မီးမီးခဲရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံးနှုတ်ဆက်ပြီး ဆုတောင်းပေးခဲ့ကြတဲ့ မိသားစုဝင်များ

0
131

#Zawgyi


#Unicode

ကွယ်လွန်သူအဆိုတော်မီးမီးခဲရဲ့မိသားစုတွေဟာ မီးမီးခဲရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံးနှုတ်ဆက်ခြင်းနဲ့ ဆုတောင်းအပ်နှံခြင်းအခမ်းအနားကို အောက်တိုဘာ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မီးမီးခဲရဲ့ခင်ပွန်း Brice ဟာ သားနဲ့သမီးကို လက်ဆွဲ ပြီး မီးမီးခဲကိုနောက်ဆုံးနှုတ်ဆက်ခဲ့တဲ့မြင်ကွင်းဟာ ဝမ်းနည်းကြေကွဲစရာကောင်းလှပါတယ်။
🕊 အားလုံး ချစ်ရတဲ့ မီးမီးခဲဟာ အောက်တိုဘာလ ၁၆ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည်‌ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်…
ဒီနေ့ အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကျွန်တော်တို့မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်းဆက်ကပ်အပ်နှံခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါတယ်..
ကျွန်တော်တို့မိသားစုရဲ့ ဝမ်းနည်းဆုံးအချိန်မှာ ဆုတောင်းပေးခြင်း အားပေးခြင်း နှင့် အဖက်ဖက်မှကူညီပေးသောသူများ… လာရောက်မေတ္တာပြပေးသော သူများ နှင့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ပါတယ် 🤍
အယောက်ဆီတိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ


LEAVE A REPLY

Please enter your comment!
Please enter your name here