ချစ်သူနဲ့မတွေ့တာကြာတော့ သွေးအေးချင်နေပြီ ပက်ထရစ်ရှာ

0
318

ခ်စ္သူနဲ႔မေတြ႕တာၾကာေတာ့ ေသြးေအးခ်င္ေနၿပီ ပက္ထရစ္ရွာ

#Zawgyi

သ႐ုပ္ေဆာင္ပက္ထရစ္ရွာကေတာ့ အႏုပညာအလုပ္ေတြနားထားရတဲ့အခ်ိန္ ပရိသတ္နဲ႔အဆက္အသြယ္မျပတ္သြားေအာင္ ဓာတ္ပုံေလးေတြဆက္တိုက္တင္ျဖစ္ေနတယ္လို႔ သိရပါတယ္။ဆိုရွယ္မီဒီယာေပၚမွာ ပရိသတ္အတြက္ ဓာတ္ပုံအမိုက္စားေလးေတြတင္ျဖစ္တာနဲ႔ပတ္သက္ၿပီး ပက္ထရစ္ရွာက” ကိုဗစ္ေရာဂါေၾကာင့္ညီမတို႔အႏုပညာအလုပ္ေတြမလုပ္ဘဲအိမ္မွာေနရတဲ့အခ်ိန္ ပရိသတ္ေတြနဲ႔အဆက္အသြယ္မျပတ္ေအာင္ အိမိမွာေနရင္းလုပ္လို႔ရတဲ့အႏုပညာအလုပ္ေလးေတြလုပ္ျဖစ္ပါတယ္။ၿပီးေတာ့တခါတေလအလုပ္ကိစၥေၾကာင့္ မျဖစ္မေနအျပင္ထြက္ရၿပီဆိုရင္ တခါထဲပဲ အက်ီ္ေတြအမိုက္စားေတြဝတ္ၿပီး ဓာတ္ပုံပါရိုက္ၿပီး ပရိသတ္ေတြကိုပုံစံအမ်ိဳးမ်ိဳးဆိုရွယ္မီဒီယာေပၚမွာ ညီမရဲ့ပရိသတ္အတြက္ ပုံေလးေတြတင္ေပးျဖစ္ပါတယ္။ပရိသတ္နဲ႔အဆက္အသြယ္မျပတ္သြားေအာင္အိမ္မွာေနရင္းနဲ႔အႏုပညာအလုပ္ေလးေတြ ကမ္းလွမ္းလာရင္ လုပ္ျဖစ္ပါတယ္။” လို႔ေျပာပါတယ္။

ကိုဗစ္ေရာဂါေတြေၾကာင့္ အိမ္အျပင္မထြက္ရတဲ့အတြက္ ကိုဗစ္ႀကီးၿပီးရက္ ခ်စ္သူနဲ႔ခရီးေတြထြက္ခ်င္တဲ့အေၾကာင္းကိုလည္း ပက္ထရစ္ရွာက” ကိုဗစ္ေရာဂါေတြေၾကာင့္အကုန္လုံး အိမ္မွာေနေနရတဲ့အခ်ိန္ေတြက အခုဆိုေတာ္ေတာ္ၾကာၿပီေပါ့ေနာ္။ကိုဗစ္ႀကီးၿပီးရင္ ခရီးေတြအမ်ားႀကီးသြားခ်င္တယ္။သူငယ္ခ်င္းေတြနဲ႔ေကာမိသားစုေတြနဲ႔ေကာခရီးေတြသြားခ်င္တယ္။အဓိကကေတာ့ ခ်စ္သူနဲ႔ ခရီးသြားၿပီး စိတ္အပန္းေျဖခ်င္တယ္။ဘာျဖစ္လို႔လဲဆိုေတာ့ လေတြအမ်ားႀကီးအိမ္မွာေနရတဲ့အခ်ိန္က်ေတာ့ ေလေကာင္းေလသန္႔ေတြအမ်ားႀကီး႐ူၿပီးတစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ခရီးေတြကို ခ်စ္သူနဲ႔သြားခ်င္တယ္။ခ်စ္သူတဲ့ကလည္း သူကနိုင္ငံျခားသားဆိုေတာ့သူ႔နိုင္ငံကိုသူျပန္သြားတာ ကိုဗစ္ေတြစစျဖစ္တဲ့ ေဖေဖာ္ဝါရီလထဲကျပန္သြားတာဆိုေတာ့ အခုဆိုေတာ္ေတာ္ၾကာၿပီ။သူ႔ဘက္ကေန႔တိုင္းဖုန္းေတြဆက္ေပမယ့္ ကိုယ့္ဘက္ကေတာ့တစ္ေယာက္နဲ႔အေနေတြေဝးသြားေတာ့ ေသြးေအးခ်င္ေနပီ။ေနာက္ထပ္နဲနဲၾကာေအာင္မေတြ႕ရရင္ေတာ့ ညီမတို႔ႏွစ္ေယာက္ျပတ္သြားၾကလိမ့္ထင္တယ္။သူ႔ဘက္ကေတာ့ ညီမဆီေန႔တိုင္းဖုန္းဆက္ၿပီး အရမ္းဂ႐ုစိုက္ပါတယ္။ညီမကစိတ္မရွည္ရင္မကိုင္တာမ်ားေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္မေတြ႕ရတာလည္းေတာ္ေတာ္ၾကာေတာ့ ေသြးေအးေနပါၿပီ။” လို႔အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။
သဲစုလွိုင္

