ဖိုးေသာ္အတြက္ ဆုေတာင္းစကား ေျပာခဲ့တဲ့ ေအာင္လအန္ဆန္

0
104

Unicode

MMA ဖိုက်တာ လက်ဝှေ့သမား ဖိုးသော်က မေလ၅ရက်နေ့ ညပိုင်းမှာ ဗုံးထိမှန်ခဲ့တာပဲဖြစ်ပါတယ်။ဗုံးထိမှန်ခဲ့အတွက် သူ့ရဲ့ အောက်ပိုင်း ၅၀ရာခိုင်နှုန်းက အခြေအနေဆိုး သွားတယ်လို သိရပါတယ်။ ဖိုးသော် ဗုံးထိမှန်ခဲ့တာကို သူ့ရဲ့ မိတ်ဆွေတွေ ပရိသတ်တွေက ဆုတောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။

ဖိုးသော်ရဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ဟာဆိုရင်လည်း သူငယ်ချင်းဖြစ်သူ ဖိုးသော်အတွက် စိတ်မကောင်းကြောင်းကို သူ့ ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ အခုလိုပဲ ရေးသားထားပါတယ်။

“ အရမ်းကောင်းတဲ့ သူငယ်ချင်း ကိုဖိုးသော်အတွက် စိတ်မကောင်း ဖြစ်ရတယ်။ သတင်းတွေအရ မတော်တဆ ဗုံးပေါက်ကွဲမှုတွေမှာ သူပါဝင်ခဲ့တယ်လို သိရတယ်။ သူ့ကိုစသိတဲ့အချိန်မှာ ဖိုးသော်ဟာ လူကြီး လူကောင်းဆန်တယ်၊ စိတ်ထားကောင်းတယ်၊ သူဟာပုံမှန်ချိန်တွေဆို သွေးလှူတယ်၊သူတက်နိုင်တာလေးတွေနဲ့ ပတ်ဝန်းကျင်ကိုကူညီတယ်။ငါဆုတောင်းပါတယ် သူကျန်းမာပြီး အန္တရာယ်ကင်းပါစေလို ဆုတောင်းတယ်”ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

Zaw Gyi

MMAဖိုက္တာ လက္ေဝွ႕သမား ဖိုးေသာ္က ေမလ ၅ရက္ေန႔ ညပိုင္းမွာ ဗုံးထိမွန္ခဲ့တာပဲျဖစ္ပါတယ္။ ဗုံးထိမွန္ခဲ့ အတြက္ သူ႔ရဲ့ ေအာက္ပိုင္း ၅၀ရာခိုင္ႏႈန္းက အေျခအေန ဆိုးသြားတယ္လို သိရပါတယ္။ ဖိုးေသာ္ ဗုံးထိမွန္ခဲ့တာကို သူ႔ရဲ့ မိတ္ေဆြေတြ ပရိသတ္ေတြ က ဆုေတာင္းေပးေနတာကိုလည္း ေတြ႕ရပါတယ္။

ဖိုးေသာ္ရဲ့ သူငယ္ခ်င္း တစ္ဦးျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ ဆိုရင္လည္း သူငယ္ခ်င္းျဖစ္သူ ဖိုးေသာ္အတြက္ စိတ္မေကာင္းေၾကာင္းကို သူ႔ရဲ့ ေဖ့ဘုတ္စ္ အေကာင့္မွာ အခုလိုပဲ ေရးသားထားပါတယ္။

“ အရမ္းေကာင္းတဲ့ သူငယ္ခ်င္း ကိုဖိုးေသာ္အတြက္ စိတ္မေကာင္းျဖစ္ရတယ္။ သတင္းေတြအရ မေတာ္တဆ ဗုံးေပါက္ကြဲမႈေတြမွာ သူပါဝင္ခဲ့တယ္လို႔ သိရတယ္။ သူ႔ကိုစသိတဲ့အခ်ိန္မွာ ဖိုးေသာ္ဟာ လူႀကီးလူေကာင္းဆန္တယ္၊ စိတ္ထားေကာင္းတယ္၊ သူဟာ ပုံမွန္ခ်ိန္ေတြဆို ေသြးလႉတယ္၊ သူတက္နိုင္တာေလးေတြနဲ႔ ပတ္ဝန္းက်င္ကို ကူညီတယ္။ သူက်န္းမာၿပီး အႏၲရာယ္ကင္းပါေစလို႔ ဆုေတာင္းတယ္” ဆိုၿပီး သူ႔ရဲ့ ေဖ့ဘုတ္စ္ အေကာင့္မွာ ေရးသားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here