ဖိုးချစ်ရဲ့စစ်ကိုင်းယူနိုက်တက်အသင်းကို ဦးဇော်ဇော်ရဲ့ Max Energy မှ သိန်းတစ်ထောင်လှူဒါန်း

0
184

#Zawgyi


#Unicode

ကိုဗစ်ကာလတွင် အခက်အခဲရှိသော ဖိုးချစ်ရဲ့ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား ဦးဇော်ဇော်ရဲ့Max Energy မှ ကျပ်သိန်းတစ်ထောင် ထောက်ပံကူညီပေးခဲ့ပါတယ်။ ဖိုးချစ်ဟာ သူ့ရဲ့ဘောလုံးအသင်းကို ကိုဗစ်ကာလမှာ ၇၀ ရာခိုင်နှုန်း လစာပေးနေပါတယ်။ ဖိုးချစ်အနေနဲ့ ဘောလုံးအသင်းနဲ့ သူ့ရဲ့ ဇာတ်အဖွဲ့ကို တလ လစာပေးမယ်ဆိုရင် သိန်း ၆၀၀နဲ့ ၇၀၀ ကြားမှာ ရှိကြောင်း ပေါ်ပြူလာအင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။ သူ့ရဲ့အဖွဲ့သားတွေအတွက် သူ့အနေနဲ့ ကိုဗစ်ကာလမှာ တော်တော်လေး ရုန်းကန်ကြိုးစားနေရပါတယ်။ အခုလို သူ့ရဲ့ စစ်ကိုင်းယူနိုက်တက်အသင်းကို သိန်း တစ်ထောင် ထောက်ပံ့ ပေးတဲ့အတွက် ဦးဇော်ဇော်ရဲ့ Max Energy ကိုကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အခုလို ကူညီပေးတဲ့အတွက် သူ့ရဲ့ဘောလုံးအသင်းရဲ့ လစာဟာ အဆင်ပြေသွားခဲ့ပါပြီ အခက်အခဲတွေဖြစ်ပေါ်နေပေမယ့် ဘောလုံးအသင်းကို နားပစ်လိုက်ဖို့ ဒီနှစ်ထဲမှာ စိတ်ကူးမရှိကြောင်း ဖိုးချစ်ကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here