ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ အပါအဝင် ဆရာ/ဆရာမ ၃ဝဝကျော် အလုပ်မှ ထုတ်ပယ်ခံရ

0
268

ရန်ကုန်၊ မေ ၂၆

CDM လှုပ်ရှားမှုတွင် ပါဝင်သော ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခ ၅ဝကျော် အပါအဝင် ဆရာ/ဆရာမ စုစုပေါင်း အယောက် ၃ဝဝကျော် ရာထူးမှ ထုတ်ပယ်ခံ လိုက်ရသည်ဟု ယင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရသိရသည်။

ယခုလ ၂ဝရက်နေ့က ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲအစည်းအဝေး ၁/၂၀၂၁ ၏ ဆုံးဖြတ်ချက်အရဟု တက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲကဆိုထားကာ ရာထူးမှ  ထုတ်ပယ်ခံလိုက်ရသည့် ဆရာဆရာမဦးရေ ၃၃၈ဦး ရှိကြောင်းသိရသည်။

ယင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲက အဆိုပါ ဆရာ/ဆရာမများသည် ခွင့်မဲ့ပျက်ကွက်ခြင်း၊ အမိန့် ညွန်ကြားချက် များလိုက်နာရန်ပျက်ကွက်ခြင်းတို့ကြောင့်ဟု ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှ CDM ဆရာ ဆရာမ ၃၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန် ခဲ့ပြီးနောက် ယခု မေလ ၂၀ ရက်နေ့တွင် ရာထူးမှထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here