အလှူငွေများကိုမသမာတဲ့နည်းလမ်းနဲ့ ထုတ်ယူဖို့ကြိုးစားသူကို တာမွေရဲစခန်းမှာ တိုင်ကြားခဲ့တဲ့ အိစိကွေး

0
305

#ZawGyi

သ႐ုပ္ေဆာင္ အိစိေကြးက သူ႔ကိုလိမ္ဖို႔ႀကိဳးစားတဲ့ သူကို အေရးယူေပးဖို႔အတြက္ ရဲစခန္းမွာ တိုင္ၾကားလိုက္ပါတယ္။ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အိစိေကြးက….ညဘက္ႀကီး Wave acc ကေန ေငြ ၁ သိန္းထုတ္ပါသည္ဆိုၿပီးစာတက္လာတယ္ Transaction Id ေတြ ေပၚလာတယ္ ၿပီးလည္းၿပီးေရာ ဖုန္းေခၚၿပီး pin နံပါတ္ေတာင္းတယ္ေတာ္ေသးတယ္ ကၽြန္ေတာ္လည္း မေပးလိုက္မိလို႔ ျပန္ဆယ္ဖို႔မွီလိုက္တယ္။ ဒါေပမယ့္ မနက္ျဖန္ ရဲစခန္းမွာ တိုင္ပင္ၿပီး အေရးယူဖို႔ ႀကိဳးစားပါမယ္။
ခင္ဗ်ားတို႔ေတြမလုပ္သင့္ဘူး တကယ္လိုအပ္ေနတဲ့သူေတြကို လႉဖို႔ေလ ခင္ဗ်ားတို႔ သံသရာကို မေၾကာက္ၾကဘူးလား ? အက်ိဳးဆက္ေတြကို မေၾကာက္ဘူးလား ? ေနာက္ဘဝမဟုတ္ဘူးေနာ္ ဒီဘဝ မွာ ခံရမွာ”လို႔ ဆိုပါတယ္။ အိစိေကြးက ပရိသတ္ေတြဆီက တစ္ေထာင္ဆီအလႉခံခဲ့ၿပီး လူနာတင္ယာဥ္တစ္စီးဝယ္ဖို႔အတြက္ လႉဒါန္းခဲ့ပါတယ္။

#Unicode

သရုပ်ဆောင် အိစိကွေးက သူ့ကိုလိမ်ဖို့ကြိုးစားတဲ့ သူကို အရေးယူပေးဖို့အတွက် ရဲစခန်းမှာ တိုင်ကြားလိုက်ပါတယ်။ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အိစိကွေးက….ညဘက်ကြီး Wave acc ကနေ ငွေ ၁ သိန်းထုတ်ပါသည်ဆိုပြီးစာတက်လာတယ် Transaction Id တွေ ပေါ်လာတယ် ပြီးလည်းပြီးရော ဖုန်းခေါ်ပြီး pin နံပါတ်တောင်းတယ်တော်သေးတယ် ကျွန်တော်လည်း မပေးလိုက်မိလို့ ပြန်ဆယ်ဖို့မှီလိုက်တယ်။ ဒါပေမယ့် မနက်ဖြန် ရဲစခန်းမှာ တိုင်ပင်ပြီး အရေးယူဖို့ ကြိုးစားပါမယ်။
ခင်ဗျားတို့တွေမလုပ်သင့်ဘူး တကယ်လိုအပ်နေတဲ့သူတွေကို လှူဖို့လေ ခင်ဗျားတို့ သံသရာကို မကြောက်ကြဘူးလား ? အကျိုးဆက်တွေကို မကြောက်ဘူးလား ? နောက်ဘဝမဟုတ်ဘူးနော် ဒီဘဝ မှာ ခံရမှာ”လို့ ဆိုပါတယ်။ အိစိကွေးက ပရိသတ်တွေဆီက တစ်ထောင်ဆီအလှူခံခဲ့ပြီး လူနာတင်ယာဥ်တစ်စီးဝယ်ဖို့အတွက် လှူဒါန်းခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here