၃ နှစ်သားကလေးငယ်က သူ့ညီမ ၂နှစ်သမီးအား သေနတ်နှင့် မတော်တဆပစ်မိသဖြင့် ဒဏ်ရာပြင်းစွာရ

0
204
ဖလော်ရီဒါ၊ မေ ၂၃
မိတ်ဆွေများတွေ့ဆုံရာဆီသို့ လူတစ်ယောက် ယူလာသော လိုင်စင်မဲ့သေနတ် တစ်လက်ကို ဆော့ကစားမိရမှ ၂နှစ်သမီး ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရကာ ဆေးရုံတင်ကုသထားရကြောင်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ တာဝန်ရှိသူတို့က စနေနေ့ကပြောကြားသည်။
၂နှစ်သမီးကလေးငယ်မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေမဟုတ်သော်လည်း ခွဲစိပ်ခန်းထဲတွင် ကုသမှုခံယူနေရကြောင်း ပြည်နယ်ရဲမှူး ဂရက်ဒီဂျဒ်က ဆိုသည်။
ဖလော်ရီဒါပြည်နယ် လိပ်လန်းမြို့တွင် သောကြာနေ့ညက အမျိုးသား ၃ ဦးတွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် အသက် ၂၃ နှစ်အရွယ် ကီဗွန်တီ ဝီလ်ဆန်ဆိုသူက လိုင်စင်မဲ့ Hi-Point CF-380 သေနတ်တစ်လက်ကို ယူလာခဲ့ပြီး၊ ကလေးများဆော့ကစားရာ ဆိုဖာကူရှင်အောက်တွင် ဝှက်ထားခဲ့ပြီး ကလေးများကို အိမ်တွင်ထားခဲ့ကာ အခြားသူများနှင့်အတူ ဘတ်စကက်ဘောကစားပွဲတစ်ပွဲသို့ သွားရောက်ကြည့်နေခဲ့သည်။ ထိုစဉ် အသက် ၃ နှစ်အရွယ်သားအရွယ် ကလေးငယ်က သေနတ်ကို ဆော့ကစားမိရင်း မတော်တဆ မောင်းဖြုတ်မိကာ သူ၏ ညီမဖြစ်သူ အသက် ၂နှစ်အရွယ်ကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သေနတ်ထိမှန်သည့် ကလေးငယ်အား ဆေးရုံသို့ ချက်ခြင်းတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း ရဲမှူးကပြောသည်။
အိမ်ရှင်ဖြစ်သူ အသက် ၂၄ နှစ် အရွယ်ရှိ ချတ်ဘာရီယန်ကို ဆေးခြောက်များ လက်ဝယ်ထားရှိမှု၊ ဆက်စပ်ပစ္စည်းများလက်ဝယ်ထားရှိမှုနှင့် မူးယစ်ဆေးများ သုံးစွဲရန် စီစဉ်ထားမှုတို့ဖြင့် အရေးယူထားကြောင်း သိရသည်။ လိုင်စင်မဲ့သေနတ် ကိုင်ဆောင်သူ ကီဗွန်တီ ဝီလ်ဆန် ကိုလည်း အရေးယူထားကြောင်း ပြည်နယ်ရဲမှူးကပြောသည်။
 Ref: 3-year-old accidentally shoots 2-year-old sister in Florida
ပုံစာ – ချတ်ဘာရီယန်(ဝဲ)နှင့် ကီဗွန်တီဝီလ်ဆန်တို့၏ ဓာတ်ပုံများကို ပြည်နယ်ရဲမှူးက သတင်းစာရှင်းလင်းပွဲတွင် ပြသနေစဉ်။ (Photo: CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here