အမှန် မဟုတ်တဲ့ ပိုင်တံခွန် ထောင် ဒဏ် ၇နှစ် ချမှတ်ခံရတယ် ဆိုတဲ့သတင်း

0
341

လတ်တလော နိုင်ငံရေး အခြေနေ များကြောင့် ၅၀၅(က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာ ယခုဆိုရင် ထောင်ထဲရောက်ရှိနေတာ အချိန် ၁ လကျော်ပြီဖြစ်ပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာ ပိုင်တံခွန်ဟာ ထောင်ဒဏ် ၇ နှစ် ချမှတ် ခံလိုက်ရပြီ ဆိုတဲ့ သတင်းများ social media ထက်မှာ ပျံ့နှံလျက် ရှိပါတယ်။

ဒီသတင်း နဲ့ပတ်သက်ပြီး ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးက ဒီသတင်းဟာ မဟုတ်မမှန်ကြောင်း၊ ကောလဟာလ တစ်ခု သာဖြစ်ကြောင်း ရှင်းပြထားပါတယ်။ ဒါ့အပြင် သူမက “မိသားစုဝင်တွေ တင်တာက လွဲရင် ဘာကိုမှမယုံကြပါနဲ့ဗျ။ ဖြစ်နိုင်ရင်တော့ သူနဲ့ပတ်သက်ပြီးဘာဆို ဘာမှ မတင်ကြပါနဲ့ တောင်းဆိုပါတယ်။ တစ်ခုခုဆို ဒီအကောင့်ကနေ ကျွန်တော် တင်ပေးမှာပါ။ မိသားစုဝင်တွေ အတည်ပြုပေးမှသာ သတင်းတွေကို ယုံစေချင်ပါတယ်၊ share စေချင်ပါတယ်ဗျာ တောင်းဆိုပါတယ်။ လျှောက်ပြော၊ လျှောက် မဖြန့်ကြပါနဲ့” လို သူမရဲ့ facebook စာမျက်နှာမှာ ပြောထားပါတယ်။

Zaw Gyi

လတ္တေလာ ႏိုင္ငံေရး အေျခေန မ်ားေၾကာင့္ ၅၀၅(က) ျဖင့္ တရားစြဲဆို ဖမ္းဆီး ခံထားရတဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ယခုဆိုရင္ ေထာင္ထဲေရာက္ရွိေနတာ အခ်ိန္ ၁ လေက်ာ္ၿပီျဖစ္ပါတယ္။ ယခု ရက္ပိုင္းအတြင္းမွာ ပိုင္တံခြန္ဟာ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ ခံလိုက္ရၿပီ ဆိုတဲ့ သတင္းမ်ား social media ထက္မွာ ပ်ံ႕ႏွံလ်က္ ရွိပါတယ္။ဒီသတင္း နဲ႔ပတ္သက္ၿပီး ပိုင္တံခြန္ရဲ႕ အစ္မျဖစ္သူ ေမခ်စ္ေသြးက ဒီသတင္းဟာ မဟုတ္မမွန္ေၾကာင္း၊ ေကာလဟာလ တစ္ခု သာျဖစ္ေၾကာင္း ရွင္းျပထားပါတယ္။ ဒါ့အျပင္ သူမက “မိသားစုဝင္ေတြ တင္တာက လြဲရင္ ဘာကိုမွမယုံၾကပါနဲ႔ဗ်။ ျဖစ္ႏိုင္ရင္ေတာ့ သူနဲ႔ပတ္သက္ၿပီးဘာဆို ဘာမွ မတင္ၾကပါနဲ႔ ေတာင္းဆိုပါတယ္။ တစ္ခုခုဆို ဒီအေကာင့္ကေန ကြၽန္ေတာ္ တင္ေပးမွာပါ။ မိသားစုဝင္ေတြ အတည္ျပဳေပးမွသာ သတင္းေတြကို ယုံေစခ်င္ပါတယ္၊ share ေစခ်င္ပါတယ္ဗ်ာ ေတာင္းဆိုပါတယ္။ ေလွ်ာက္ေျပာ၊ ေလွ်ာက္ မျဖန႔္ၾကပါနဲ႔” လို သူမရဲ႕ facebook စာမ်က္ႏွာမွာ ေျပာထားပါတယ္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here