အလှူအတန်းတွေအများကြီး လုပ်လေ့ရှိတဲ့သရုပ်ဆောင် စမိုင်းက တစ်ပိုင်တနိုင် စီးပွားရေးလုပ်သူများအတွက် အစီအစဥ် ကောင်းတစ်ခုကို ပြောပြလိုက်ပါတယ်
0
471
#Zawgyi
စီးပွါးရေးကျပ်တည်းနေတဲ့အခုလိုအချိန်မှာ တစ်ပိုင်တစ်နိုင်စီးပွါးရေးလေးလုပ်သူများအတွက်အထူးအခွင့်အရေးလေးဖြစ်မဲ့ Smile Mart Post လေးကိုစောင့်ကြည့်ရင်းစီးပွါးတွေတိုးတက်ပြီးအောင်မြင်ချမ်းသာကြပါစေရှင်။
#Unicode
ကြာသာပတေးနေ့တိုင်းကျမရဲ့ Page မှာ Smile Mart ဆိုပြီး Post တင်ပေးပါမယ်။ အဲဒီပိုစ့်ရဲ့အောက်မှာ မိမိတို့ ရောင်းလိုဝယ်လိုသူများ လာရောက်ရောင်းချဝယ်ယူနိုင်ပါတယ်။
Small business တွေအနေနဲ့ Page ထောင်ပြီး Boost လုပ်ရင်ငွေကုန်ကြေးကျများသောကြောင့် တော်ရုံအသေးစားစီးပွါးရေးသမားတွေ အခုလိုကိုဗစ်အချိန်မှာတစ်ပိုင်တစ်နိုင်စီးပွါးလုပ်နေသူတွေအတွက် ကြော်ငြာခပေးဖို့အများကြီးမတတ်နိုင်သူများအတွက်အထူးရည်ရွယ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်။ အစားအသောက် အဝတ်အထည် အသုံးအဆောင်ကုန်ပစ္စည်းတွေအကုန် Smile Mart Post အောက်မှာရောင်းနိုင်ဝယ်နိုင်ပါတယ်။ အဲဒီ့ထဲကမှ အားလုံးအတွက်အဆင်ပြေမဲ့ပစ္စည်းသို့မဟုတ် Smile ကိုယ်တိုင်ကြိုက်တဲ့ပစ္စည်းများရှိပါက Smile ကိုယ်တိုင်ရွေးပြီး ကုန်ပစ္စည်းအား ( အခမဲ့ ) ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။
လူသန်းပေါင်းများစွာကြည့်တဲ့ Smile ရဲ့ Page ကနေလူကြိုက်များသွားရင် မိမိရဲ့စီးပွါးရေးလည်းအဆင်ပြေအောင်မြင်သွားနိုင်ပါတယ်။ ကုသိုလ်တစ်ခုအနေနဲ့ ကျမရဲ့page ကိအသုံးချပြီးမိမိရဲ့ကိုယ်ပိုင်စီးပွါးရေးတစ်ခုအောင်မြင်ဖို့အခွင့်အရေးကို ကြာသာပတေးနေ့တိုင်း ည၈ တွင် Smile Mart ကိုစျေးဖွင့်ပြီး ၂၄နာရီအတွင်းအရောင်းအဝယ်များပြုလုပ်နိုင်ပါတယ်။ ၂၄နာရီပြည့်သွားပါကအဲဒီ့ပိုစ့်ကိုဖျက်ပြီး နောက်အပတ်ကြာသာပတေးနေ့တွင်ပြန်လည်ဖွင့်လစ်သွားပါမယ်။
စီးပွါးရေးကျပ်တည်းနေတဲ့အခုလိုအချိန်မှာ တစ်ပိုင်တစ်နိုင်စီးပွါးရေးလေးလုပ်သူများအတွက်အထူးအခွင့်အရေးလေးဖြစ်မဲ့ Smile Mart Post လေးကိုစောင့်ကြည့်ရင်းစိီးပွါးတွေတိုးတက်ပြီးအောင်မြင်ချမ်းသာကြပါစေရှင်။
LEAVE A REPLY
Please enter your comment!
Please enter your name here