ဆိုင်းရောင်းဖို့ အတွက်ပြင်ဆင်နေတဲ့ ဆိုင်းဆရာ ထက်အာကာ

0
389

Unicode

မေလ ၁၄ရက်နေ့ မှာတော့ ဆိုင်းဆရာ ထက်အာကာ က သူကိုယ်တိုင်တီးခတ်နေတဲ့ လေးပြားမင်္ဂလာဝိုင်း ပဉ္စရူပနယားကြီး အပါအဝင် ဆိုင်းတူရိယာ ပစ္စည်းအပြည့်အစုံ (လက်တင်တီး) ကို ရောင်းပါမည် ဆိုတဲ့ post တစ်ခုကို သူ့ရဲ့ facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးမှာ လေးပြား မင်္ဂလာဆိုင်း၊ သုံးပြားမင်္ဂလာဆိုင်း၊ တစ်ပြားမင်္ဂလာဆိုင်း ဟုရှိရာ ယခုရောင်းချမှာက လေးပြားမင်္ဂလာဆိုင်း အမျိုးအစားဖြစ်ပါတယ်။

ဆိုင်းဆရာ ထက်အာကာက “ကျွန်တော့ ဆိုင်းဟာ ကျွန်တော့်ရဲ့ နိုင်ငံတကာ ခရီးစဉ်များစွာ နဲ့ တေးသီချင်းများ၊ လူသိခဲ့တဲ့ Project များစွာမှာ တီးခတ်ခဲ့တဲ့ သံယောဇဉ်ဖြစ်ရတဲ့ အမှတ်တရများစွာနဲ့ ဒီဆိုင်းကို လိုအပ်ချက်အရ ရောင်းပါရ‌စေခင်ဗျာ။ ဒီကာလမှာ လူတိုင်းခက်ခဲနေကြတဲ့ အထဲ ကျွန်တော်လည်း အပါအဝင်မို့ မတင်ချင်ဘဲ တင်လိုက်ရပါတယ်။” လိုပြောထားပါတယ်။ ဒါ့အပြင် ပတ္တမြားကေခိုင် ကလည်း “ရွာစား တစ်ယောက် သူ့ဆိုင်းဝိုင်းကို ရောင်းဖို့ ဆုံးဖြတ်ရတာဟာ သူ့အသည်းနှလုံးကို ထုတ်ပေး လိုက်ရတာပါပဲ” ဟု ပြန်လည်မျှဝေဖော်ပြထားပါတယ်။

Zaw Gyi

ဆိုင္းေရာင္းဖို႔ အတြက္ျပင္ဆင္ေနတဲ့ ဆိုင္းဆရာ ထက္အာကာ

ေမလ ၁၄ရက္ေန႔ မွာေတာ့ ဆိုင္းဆရာ ထက္အာကာ က သူကိုယ္တိုင္တီးခတ္ေနတဲ့ ေလးျပားမဂၤလာဝိုင္း ပၪၥ႐ူပနယားႀကီး အပါအဝင္ ဆိုင္းတူရိယာ ပစၥည္းအျပည့္အစုံ (လက္တင္တီး) ကို ေရာင္းပါမည္ ဆိုတဲ့ post တစ္ခုကို သူ႔ရဲ႕ facebook စာမ်က္ႏွာမွာ တင္ခဲ့ပါတယ္။ ျမန္မာ့ဆိုင္းဝိုင္းႀကီးမွာ ေလးျပား မဂၤလာဆိုင္း၊ သုံးျပားမဂၤလာဆိုင္း၊ တစ္ျပားမဂၤလာဆိုင္း ဟုရွိရာ ယခုေရာင္းခ်မွာက ေလးျပားမဂၤလာဆိုင္း အမ်ိဳးအစားျဖစ္ပါတယ္။ ဆိုင္းဆရာ ထက္အာကာက “ကြၽန္ေတာ့ ဆိုင္းဟာ ကြၽန္ေတာ့္ရဲ႕ ႏိုင္ငံတကာခရီးစဥ္မ်ားစြာ နဲ႔ ေတးသီခ်င္းမ်ား၊ လူသိခဲ့တဲ့ Project မ်ားစြာမွာ တီးခတ္ခဲ့တဲ့ သံေယာဇဥ္ျဖစ္ရတဲ့ အမွတ္တရမ်ားစြာနဲ႔ ဒီဆိုင္းကို လိုအပ္ခ်က္အရ ေရာင္းပါရ‌ေစခင္ဗ်ာ။ ဒီကာလမွာ လူတိုင္းခက္ခဲေနၾကတဲ့ အထဲ ကြၽန္ေတာ္လည္း အပါအဝင္မို႔ မတင္ခ်င္ဘဲ တင္လိုက္ရပါတယ္။” လိုေျပာထားပါတယ္။ ဒါ့အျပင္ ပတၱျမားေကခိုင္ ကလည္း “႐ြာစား တစ္ေယာက္ သူ႔ဆိုင္းဝိုင္းကို
ေရာင္းဖို႔ ဆုံးျဖတ္ရတာဟာ
သူ႔အသည္းႏွလုံးကို ထုတ္ေပးလိုက္ရတာပါပဲ” ဟု ျပန္လည္မွ်ေဝေဖာ္ျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here