69th Miss Universe ပြိုင်ပွဲကြီးမှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်

0
409

Unicode

69th Miss Universe 2020 ပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် သူဇာဝင့်လွင်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

သူဇာဝင့်လွင်ဟာ အဆိုတော်၊ သရုပ်ဆောင် မေရဲ့ ညီမ အရင်းဖြစ်ပြီးတော့ ဒီပြိုင်ပွဲဟာ သူမရဲ့ ပထမဦးဆုံး အလှမယ်ပြိုင်ပွဲဖြစ်ပါတယ်။

ပြိုင်ပွဲကာလ အတွင်း မှာလည်း သူမရဲ့ ခရီးဆောင်အိတ်ပျောက်ဆုံးမှု၊ National Costume အချိန်မီရောက်မလာမှု စတဲ့ အခက်အခဲပေါင်း များစွာကြားမှ ယှဉ်ပြိုင်ခဲ့ ရတာဖြစ်ပါတယ်။

အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုမှာတော့ သူမစီစဉ်ထားတဲ့ ‘သူငယ်တော်ရဲ့ ယုံကြည်ရာ ပစ်တိုင်းထောင်’ ဝတ်စုံကို ဝတ်ဆင်ခွင့် မရခဲ့တဲ့အတွက် ချင်းတိုင်းရင်းသား ဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး ‘Pray For Myanmar’ ဆိုတဲ့စာတန်းကို ကိုင်ဆောင်ကာ ယှဉ်ပြိုင်ခဲ့ရာ အကောင်းဆုံး ဝတ်စုံ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Best In National Costume ဆုကို ၂၀၁၆ ခုနှစ်က ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း ကလည်း ရရှိခဲ့ဖူးပြီး ဒီဆုကို သူဇာဝင့်လွင် က မြန်မာနိုင်ငံ အတွက် ဒုတိယအကြိမ်မြောက် သိမ်းပိုက် ဆွတ်ခူးပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူဇာဝင့်လွင်က Miss Universe ပြိုင်ပွဲကြီးမှာ Top 21 နေရာအထိ လည်း တက်လှမ်းနိုင်ခဲ့ပြီး သူမဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး placement ကို ရယူပေးနိုင်တဲ့ ပထမဦးဆုံး အလှမယ်ဖြစ်လာခဲ့ပါတယ်။

Zaw Gyi

69th Miss Universe ၿပိဳင္ပြဲႀကီးမွာ အေကာင္းဆုံး ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ သူဇာဝင့္လြင္

69th Miss Universe 2020 ၿပိဳင္ပြဲႀကီးကို အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါမွာ က်င္းပျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ အလွမယ္ သူဇာဝင့္လြင္က ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။
သူဇာဝင့္လြင္ဟာ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ေမရဲ႕ ညီမ အရင္းျဖစ္ၿပီးေတာ့ ဒီၿပိဳင္ပြဲဟာ သူမရဲ႕ ပထမဦးဆုံး အလွမယ္ၿပိဳင္ပြဲျဖစ္ပါတယ္။

ၿပိဳင္ပြဲကာလ အတြင္း မွာလည္း သူမရဲ႕ ခရီးေဆာင္အိတ္ေပ်ာ္ဆုံးမႈ၊ National Costume အခ်ိန္မီေရာက္မလာမႈ စတဲ့ အခက္အခဲေပါင္း မ်ားစြာၾကားမွ ယွဥ္ၿပိဳင္ခဲ့ ရတာျဖစ္ပါတယ္။
အမ်ိဳးသားဝတ္စုံ(National Costume) ယွဥ္ၿပိဳင္မႈမွာေတာ့ သူမစီစဥ္ထားတဲ့ ‘သူငယ္ေတာ္ရဲ႕ ယုံၾကည္ရာပစ္တိုင္းေထာင္’ ဝတ္စုံကို ဝတ္ဆင္ခြင့္ မရခဲ့တဲ့အတြက္ ခ်င္းတိုင္းရင္းသား ဝတ္စုံကိုဝတ္ဆင္ခဲ့ၿပီး ‘Pray For Myanmar’ ဆိုတဲ့စာတန္းကို ကိုင္ေဆာင္ကာ ယွဥ္ၿပိဳင္ခဲ့ရာ အေကာင္းဆုံးဝတ္စုံ အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
Best In National Costume ဆုကို ၂၀၁၆ ခုႏွစ္က ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ ထက္ထက္ထြန္း ကလည္း ရရွိခဲ့ဖူးၿပီး ဒီဆုကို သူဇာဝင့္လြင္ က ျမန္မာႏိုင္ငံ အတြက္ ဒုတိယအႀကိမ္ေျမာက္ သိမ္းပိုက္ ဆြတ္ခူးေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ သူဇာဝင့္လြင္က Miss Universe ၿပိဳင္ပြဲႀကီးမွာ Top 21 ေနရာအထိ လည္း တက္လွမ္းႏိုင္ခဲ့ၿပီး သူမဟာ ျမန္မာႏိုင္ငံရဲ႕ အျမင့္ဆုံး placement ကို ရယူေပးႏိုင္တဲ့ ပထမဦးဆုံး အလွမယ္ျဖစ္လာခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here