“မြိုမတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြိုမ တူရိယာအသင်း-မန္တလေး မှ နှုတ်ထွက်ခဲ့”

0
137

Unicode

မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာ အသင်း-မန္တလေး မှ နှုတ်ထွက်ကြောင်း သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာ တွင် ရေးသားဖော်ပြထားပါတယ်။

“အသက် ၉ နှစ်သား ၂၀၀၂ ခုနှစ်မှာ ငွေငန်းကို စသိခွင့်ရခဲ့တယ်။ အဖေ့ရဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ငွေငန်းကြီး သွားရာ ကို လိုက်ကြည့်ခဲ့ဖူးတယ်။ စိတ်ထဲမှာ နက်နက်ရှိင်းရှိင်းနဲ့ ငွေငန်း၊ မြို့မ အသင်းကြီးနဲ့ ကိုယ်နဲ့ ရင်းနှီးနေတယ်လို့ ခံစားရတယ်။ နောက် နှစ်တိုင်း နှစ်တိုင်း
သင်္ကြန်ကာလရောက်ပြီ ဆို ငွေငန်းကားကြီးနောက်ကို လိုက်ကြည့်နေမိရောပါပဲ။ ဒါကတော့ ငယ်ဘဝ အမှတ်တရပေ့ါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနှစ်မှာ ရုံးက သူငယ်ချင်း တစ်ယောက်နဲ့ စကား ဆက်စပ်မိရင်း သူမရဲ့ မိခင်ကမြို့မ က နာယက တစ်ယောက်နဲ့ ရင်းနှီးတယ် ။ ဆိုချင်လား အသံစစ် ပြီး ၊ ပြောကြည့်ပေးမယ် ဆိုလို့ ဝမ်းသာအားရ ချိတ်ကြည့်ဖူးခဲ့သေးတယ်။ အဲ့အချိန် အသင်းတိုက် ရောက်သွားတေ့ာ
အတွင်းရေးမှူး တစ်ယောက်က လေမှုတ်တူရိယာ တစ်မျိုး စသင်ပေးရော။ မကြာလိုက်ပါဘူး ။မလာနဲ့တော့ ဆိုပြီး ဝေးသွားရပြန်ရော။ တစ်ခါ ၂၀၁၆ ခုနှစ်မှာ မြို့မ မှာ
တေးသံရှင် အသစ်တွေခေါ်ဖို့ ပြိုင်ပွဲရှိလာရော။
သတင်းရရချင်းပဲ ဖောင်ဝယ်ပြီး တစ်ခါတည်း တင်လိုက်တယ်။ အကဲဖြတ်တဲ့ အထဲမှာ မြို့မငြိမ်းရဲ့သား ဖြစ်တဲ့ ဦးရွှန်းမြိုင် လည်း ပါခဲ့တယ်။ ပြိုင်ရတာကတော့ မြန်မာသံ ၊ ဗိုလ်သံ၊ သင်္ကြန်အစုံ။ အယောက်ပေါင်း များစွာထဲကနေ
တဆင့်ချင်း ပါပါသွားရော၊ နောက်ဆုံး နှစ်ယောက်ပဲ ရွေးတဲ့အထဲ ပါဝင်ပြီး မြို့မရဲ့ တေးသံရှင် တစ်ဦးဖြစ်လာခဲ့တယ်။ မြန်မာသံတေးသံရှင် တစ်ဦးအနေနဲ့ မြို့မ မှာ သီဆိုရင်း မြန်မာသံတွေကို ပိုတန်ဖိုးထား ထား တတ်လာတယ်။
အပေါ်က စာတွေက ကျွန်တော့် စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြခဲ့သလဲ ဆိုတာကို သိစေချင်လို့ပါ။ သက်တမ်းကြာရှည် ဂီတအနှစ်သာရ ပြည့်ဝတဲ့ မြို့မမှာ ဆိုရတဲ့ မြို့မတေးသံရှင် ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူး။ ဂုဏ်ယူတယ်။
သင်္ကြန်ပွဲ၊ မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘုရားပွဲတွေ၊ ကထိန်ပွဲ၊
နိုင်ငံ့ဂုဏ်ဆောင်ပွဲတွေ အများကြီး ဆိုခဲ့ရတယ်။
မြို့မတေးသံရှင် ဆိုတဲ့ အရာလေးကို တန်ဖိုးထား မြတ်နိူးလွန်းလို့ တခြားသော တီးဝိုင်းတွေ၊ ပွဲတွေ၊ ပြိုင်ပွဲတွေမှာတောင် ဝင်ရောက် မပြိုင်တော့ဘူး၊ မဆိုတော့ဘူး။
တချို ကိုယ့်ကို လာကမ်းလှမ်းတဲ့ အရာတွေတောင်
စိတ်မဝင်စားခဲ့ဘူး။ မပတ်သတ်ခဲ့ဘူး။ လတ်တလော ကြုံတွေ့နေရတဲ့ မြို့မရဲ့ အခြေအနေတွေကြောင့် စိတ်တွေ အရမ်း ထိခိုက်ရတယ်။ ဝမ်းနည်းရတယ်။ မြို့မကို ချစ်တယ်။ ငွေငန်းကိုလည်း ချစ်တယ်။ တစ်ခု သိစေချင်တာက ငွေငန်းကြီးက သက်မဲ့ဖြစ်တယ်။ ရပ်တည်မှု မတူညီတော့တဲ့ အခါမှာ ခွဲခွာဖို့ဆိုတာ ဖြစ်လာတယ်။
မြိုမအပျော်တမ်း တူရိယာ အသင်းကြီးကို လက်ရှိ ဦးဆောင်နေသော အသင်းလူကြီး များအောက်တွင် ဆက်လက် သီဆိုခြင်း မရှိတော့ပါသောကြောင့် ကျွန်တော် တေးသံရှင် အောင်ကျော်ဟိန်း သည် ယနေ့မှစ၍ မြို့မ အပျော်တမ်းတူရိယာ အသင်းကြီး၏တေးသံရှင် တစ်ဦး အဖြစ်မှ နှုတ်ထွက်ပါသည်” လို့ ရေးသားထားပါတယ်။

