ဂီတအစည်းအရုံးနဲ့ ပတ်သက်မှုမရှိလို့ သီချင်း အသုံးပြုချင်ရင်တိုက်ရိုက်ဆက်သွယ်ဖို့ပြောလိုက်တဲ့ ပိုပို

0
658

ဂီတအစည္းအ႐ုံးနဲ႔ ပတ္သက္မႈမရွိလို႔ သီခ်င္း အသုံးျပဳခ်င္ရင္တိုက္ရိုက္ဆက္သြယ္ဖို႔ေျပာလိုက္တဲ့ ပိုပို

#Zawgyi

ေတးေရးေတးဆို အေနနဲ႔ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ဦးကေတာ့ အဆိုေတာ္ပိုပိုပါ။ ပိုပိုကိုယ္တိုင္ ေရးသားသီဆိုခဲ့တဲ့ ေတးသီခ်င္း မ်ားစြာရွိၿပီး ဒီသီခ်င္းေတြကပဲ သူ႔ကို ပရိသတ္အားေပးလက္ခံတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ေစခဲ့ပါတယ္။ သီခ်င္းေတြအသုံးျပဳတဲ့ေနရာမွာ ျပသာနာေလးေတြရွိတတ္တဲ့အတြက္ သူမရဲ့သီခ်င္းေတြကို အသုံးျပဳခ်င္သူေတြအတြက္ ပိုပိုက အခုလို စာေရးသားလိုက္ပါတယ္။

ဒီ စာကေတာ့ FM Radio ေတြ ျဖစ္ေနတဲ့ ျပသနာအတြက္ပါပိုပို ရဲ့ ထြက္ထားသမၽွ သီခ်င္းေတြကို
ပိုပို ပဲ ပိုင္ပါတယ္အကယ္လို႔ အတြဲေခြ ေတြထဲက သီခ်င္းေတြကလဲ ဒဏ္ နဲ႔ မငိုပါနဲ႔ ကေလးေလးရယ္ ကလြဲလို႔ က်န္တာက producer က မလႊင့္ဖို႔
သူတစ္ေယာက္တည္းတားပိုင္ခြင့္မရွိပါ ေတးေရး ေတးဆို ပိုပို ျဖစ္ေနလို႔ပါ အခု FM ေတြ က မလႊင့္ဖို႔ တားထားတာက ဒုကၡ နဲ႔ က်မခ်စ္သူ ပါပါတယ္တဲ့ က်မ ပိုင္တာကို ဘယ္သူက တားထားတာပါလိမ့္ပိုပို႔သီခ်င္း မ်ားနဲ႔ ပက္သတ္ရင္ သိလိုသမၽွပို႔ကို ေမးပါ ေနာ္ ( တခါက ကိုက်ားက အတြဲေခြထဲ မဆိုဖို႔ အႀကံေပးတုန္းက နားမလည္ခဲ့ဘူး အခုေတာ့ ေတာ္ေတာ္ ေက်းဇူးတင္မိတယ္) ပိုပို႔ရဲ့ သီခ်င္း ေတြကို လႊင့္ဖို႔ မည္သူမွတားပိုင္ခြင့္ မရွိပါ (ပိုပိုနဲ႔ ဂီတအစည္းအ႐ုံးနဲ႔ ပတ္သတ္မႈမရွိပါ ပိုပို သီခ်င္းမ်ားကို အသုံးျပဳခ်င္ရင္ ပိုပို႔ကို ဆက္သြယ္ပါ ) လို႔ ေရးသားခဲ့ပါတယ္။

 

#Unicode

တေးရေးတေးဆို အနေနဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးကတော့ အဆိုတော်ပိုပိုပါ။ ပိုပိုကိုယ်တိုင် ရေးသားသီဆိုခဲ့တဲ့ တေးသီချင်း များစွာရှိပြီး ဒီသီချင်းတွေကပဲ သူ့ကို ပရိသတ်အားပေးလက်ခံတဲ့ အနုပညာရှင်တစ်ဦးဖြစ်စေခဲ့ပါတယ်။ သီချင်းတွေအသုံးပြုတဲ့နေရာမှာ ပြသာနာလေးတွေရှိတတ်တဲ့အတွက် သူမရဲ့သီချင်းတွေကို အသုံးပြုချင်သူတွေအတွက် ပိုပိုက အခုလို စာရေးသားလိုက်ပါတယ်။

ဒီ စာကတော့ FM Radio တွေ ဖြစ်နေတဲ့ ပြသနာအတွက်ပါပိုပို ရဲ့ ထွက်ထားသမျှ သီချင်းတွေကို
ပိုပို ပဲ ပိုင်ပါတယ်အကယ်လို့ အတွဲခွေ တွေထဲက သီချင်းတွေကလဲ ဒဏ် နဲ့ မငိုပါနဲ့ ကလေးလေးရယ် ကလွဲလို့ ကျန်တာက producer က မလွှင့်ဖို့
သူတစ်ယောက်တည်းတားပိုင်ခွင့်မရှိပါ တေးရေး တေးဆို ပိုပို ဖြစ်နေလို့ပါ အခု FM တွေ က မလွှင့်ဖို့ တားထားတာက ဒုက္ခ နဲ့ ကျမချစ်သူ ပါပါတယ်တဲ့ ကျမ ပိုင်တာကို ဘယ်သူက တားထားတာပါလိမ့်ပိုပို့သီချင်း များနဲ့ ပက်သတ်ရင် သိလိုသမျှပို့ကို မေးပါ နော် ( တခါက ကိုကျားက အတွဲခွေထဲ မဆိုဖို့ အကြံပေးတုန်းက နားမလည်ခဲ့ဘူး အခုတော့ တော်တော် ကျေးဇူးတင်မိတယ်) ပိုပို့ရဲ့ သီချင်း တွေကို လွှင့်ဖို့ မည်သူမှတားပိုင်ခွင့် မရှိပါ
(ပိုပိုနဲ့ ဂီတအစည်းအရုံးနဲ့ ပတ်သတ်မှုမရှိပါ ပိုပို သီချင်းများကို အသုံးပြုချင်ရင် ပိုပို့ကို ဆက်သွယ်ပါ ) လို့ ရေးသားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here