#Unicode

သရုပ်ဆောင်ပက်ထရစ်ရှာကတော့ အနုပညာအလုပ်တွေနားထားရတဲ့အချိန် ပရိသတ်နဲ့အဆက်အသွယ်မပြတ်သွားအောင် ဓာတ်ပုံလေးတွေဆက်တိုက်တင်ဖြစ်နေတယ်လို့ သိရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်အတွက် ဓာတ်ပုံအမိုက်စားလေးတွေတင်ဖြစ်တာနဲ့ပတ်သက်ပြီး ပက်ထရစ်ရှာက” ကိုဗစ်ရောဂါကြောင့်ညီမတို့အနုပညာအလုပ်တွေမလုပ်ဘဲအိမ်မှာနေရတဲ့အချိန် ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင် အိမိမှာနေရင်းလုပ်လို့ရတဲ့အနုပညာအလုပ်လေးတွေလုပ်ဖြစ်ပါတယ်။ပြီးတော့တခါတလေအလုပ်ကိစ္စကြောင့် မဖြစ်မနေအပြင်ထွက်ရပြီဆိုရင် တခါထဲပဲ အကျီ်တွေအမိုက်စားတွေဝတ်ပြီး ဓာတ်ပုံပါရိုက်ပြီး ပရိသတ်တွေကိုပုံစံအမျိုးမျိုးဆိုရှယ်မီဒီယာပေါ်မှာ ညီမရဲ့ပရိသတ်အတွက် ပုံလေးတွေတင်ပေးဖြစ်ပါတယ်။ပရိသတ်နဲ့အဆက်အသွယ်မပြတ်သွားအောင်အိမ်မှာနေရင်းနဲ့အနုပညာအလုပ်လေးတွေ ကမ်းလှမ်းလာရင် လုပ်ဖြစ်ပါတယ်။” လို့ပြောပါတယ်။

ကိုဗစ်ရောဂါတွေကြောင့် အိမ်အပြင်မထွက်ရတဲ့အတွက် ကိုဗစ်ကြီးပြီးရက် ချစ်သူနဲ့ခရီးတွေထွက်ချင်တဲ့အကြောင်းကိုလည်း ပက်ထရစ်ရှာက” ကိုဗစ်ရောဂါတွေကြောင့်အကုန်လုံး အိမ်မှာနေနေရတဲ့အချိန်တွေက အခုဆိုတော်တော်ကြာပြီပေါ့နော်။ကိုဗစ်ကြီးပြီးရင် ခရီးတွေအများကြီးသွားချင်တယ်။သူငယ်ချင်းတွေနဲ့ကောမိသားစုတွေနဲ့ကောခရီးတွေသွားချင်တယ်။အဓိကကတော့ ချစ်သူနဲ့ ခရီးသွားပြီး စိတ်အပန်းဖြေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လတွေအများကြီးအိမ်မှာနေရတဲ့အချိန်ကျတော့ လေကောင်းလေသန့်တွေအများကြီးရူပြီးတစ်မြို့ပြီးတစ်မြို့ခရီးတွေကို ချစ်သူနဲ့သွားချင်တယ်။ချစ်သူတဲ့ကလည်း သူကနိုင်ငံခြားသားဆိုတော့သူ့နိုင်ငံကိုသူပြန်သွားတာ ကိုဗစ်တွေစစဖြစ်တဲ့ ဖေဖော်ဝါရီလထဲကပြန်သွားတာဆိုတော့ အခုဆိုတော်တော်ကြာပြီ။သူ့ဘက်ကနေ့တိုင်းဖုန်းတွေဆက်ပေမယ့် ကိုယ့်ဘက်ကတော့တစ်ယောက်နဲ့အနေတွေဝေးသွားတော့ သွေးအေးချင်နေပီ။နောက်ထပ်နဲနဲကြာအောင်မတွေ့ရရင်တော့ ညီမတို့နှစ်ယောက်ပြတ်သွားကြလိမ့်ထင်တယ်။သူ့ဘက်ကတော့ ညီမဆီနေ့တိုင်းဖုန်းဆက်ပြီး အရမ်းဂရုစိုက်ပါတယ်။ညီမကစိတ်မရှည်ရင်မကိုင်တာများတော့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာလည်းတော်တော်ကြာတော့ သွေးအေးနေပါပြီ။” လို့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here