်ငြာတွေကို မှတ်ထားခဲ့ပြီး ပို့ပေးခဲ့ပါတယ်။ သူမရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေနဲ့ပတ်သက်ပြီး ထက်ထက်မိုးဦးက “ထက် ရိုက်ဖူးတဲ့ကြော်ငြာတွေ ၁၀၀၀ ကျော်ရှိပါတယ်။ ထက်ပရိတ်သတ်တစ်ယောက်ကတော့ ၁၄၀၀ ကျော်ရှိပါတယ်လို့ပြောတာ အမှန်တိုင်းဝန်ခံရရင် ထက်ကိုယ်တိုင်တောင် အတိအကျမမှတ်မိတော့ပါ။ထက်ရဲ့ကြော်ငြာတွေသိမ်းထားတာများ ရှိပြီး ထက်ကို ကူးပေးလို့ အဆင်ပြေမယ်ဆို လိုချင်ပါတယ်💕 ထက်နဲ့အလုပ်လုပ်အတူတူလုပ်ဖူးတဲ့ Brand များလည်း ပို့ပေးလို့ရပါတယ်ရှင့်” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here