ဘဝမှာ ငိုတလှည့်ရယ်တလှည့်နဲ့ အချိုးအကွေ့တွေများခဲ့တယ်ဆိုတဲ့ ထက်ထက်မိုးဦး
0
233
#Zawgyi
#Unicode
ကြော်ငြာဘုရာမ အဖြစ် ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားနိုင်တဲ့ ထက်ထက်မိုးဦးက စိန်ရွှေ လက်ဝတ်ရတနာ တွေကို live sale ရောင်းချမှုမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေရတဲ့အတွက် နေ့စဥ်ရက်ဆက် အလုပ်တွေပြန်လုပ်နေရသူပါ။ ကိုဗစ်ကာလအတွင်း သူမရဲ့တကျော့ပြန်အောင်မြင်မှုတွေကိုတွေ့ရတဲ့အတွက် သူမကိုချစ်တဲ့ပရိသတ်တွေလဲ ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ အောင်မြင်မှု ကျရှုံးမှုတွေနဲ့အတူ လောကဓံတွေကိုလည်း ရင်ဆိုင်ကြုံတွေရတဲ့အခါမှာ မျက်ရည်ကျခဲ့ရတဲ့ ထက်ထက်မိုးဦးက နောက်ဆို ပရိသတ်တွေ မြင်ချင်သလိုအမြဲပြုံးနေမှာဖြစ်ကြောင်းကိုတော့…
“ထက်မငိုတော့ဘူးနော်။ပရိသတ်တွေက ထက်ကို မငိုပါနဲ့တော့တဲ့ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့။ ထက်လဲ ဘယ်ငိုချင်ပါ့မလဲ ဒါပေမယ့် ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေများလွန်းတယ်။ ငိုတခါ ရယ်တလှည့်နဲ့ တခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ။
ဒီအကယ်ဒမီရုပ်လေး ၂ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင် အားတွေရှိသွားရော။အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ရုပ် နဲ့ ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ ပရိသတ်ပဲ။ထက်မှာ ဘာမှပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်…. ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့။
ထက်လည်း ခုထက် ပိုကြိုးစားမယ်နော်။ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကို လည်းအားပေးကြပါလို့ နော်…..”လို့ ဆိုပါတယ်။
Jewel – Sein Nan Daw
Makeup – April Thuta
Stylist – Patrick Hseng သဇင်ပန်း – Hein Htet Wai Yan (Thazin Farm )
Photo – Li John
Designer – Minn Thet Saen
Location – Awei metta hotel ( punhlaing estate)
LEAVE A REPLY
Please enter your comment!
Please enter your name here