သူ့နာမည်ကိုအသုံးချပြီး လိမ်လည်မှုတွေရှိနေတဲ့အပေါ် သတိပေးစကားဆိုတဲ့ ဒါရိုက်တာကိုပေါက်

0
143

#Zawgyi

ဒါရိုက္တာကိုေပါက္က သူ႔နာမည္ကိုအသုံးခ်ၿပီး အလႉလိုက္ခံေနၿပီး အလႉခံလို႔ရတဲ့ေငြကို ျပန္ေခ်းေပးေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး မယုံၾကည္ၾကဖို႔အတြက္ ပရိသတ္ေတြကို သတိေပးစကားဆိုခဲ့ပါတယ္။
“ကိုေပါက္ အလႉမခံပါ။ ကိုေပါက္နာမည္နဲ႔ဘာပရဟိတအသင္းမွလည္းေထာင္မထားပါဘူး။ အေၾကာင္းအရာအျပည့္အစုံကေတာ့ ကၽြန္ေတာ့နာမည္ကိုေျပာၿပီး ဒါရိုက္တာကိုေပါက္ ရဲ့အဖြဲ႕ကဆိုၿပီး ပရဟိတလုပ္ဖို႔ အလႈလိုက္ခံေနတယ္လို႔ၾကားပါတယ္။ အလႉခံၿပီး ျပန္လႉေနတယ္လို႔ ေကာလဟာလေတြျဖစ္ေနတဲ့အတြက္ ကၽြန္ေတာ့ဆီကိုဖုန္းဆက္ၿပီးပိုက္ဆံေခ်းတာေတြ၊အလႉခံတာေတြ ဒီရက္ပိုင္း ျဖစ္ေနပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ တစ္နိုင္တစ္ပိုင္ ပရဟိတ လုပ္ပါတယ္။ကိုယ့္လက္ေအာက္ငယ္သား စက္အဖြဲ႕ေတြကို ဆန္ ဆီ လႉဒါန္းျခင္း၊ ကိုယ့္ပတ္ဝန္းက်င္က အေျခခံလူတန္းစားေတြအတြက္ထမင္းနဲ႔ဟင္း /မုန္႔ဟင္းခါး စတုဒီသာေကၽြးျခင္း၊ ရပ္ကြက္ထဲ ဆန္ ဆီ ေဝျခင္းေတြကို အဆင္ေျပရင္ေျပသလို လုပ္ပါတယ္။ ပရဟိတ အသင္းေထာင္ၿပီး လုံးဝ မလုပ္ပါဘူး။ ကၽြန္ေတာ့နာမည္နဲ႔ ေငြေၾကး အလႉခံျခင္းလုံးဝ မရွိပါေၾကာင္းသတိေပးအပ္ပါသည္။ ေခတ္အေျခအေနအေပၚလုပ္စားေနၾကသည့္မသမာသူမ်ားရွိေနပါ၍ ဂ႐ုစိုက္ၾကဖို႔ အသိေပးပါသည္။ အားလုံးက်န္းမာၾကပါေစ🙏🙏🙏 ကၽြန္ေတာ္တရားဝင္ကိုယ္တိုင္သုံးတဲ့ Facebook account နဲ႔ page ေတြကေအာက္မွာျပထားတဲ့ အေကာင့္ေတြသာျဖစ္ပါေၾကာင္းအသိေပးအပ္ပါသည္။❤️ပရိသတ္ေတြအလိမ္မခံရေအာင္ share ေပးၾကပါအုံး❤️

#Unicode

ဒါရိုက်တာကိုပေါက်က သူ့နာမည်ကိုအသုံးချပြီး အလှူလိုက်ခံနေပြီး အလှူခံလို့ရတဲ့ငွေကို ပြန်ချေးပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မယုံကြည်ကြဖို့အတွက် ပရိသတ်တွေကို သတိပေးစကားဆိုခဲ့ပါတယ်။
“ကိုပေါက် အလှူမခံပါ။ ကိုပေါက်နာမည်နဲ့ဘာပရဟိတအသင်းမှလည်းထောင်မထားပါဘူး။ အကြောင်းအရာအပြည့်အစုံကတော့ ကျွန်တော့နာမည်ကိုပြောပြီး ဒါရိုက်တာကိုပေါက် ရဲ့အဖွဲ့ကဆိုပြီး ပရဟိတလုပ်ဖို့ အလှုလိုက်ခံနေတယ်လို့ကြားပါတယ်။ အလှူခံပြီး ပြန်လှူနေတယ်လို့ ကောလဟာလတွေဖြစ်နေတဲ့အတွက် ကျွန်တော့ဆီကိုဖုန်းဆက်ပြီးပိုက်ဆံချေးတာတွေ၊အလှူခံတာတွေ ဒီရက်ပိုင်း ဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နိုင်တစ်ပိုင် ပရဟိတ လုပ်ပါတယ်။ကိုယ့်လက်အောက်ငယ်သား စက်အဖွဲ့တွေကို ဆန် ဆီ လှူဒါန်းခြင်း၊ ကိုယ့်ပတ်ဝန်းကျင်က အခြေခံလူတန်းစားတွေအတွက်ထမင်းနဲ့ဟင်း /မုန့်ဟင်းခါး စတုဒီသာကျွေးခြင်း၊ ရပ်ကွက်ထဲ ဆန် ဆီ ဝေခြင်းတွေကို အဆင်ပြေရင်ပြေသလို လုပ်ပါတယ်။ ပရဟိတ အသင်းထောင်ပြီး လုံးဝ မလုပ်ပါဘူး။ ကျွန်တော့နာမည်နဲ့ ငွေကြေး အလှူခံခြင်းလုံးဝ မရှိပါကြောင်းသတိပေးအပ်ပါသည်။ ခေတ်အခြေအနေအပေါ်လုပ်စားနေကြသည့်မသမာသူများရှိနေပါ၍ ဂရုစိုက်ကြဖို့ အသိပေးပါသည်။ အားလုံးကျန်းမာကြပါစေ🙏🙏🙏 ကျွန်တော်တရားဝင်ကိုယ်တိုင်သုံးတဲ့ Facebook account နဲ့ page တွေကအောက်မှာပြထားတဲ့ အကောင့်တွေသာဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။❤️ပရိသတ်တွေအလိမ်မခံရအောင် share ပေးကြပါအုံး❤️


LEAVE A REPLY

Please enter your comment!
Please enter your name here