မစ်မစ်တုန်လေး တစ်နှစ်ပြည့်အတွက် အဝေးကနေ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဖေဖေ Rဇာနည်

0
127

Unicode

ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်တဲ့ အဆိုတော် Rဇာနည်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ ခေတ်ကာလ အခြေအနေတွေမှာ ပရိသတ်နဲ့အတူ တသားတည်း ရှိနေပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခြေအနေ တခုကြောင့် Rဇာနည်က အဝေးရောက်နေတာဖြစ်တဲ့ အတွက် သမီးငယ်လေး မစ်မစ်တုန် @မေဘုန်းဇာနည်လေး တစ်နှစ်ပြည့် အတွက် အဝေးကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

“Happy Birthday 🎊🎉🎂🎁🎈 သမီးငယ်
မစ်မစ်လေး သမီးရဲ့ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အတူ ရှိမနေနိုင်တာ sorry ပါနော် ။ပါပါး သမီးလေးကို အရမ်းလဲ လွမ်းတယ် အရမ်းလဲ ချစ်တယ်နော် ။ သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပြီး ဘာသာ သာသနာအကျိုး လူသား အားလုံးအကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို
ပါပါးဆုတောင်းပေးပါတယ် l love you Baby လေး ❤️❤️❤️ ။

ဖေဖေ နဲ့ ပျော်စရာမိသားစုလေး အမြန်ဆုံး ဆုံစည်းနိုင်ပြီး မွေးနေ့နှစ်-၁၀၀ ကျော်တိုင် ပျော်ရွှင် ချမ်းမြေ့ပါစေ သမီးလေးရေ 🥰🥰🥰” လို သူ့ရဲ့ဖေ့ဘုတ်စ် မှာရေးသားဆုတောင်း ထားပါတယ်။

Zaw Gyi





LEAVE A REPLY

Please enter your comment!
Please enter your name here