ေျမဂရံ၊ အိမ္စာခ်ဳပ္နဲ႔ ေငြသားေတြပါ ေဖာက္ထြင္းခံလိုက္ရတဲ့ သ႐ုပ္ေဆာင္ ကိုကိုဦးတို႔အိမ္

0
173

Unicode

ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ပရိသတ် အားပေးမှု တခဲနက်ရရှိထားတဲ့ ဇာတ်ပိုသရုပ်ဆောင် ကိုကိုဦးဟာ ပျော်ရွှင် သာယာတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ကိုကိုဦးရဲ့ အိမ်ကို မေလ၇ရက်နေ့၊ နေ့လည်၁၂နာရီနဲ့၁နာရီကြားမှာ ဖောက်ထွင်းခံခဲ့ရတဲ့ အကြောင်း ကိုကိုဦး ရဲ့သားဖြစ်သူ မော်ဒယ် သီဟအောင်က သူ့ရဲ့ ဖေ့ဘုတ့်စ်အကောင့်မှာ အခုလိုပဲ တင်ထားတာပါတယ်။

“ကျွန်တော့်အိမ်နေ့လည် ၁၂နာရီ ၁နာရီဝန်းကျင်မှာ အပြင်ခနထွက်နေချိန် အိမ်ဖောက်ခံ လိုက်ရပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်း မြေဂရံ စာချုပ်များ၊ ကားစာအုပ်နဲ့ ငွေသား၂သိန်းကျော်ပါသွားပြီး သူ့ရဲ့ ပရိသတ်တွေပေးတဲ့ပစ္စည်းတွေပါ ပါသွား တယ်။”လို သိရပါတယ်။

မိဘတွေ မရှိတဲ့အချိန်မှ ဝင်ရောက်ဖောက်ထွင်းတာခံလိုက်ရကြောင်းကိုလည်း သီဟအောင်က ပေါ်ပြူလာကို အခုလိုပဲပြော ထားပါ တယ်။

“ ကျွန်တော်က အဖေနဲ့အမေ နဲ့ပဲတူတူနေတာပါ။ အရင်နေ့ကဆို အဖေနဲ့အမေက အဲ့အချိန် အိမ်မှာရှိတယ်။ ဒီနေ့ကျမှ အဖေနဲ့ အမေမရှိတဲ့ အချိန် ဝင်ပြီးဖောက်သွားတာ” လို ပြောပါတယ်။

Zaw Gyi

ဗီဒီယိုဇာတ္ကားေတြ၊႐ုပ္ရွင္ဇာတ္ကားေတြမွာ ပရိသတ္အားေပးမွုတခဲနက္ရရွိထားတဲ့ ဇာတ္ပိုသ႐ုပ္ေဆာင္ကိုကိုဦးဟာ ေပ်ာ္ရႊင္သာယာတဲ့ မိသားစုဘဝကိုပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ကိုကိုဦးရဲ့ အိမ္ကို ေမလ၇ရက္ေန႔၊ေန႔လည္၁၂နာရီနဲ႔၁နာရီၾကားမွာ ေဖာက္ထြင္းခံခဲ့ရတဲ့အေၾကာင္း ကိုကိုဦးရဲ့သားျဖစ္သူ ေမာ္ဒယ္သီဟေအာင္က သူ႔ရဲ့ ေဖ့ဘုတ့္စ္အေကာင့္မွာ အခုလိုပဲတင္ထားတာပါတယ္။

“ကၽြန္ေတာ့္အိမ္ေန႔လည္ ၁၂နာရီ၁နာရီဝန္းက်င္မွာ အျပင္ခနထြက္ေနခ်ိန္အိမ္ေဖာက္ခံလိုက္ရပါတယ္။အေရးႀကီးတဲ့စာရြက္စာတမ္း ေျမဂရံ စာခ်ဳပ္မ်ား၊ကားစာအုပ္နဲ႔ ေငြသား၂သိန္းေက်ာ္ပါသြားၿပီး သူ႔ရဲ့ ပရိသတ္ေတြေပးတဲ့ပစၥည္းေတြပါ ပါသြားတယ္။”လို သိရပါတယ္။

မိဘေတြမရွိတဲ့အခ်ိန္မွ ဝင္ေရာက္ေဖာက္ထြင္းတာခံလိုက္ရေၾကာင္းကိုလည္း သီဟေအာင္က ေပၚျပဴလာကိုအခုလိုပဲေျပာထားပါတယ္။

“ ကၽြန္ေတာ္ကအေဖနဲ႔အေမနဲ႔ပဲတူတူေနတာပါ။အရင္ေန႔ကဆို အေဖနဲ႔အေမကအဲ့အခ်ိန္အိမ္မွာရွိတယ္။ဒီေန႔က်မွ အေဖနဲ႔အေမမရွိတဲ့အခ်ိန္ ဝင္ၿပီးေဖာက္သြားတာ” လို ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here