Live လွှင့်လို့ရတဲ့ အနုပညာကြေးအားလုံး လှူဒါန်းခဲ့တဲ့ မေလသံစဉ်

0
193

#Zawgyi

အဆိုေတာ္ေမလသံစဥ္က ကုန္ပစၥည္းလိုက္လႊင့္လို႔ရရွိတဲ့ အႏုပညာေငြေၾကးတိုင္း ကို လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ ျပန္လႉဒါန္းျဖစ္ေနပါတယ္။ မၾကာေသးမီက ဒဂုံဆိပ္ကမ္းမွ အိမ္ေၿခ ၂၀၀ အတြက္ ဆန္ဆီၾကက္သြန္အားလူးေဆးဝါး စုစုေပါင္း ၂၄သိန္းဖိုးလႉဒါန္းခဲ့သလို ဧရာ၀တီစင္တာမွာလည္း ေငြက်ပ္ ၂၂သိန္း ၈ေသာင္းတန္ ေအာက္စက္ဂ်င္စက္ ၃လုံး ကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။ အႏုပညာေငြေၾကးေတြကို လႉဒါန္းဖို႔ ဆုံးျဖတ္ျဖစ္တာကိုေတာ့ ေမလသံစဥ္ က
“ေမလLiveလႊင့္ၿပီး ရတဲ့အႏုပညာေငြကို လုံး၀မယူဘဲ ျပန္လႉတာ အခုဆိုရင္ ၈ခုေလာက္ရွိပါၿပီ။ ကိုဗစ္ဒုတိယလွိုင္းကစၿပီး ဆုံးျဖတ္ျဖစ္သြားတာေပါ့။ အဲဒီေနာက္ပိုင္းမွာလိုက္လႊင့္ၿပီး ေစ်းေရာင္းျဖစ္တာလဲ ပိုလုပ္ျဖစ္တယ္။ အခုအခ်ိန္ကလည္းကိုဗစ္ေရာဂါအေျခအေနကလည္း မၿပီးေသးဘူး။ ကူးစက္ႏႈန္းေတြကလည္း အရမ္းမ်ားေတာ့ လိုအပ္တဲ့ေနရာေတြလည္း ရွိမယ္။ အစားအေသာက္နဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ တျခားပစၥည္းပိုင္းနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ ရွိတဲ့အတြက္ လိုက္တိုင္းကရတဲ့အႏုပညာေၾကးတိုင္းလိုလႉမယ္လို႔ ဆုံးျဖတ္ထားတာပါ။” လို႔ေျပာပါတယ္။ ေမလသံစဥ္က အခုေနာက္ပိုင္းမွာေတာ့ ကိုဗစ္လည္း ကူးစက္မႈႏႈန္းသိပ္မေလ်ာ့ေသးတာေၾကာင့္ ေစ်းေရာင္းေပးရတာကို အမ်ားႀကီးလက္မခံျဖစ္ဘဲ တပတ္တစ္ခုေလာက္ပဲ ေရာင္းခ်ျဖစ္ေနပါတယ္။ ကိုယ္တိုင္လည္း အျပင္ထြက္ရတဲ့အခါ ဂ႐ုစိုက္ျဖစ္ေၾကာင္းကိုလည္း ေမလသံစဥ္က…..”ဒါေပမယ့္ အခုအခ်ိန္က အမွန္အတိုင္း ေျပာရရင္ ေရာဂါကူးစက္ႏႈန္းေတြကလည္းမ်ားေနေသးတယ္။ အိမ္မွာပဲ ေနေနရတဲ့အခ်ိန္ဆိုေတာ့ liveသြားလႊင့္ရင္လည္း လူတစ္ေယာက္ႏွစ္ေယာက္ပဲ ေနေပးခိုင္းတယ္။ maskေတြလည္း လူတိုင္းတပ္ၾကတယ္။ လက္သန႔္ေဆးေတြနဲ႔လဲ ေဆးျဖစ္တယ္။ ေသခ်ာေလးဂ႐ုစိုက္ၿပီးေတာ့ လုပ္ျဖစ္ပါတယ္” လို႔ေျပာပါတယ္။ေစ်းေရာင္းတဲ့အခါမွာေတာ့ ပရိသတ္ေတြနဲ႔ စကားေတြေျပာရင္း၊ သီခ်င္းေတြဆိုျပရင္း ပစၥည္းေတြျပရင္း၊ ဝယ္ယူအားေပးၾကရင္းနဲ႔ ေပ်ာ္စရာေကာင္းေၾကာင္းေျပာျပခဲ့ပါတယ္။
ခိုင္ေဝလြင္

