မူကြိုကျောင်းများဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြထားပြီး ခွင့်ပြုချက်ရပါက အခြေခံပညာကျောင်းများဖွင့်လှစ်ပြီးလျှင် ဖွင့်လှစ်နိုင်မည်

0
240
နေပြည်တော် မေ ၂၆
နိုင်ငံတစ်ဝန်းရှိ မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားပြီး ခွင့်ပြုချက် ရရှိပါက အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးလျှင်ဖွင့်သွားနိုင်မည်ဟုလူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အခြေခံပညာကျောင်းများကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ပြီး မူကြိုအရွယ်ကလေးငယ် များအတွက်လည်း လူမှု ဝန်ထမ်း ဦးစီးဌာနအောက်ရှိ မူကြိုများနှင့် ကိုယ့်အားကိုယ်ကိုး မူကြို များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် စီမံချက် များရေးဆွဲကာ သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ရာ ခွင့်ပြုချက်ရရှိ၍ ဖွင့်လှစ်ရမည်ဆိုပါကလည်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးလျှင်ဖွင့်လှစ်သွားပေးမည်ဖြစ်သည်။
” မူကြိုတွေပြန်ဖွင့်ဖို့ လိုအပ်တဲ့ စီမံချက်တွေရေးဆွဲပြီးတော့ သက်ဆိုင်ရာကို တင်ပြထားပါတယိ။ ဒီလထဲမှာပဲတင်ပြထားတာပါ။ အပေါ်က ခွင့်ပြုချက်ရမှ ဖွင့်နိုင်မှာပါ။ တစ်ကယ်လို့ဖွင့်ခွင့်ရတယ်ဆိုရင်လဲ အခြေခံကျောင်းတွေ ဖွငိ့ပြီးတဲ့နောက်ပိုင်းမှပဲ ဖွင့်လှစ်သွားနိုင်မှာပါ။ အဲ့လ်ု ဖွင့် ခွင့်ရပြီဆိုရင်တော့ ကိုယ့်အားကိုယ်ကိုး မူကြိုတွေကိုလည်း ကြိုတင်အကြောင်း ကြားပေးသွားမှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ အစိုးရမူကြိုကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းပေါင်း (၁၀၀၀) ကျော်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here