Zaw Gyi

“ၿမိဳမေတးဂီတ ရဲ႕ ပင္တိုင္ေတးသံရွင္ ေအာင္ေက်ာ္ဟိန္း ၿမိဳမ တူရိယာအသင္း-မႏၲေလး မွ ႏႈတ္ထြက္ခဲ့”

ၿမိဳ႔မေတးဂီတရဲ႕ ပင္တိုင္ေတးသံရွင္ ေအာင္ေက်ာ္ဟိန္း ၿမိဳ႔မတူရိယာအသင္း-မႏၲေလး မွ ႏႈတ္ထြက္ေၾကာင္း သူ႔ရဲ႕ ေဖ့ဘုတ္စ္ စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားပါတယ္။

“အသက္ ၉ ႏွစ္သား ၂၀၀၂ ခုႏွစ္မွာ ေငြငန္းကို စသိခြင့္ရခဲ့တယ္။ အေဖ့ရဲ႕ စက္ဘီးေနာက္က ထိုင္လိုက္ၿပီး ေငြငန္းႀကီး သြားရာ ကို လိုက္ၾကည့္ခဲ့ဖူးတယ္။ စိတ္ထဲမွာ နက္နက္ရွိင္းရွိင္းနဲ႔ ေငြငန္း၊ ၿမိဳ႔မ အသင္းႀကီးနဲ႔ ကိုယ္နဲ႔ ရင္းႏွီးေနတယ္လို႔ ခံစားရတယ္။ ေနာက္ ႏွစ္တိုင္း ႏွစ္တိုင္း
သၾကၤန္ကာလေရာက္ၿပီ ဆို ေငြငန္းကားႀကီးေနာက္ကို လိုက္ၾကည့္ေနမိေရာပါပဲ။ ဒါကေတာ့ ငယ္ဘဝ အမွတ္တရေပ့ါ။ မွတ္မွတ္ရရ ၂၀၁၄ ခုႏွစ္မွာ ႐ုံးက သူငယ္ခ်င္း တစ္ေယာက္နဲ႔ စကား ဆက္စပ္မိရင္း သူမရဲ႕ မိခင္ကၿမိဳ႔မ က နာယက တစ္ေယာက္နဲ႔ ရင္းႏွီးတယ္ ။ ဆိုခ်င္လား အသံစစ္ ၿပီး ၊ ေျပာၾကည့္ေပးမယ္ ဆိုလို႔ ဝမ္းသာအားရ ခ်ိတ္ၾကည့္ဖူးခဲ့ေသးတယ္။ အဲ့အခ်ိန္ အသင္းတိုက္ ေရာက္သြားေတ့ာ
အတြင္းေရးမႉး တစ္ေယာက္က ေလမႈတ္တူရိယာ တစ္မ်ိဳး စသင္ေပးေရာ။ မၾကာလိုက္ပါဘူး ။မလာနဲ႔ေတာ့ ဆိုၿပီး ေဝးသြားရျပန္ေရာ။ တစ္ခါ ၂၀၁၆ ခုႏွစ္မွာ ၿမိဳ႔မ မွာ
ေတးသံရွင္ အသစ္ေတြေခၚဖို႔ ၿပိဳင္ပြဲရွိလာေရာ။
သတင္းရရခ်င္းပဲ ေဖာင္ဝယ္ၿပီး တစ္ခါတည္း တင္လိုက္တယ္။ အကဲျဖတ္တဲ့ အထဲမွာ ၿမိဳ႔မၿငိမ္းရဲ႕သား ျဖစ္တဲ့ ဦး႐ႊန္းၿမိဳင္ လည္း ပါခဲ့တယ္။ ၿပိဳင္ရတာကေတာ့ ျမန္မာသံ ၊ ဗိုလ္သံ၊ သၾကၤန္အစုံ။ အေယာက္ေပါင္း မ်ားစြာထဲကေန
