သရုပ်ဆောင်ဆရာဝန်တစ်ဦးဖြစ်တဲ့ ပိုးမမှီသာဟာ ကိုဗစ်ကာလမှာ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေကိုဆေးကုသပေးနေပါတယ်

0
197

#ZawGyi


#Unicode

သရုပ်ဆောင်ဆရာဝန်တစ်ဦးဖြစ်တဲ့ ပိုးမမှီသာဟာ ကိုဗစ်ကာလမှာ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေကိုဆေးကုသပေးနေပါတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေရဲ့ ဘဝဟာမလွယ်ကူလှပါဘူး။ သူတို့ရဲ့တာဝန်တွေကိုကျေပွန်စွာ ထမ်းဆောင်ပြီး လူနာတွေကိုအကောင်းဆုံး ဆေးကုသပေးလျက်ရှိပါတယ်။ ပိုးမမှီသာဟာ သရုပ်ဆောင် မင်းသမီး တစ်ဦးဖြစ်ပေမယ့် လူနာတွေကို ဆေးကုသပေးရတဲ့ ဆရာဝန်ဘဝကိုလည်း ပျော်မွေ့လျက်ရှိပါတယ်။ ကိုဗစ်ကူးစက်မခံရအောင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအပြည့်လုပ်ထားပြီး ဆေးရုံ တစ်ဆောင်နဲ့ တစ်ဆောင်ကို ကူးကာ ဆေးလိုက်ထိုး ရင်း အချိန်တွေ ဖြတ်ကျော်လျက်ရှိတယ်လို့ သူ့ရဲ့ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here