#Unicode

အဆိုတော်မေလသံစဉ်က ကုန်ပစ္စည်းလိုက်လွှင့်လို့ရရှိတဲ့ အနုပညာငွေကြေးတိုင်း ကို လိုအပ်နေတဲ့ ပြည်သူတွေအတွက် ပြန်လှူဒါန်းဖြစ်နေပါတယ်။ မကြာသေးမီက ဒဂုံဆိပ်ကမ်းမှ အိမ်ခြေ ၂၀၀ အတွက် ဆန်ဆီကြက်သွန်အားလူးဆေးဝါး စုစုပေါင်း ၂၄သိန်းဖိုးလှူဒါန်းခဲ့သလို ဧရာ၀တီစင်တာမှာလည်း ငွေကျပ် ၂၂သိန်း ၈သောင်းတန် အောက်စက်ဂျင်စက် ၃လုံး ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ အနုပညာငွေကြေးတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ဖြစ်တာကိုတော့ မေလသံစဉ် က
“မေလLiveလွှင့်ပြီး ရတဲ့အနုပညာငွေကို လုံး၀မယူဘဲ ပြန်လှူတာ အခုဆိုရင် ၈ခုလောက်ရှိပါပြီ။ ကိုဗစ်ဒုတိယလှိုင်းကစပြီး ဆုံးဖြတ်ဖြစ်သွားတာပေါ့။ အဲဒီနောက်ပိုင်းမှာလိုက်လွှင့်ပြီး စျေးရောင်းဖြစ်တာလဲ ပိုလုပ်ဖြစ်တယ်။ အခုအချိန်ကလည်းကိုဗစ်ရောဂါအခြေအနေကလည်း မပြီးသေးဘူး။ ကူးစက်နှုန်းတွေကလည်း အရမ်းများတော့ လိုအပ်တဲ့နေရာတွေလည်း ရှိမယ်။ အစားအသောက်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် တခြားပစ္စည်းပိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ရှိတဲ့အတွက် လိုက်တိုင်းကရတဲ့အနုပညာကြေးတိုင်းလိုလှူမယ်လို့ ဆုံးဖြတ်ထားတာပါ။” လို့ပြောပါတယ်။ မေလသံစဉ်က အခုနောက်ပိုင်းမှာတော့ ကိုဗစ်လည်း ကူးစက်မှုနှုန်းသိပ်မလျော့သေးတာကြောင့် စျေးရောင်းပေးရတာကို အများကြီးလက်မခံဖြစ်ဘဲ တပတ်တစ်ခုလောက်ပဲ ရောင်းချဖြစ်နေပါတယ်။ ကိုယ်တိုင်လည်း အပြင်ထွက်ရတဲ့အခါ ဂရုစိုက်ဖြစ်ကြောင်းကိုလည်း မေလသံစဉ်က…..”ဒါပေမယ့် အခုအချိန်က အမှန်အတိုင်း ပြောရရင် ရောဂါကူးစက်နှုန်းတွေကလည်းများနေသေးတယ်။ အိမ်မှာပဲ နေနေရတဲ့အချိန်ဆိုတော့ liveသွားလွှင့်ရင်လည်း လူတစ်ယောက်နှစ်ယောက်ပဲ နေပေးခိုင်းတယ်။ maskတွေလည်း လူတိုင်းတပ်ကြတယ်။ လက်သန့်ဆေးတွေနဲ့လဲ ဆေးဖြစ်တယ်။ သေချာလေးဂရုစိုက်ပြီးတော့ လုပ်ဖြစ်ပါတယ်” လို့ပြောပါတယ်။စျေးရောင်းတဲ့အခါမှာတော့ ပရိသတ်တွေနဲ့ စကားတွေပြောရင်း၊ သီချင်းတွေဆိုပြရင်း ပစ္စည်းတွေပြရင်း၊ ဝယ်ယူအားပေးကြရင်းနဲ့ ပျော်စရာကောင်းကြောင်းပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here