တဆင့္ခ်င္း ပါပါသြားေရာ၊ ေနာက္ဆုံး ႏွစ္ေယာက္ပဲ ေ႐ြးတဲ့အထဲ ပါဝင္ၿပီး ၿမိဳ႔မရဲ႕ ေတးသံရွင္ တစ္ဦးျဖစ္လာခဲ့တယ္။ ျမန္မာသံေတးသံရွင္ တစ္ဦးအေနနဲ႔ ၿမိဳ႔မ မွာ သီဆိုရင္း ျမန္မာသံေတြကို ပိုတန္ဖိုးထား ထား တတ္လာတယ္။
အေပၚက စာေတြက ကြၽန္ေတာ့္ စိတ္ဆႏၵ ဘယ္ေလာက္ျပင္းျပခဲ့သလဲ ဆိုတာကို သိေစခ်င္လို႔ပါ။ သက္တမ္းၾကာရွည္ ဂီတအႏွစ္သာရ ျပည့္ဝတဲ့ ၿမိဳ႔မမွာ ဆိုရတဲ့ ၿမိဳ႔မေတးသံရွင္ ဆိုတဲ့ ခံစားခ်က္က ဘာနဲ႔မွ လဲလို႔ မရဘူး။ ဂုဏ္ယူတယ္။
သၾကၤန္ပြဲ၊ မဂၤလာပြဲ၊ အလႉပြဲ၊ ဘုရားပြဲေတြ၊ ကထိန္ပြဲ၊
ႏိုင္ငံ႔ဂုဏ္ေဆာင္္ပြဲေတြ အမ်ားႀကီး ဆိုခဲ့ရတယ္။
ၿမိဳ႔မေတးသံရွင္ ဆိုတဲ့ အရာေလးကို တန္ဖိုးထား ျမတ္ႏိူးလြန္းလို႔ တျခားေသာ တီးဝိုင္းေတြ၊ ပြဲေတြ၊ ၿပိဳင္ပြဲေတြမွာေတာင္ ဝင္ေရာက္ မၿပိဳင္ေတာ့ဘူး၊ မဆိုေတာ့ဘူး။
တခ်ိဳ ကိုယ့္ကို လာကမ္းလွမ္းတဲ့ အရာေတြေတာင္
စိတ္မဝင္စားခဲ့ဘူး။ မပတ္သတ္ခဲ့ဘူး။ လတ္တေလာ ႀကဳံေတြ႕ေနရတဲ့ ၿမိဳ႔မရဲ႕ အေျခအေနေတြေၾကာင့္ စိတ္ေတြ အရမ္း ထိခိုက္ရတယ္။ ဝမ္းနည္းရတယ္။ ၿမိဳ႔မကို ခ်စ္တယ္။ ေငြငန္းကိုလည္း ခ်စ္တယ္။ တစ္ခု သိေစခ်င္တာက ေငြငန္းႀကီးက သက္မဲ့ျဖစ္တယ္။ ရပ္တည္မႈ မတူညီေတာ့တဲ့ အခါမွာ ခြဲခြာဖို႔ဆိုတာ ျဖစ္လာတယ္။
ၿမိဳမအေပ်ာ္တမ္း တူရိယာ အသင္းႀကီးကို လက္ရွိ ဦးေဆာင္ေနေသာ အသင္းလူႀကီး မ်ားေအာက္တြင္ ဆက္လက္ သီဆိုျခင္း မရွိေတာ့ပါေသာေၾကာင့္ ကြၽန္ေတာ္ ေတးသံရွင္ ေအာင္ေက်ာ္ဟိန္း သည္ ယေန႔မွစ၍ ၿမိဳ႔မ အေပ်ာ္တမ္းတူရိယာ အသင္းႀကီး၏ေတးသံရွင္ တစ္ဦး အျဖစ္မွ ႏႈတ္ထြက္ပါသည္” လို႔ ေရးသားထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here