ကိုယ်ပိုင်လက်စွပ် ကိုပေါင်ပြီး ဒုက္ခရောက်နေတဲ့ သူတွေကို လှူဒါန်းခဲ့တဲ့ `ဝေလု´

0
143

ဇာတ်လမ်းတွဲအများဆုံးမှာ ဇာတ်ပိုသရုပ်ဆောင်အဖြစ်ပရိသတ်အများဆုံးတွေ့ရတဲ့ သရုပ်ဆောင်ဝေလုဟာ လတ်တလောမှာ သူ့ရဲ့ အနုပညာကြေးလေးတွေ နဲ့အခက်အခဲဖြစ်နေတဲ့ ပြည်သူတချိူကို အလှူအတန်းများပြုလုပ်လျက်ရှိပါတယ်။

အနုပညာအလုပ်တွေမလုပ်ရတဲ့အချိန်မှာ ခက်ခဲတဲ့ပြည်သူတွေကို လှူဖို သူ့ရဲ့ လက်စွပ်လေးကိုပေါင်ပြီး ရှိတဲ့ပိုက်ဆံလေးနဲ့ လှူဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘုတ်စ်မှာ ရေးသားထားပါတယ်။

“ ကျွန်တော့်ဘဝပါပဲ
မနက်အစောကြီးလည်း ထစရာမလိုဘူး
အချိန်အကြာကြီးလည်း
ဒုက္ခခံ တန်းစီစရာမလိုဘူး
လှူတန်းနေလို အထင်ကြီးပြီး
အိမ်လာရှာမယ်ဆိုလည်း
ဖမ်းလိုရတဲ့ သိန်းနှစ်ရာမပြောနဲ့
နှစ်သိန်းတောင်မပြည့်တော့
စိတ်ပူစရာလည်း မလိုပါဘူး 😁😁

ဒါပေမဲ့ပေါ့ …
ကျွန်တော် မြင်တွေ့ထားတဲ့နေရာတွေ
ကျွန်တော်လာခဲ့ပါမယ်လို
ဂတိပေးထားတဲ့ သူတွေကိုတော့
ကျွန်တော့်ကိုမျှော်နေမှာ
တကယ် စိတ်ပူမိပါတယ် 🥺🥺

ဒါကြောင့်ပါပဲ …
ကျွန်တော်မြတ်နိုးတဲ့ တချိုအရာတွေကို
ကျွန်တော့်အိမ်ထက်
ပိုပြီးစိတ်ချလုံခြုံရတဲ့နေရာတွေမှာ
တစ်ခုပြီး တစ်ခုသိမ်းထားမိပါတယ် 😢😢
ကျွန်တော်က ကွက်လပ်ဖြည့်တဲ့
`ဝေလု´ပါ “ ဆိုပြီး ရေးသားထားပါတယ်။

Zaw Gyi

ဇာတ်လမ်းတွဲအများဆုံးမှာ ဇာတ်ပိုသရုပ်ဆောင်အဖြစ်ပရိသတ်အများဆုံးတွေ့ရတဲ့ သရုပ်ဆောင်ဝေလုဟာ လတ်တလောမှာ သူ့ရဲ့ အနုပညာကြေးလေးတွေနဲ့အခက်အခဲဖြစ်နေတဲ့ ပြည်သူတချိုကို အလှူအတန်းများပြုလုပ်လျက်ရှိပါတယ်။


“ ကျွန်တော့်ဘဝပါပဲ
အချိန်အကြာကြီးလည်း
အိမ်လာရှာမယ်ဆိုလည်း

ဒါပေမဲ့ပေါ့ …
တကယ် စိတ်ပူမိပါတယ် 🥺🥺

ဒါကြောင့်ပါပဲ …
ကျွန်တော့်အိမ်ထက်


LEAVE A REPLY

Please enter your comment!
Please enter your name here